ဘယ်ဟာ ကြိုက်သလဲ


အခုတော့ နေသာ။ လေလည်း လာတယ်။ စောစောကတော့ ရွာတော့မလို။ မနေ့ကတော့ ဈေးတခေါက်သွားတာ တပေါက်နှစ်ပေါက် ရွာတယ်။ အပင်လေးတွေ လက်တဆစ်နှစ်ဆစ် တက်လာကြပြီ။

တနေ့က ခွေးတောက်ပင်ပေါက်ရောင်းတဲ့ဆိုင် တခေါက်ရောက်တော့ ဈေးဝယ်ဖေါ်တွေနဲ့ စကားပြောရသတဲ့။

ခွေးတောက်ပင်က ယုယလိုက်ရတာ။

ဟုတ်ပါ့တော်။ အတော်ကို ဂရုစိုက်ရတာ တဲ့။

ဆိုင်ရှင်ကမရှိ။ ကူညီဈေးရာင်းသူက ပြန်ပြောတယ်။ ဝယ်စားလိုက်တာ အေးတာပဲတဲ့။

တတိယဈေးဝယ်က စောစောက အဲလိုပြောပါလားတဲ့။ သည်လိုမှန်းသိ အပင်ပေါက် မဝယ်ပါဘူးတဲ့။

အကြိုက်ဆိုတာ မတူကြပါ။ ရာသီဥတုလိုပဲ။ မိုးနဲ့ နေ။ လေလည်းပါသေးတာ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၁၉

Comments