Mammogram BI-RADS မင်မိုဂရမ်အဖြေ နှင့် ခွဲစိတ်ခန်းမှာ ကခုန်ခြင်း

ဟုတ်ကဲ့ဆရာရှင့် ရင်သားအကျိတ်နဲ့ သိချင်လို့ပါဆရာရှင့် mammogram လည်း ရိုက်ထားပါတယ်ဆရာ

ဖြစ်တဲ့သူ အသက် အိမ်ထောင်ရေး ရာသီ ကိုယ်ဝန် ကလေး မပြောလိုပါက ဘလော့မှာသာ ဖတ်ပါရန်။ မေးနည်းပို့လိုက်တယ်။

ဟုတ်ကဲ့ အသက်က 24 ပါရှင့် အပျိုပါရှင့် မိန်းကလေးပါရှင့်

ရင်သားကင်ဆာ လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Memogram နှစ်စဉ်ရိုက်ပါ။
ရင်သားကင်ဆာ လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဆေးစာပါ BI-RADS score ဆိုတာ Breast Imaging Reporting and Database System score ရင်သားစစ်ဆေးခြင်းစံနစ်ကို ခေါ်တယ်။ American College of Radiology ကနေတီထွင်ထားတာဖြစ်တယ်။ Magnetic Resonance Imaging (MRI) နဲ့ breast ultrasound စစ်ဆေးနည်းတွေကိုအသုံးပြုတယ်။

Category 0 = စစ်ဆေးခြင်းမပြည့်စုံ

Category 1 = ကင်ဆာမရှိ၊ သိပ်သည်းမှု ပုံမှန်။

Category 2 = ပုံမှန်။ ကင်ဆာမရတွေ့။ တချို့ကို ပုံမှန်ပြန်စစ်ဘို့ အကြံပြုမယ်။ မေးခွန်းပါလူနာအဖြေ။

Category 3 = ပုံမှန်ဖြစ်နိုင်။ ၂% တော့ ကင်ဆာအလားအလာရှိ။ ၆ လတကြိမ် ထပ်စစ်ပါ။

Category 4 = ပုံမှန်မဟုတ်တာတွေ့ရှိ။ ၂၀% ကနေ ၃၄% ကင်ဆာဖြစ်လမ်းရှိ။ ဘိုအော့ပစီလုပ်မယ်။ 4A အေ၊ 4B ဘီနဲ့ 4C စီလို့ထပ်ခွဲသေးတယ်။

Category 5 = ကင်ဆာသံသယရှိ။ ၉၅% ကင်ဆာဖြစ်နိုင်။ ဘိုအော့ပစီ သေချာပေါက်လုပ်ရမယ်။

Category 6 = ဘိုင်အော့်ပစီလည်းစစ်ပြီး၊ ရင်သားကင်ဆာ

ကနေ့မေးသူ Category 3 = ပုံမှန်ဖြစ်နိုင်။ ၂% တော့ ကင်ဆာအလားအလာရှိ။ ၆ လတကြိမ် ထပ်စစ်ပါ။

ခွဲကမှာလားရှင့်

ဖြေထားပြီး။ ဖတ် မဖတ် မသိ။ ခွဲကဆိုတာဘာလဲ မသိ။

ခွဲပါလို့ပြောလို့ပါရှင့် ပြည်ပလည်းအလုပ်လုပ်ဖို့သွားကမှာဖြစ်လို့ပါရှင့် ကြောက်လည်းကြောက်လို့ပါရှင့်

အဲတာဆို ခွဲရလို့ရေးရတယ်။ ခွဲကဆိုရင် ခွဲနေတုန်း ကနေသလိုဖြစ်သွားမယ်။

ခွဲထုတ်မယ်လို့ ပြောလို့ပါရှင့် ဖတ်ပြီးပါရှင့်

ဒေါက်တာတင့်ဆွေ
၂၀-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး