အာစရိယဘုန်းတော်ကြီး

မနှစ်က မြန်မာပြည်ကိုအလည်ပြန်တော့ မန္တလေးမှာသီတင်းသုံးတဲ့ ဦးလေးအရင်းဆီ ၃ ကြိမ်ရောက်ပါတယ်။ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော်တွေထဲက တပါးဖြစ်ပါတယ်။ မပြန်ခင်နှုတ်ဆက်တော့ ဦးလေးဘုန်းကြီးက မိန့်မှာတယ်။ မောင်တင့်ဆွေ ကျန်းမာရေးက ပဌမ။ ကျန်တာတွေက နောက်က တဲ့။

ဇာတိရွာက ဘုန်းကြီးတပါးကတော့ မင်းရွာက ဘုရား၊ စာသင်ကျောင်း၊ နေအိမ်တွေနဲ့ စိုက်ခင်းပုံတွေပို့ပေးလေ့ရှိတယ်။

မနေ့က ဖရင်းစာရင်းထဲက ဦးဇင်းတပါးက စာရေးတယ်။ ဦးဇင်းတို့ ဆရာတော်ဘုရားက ၁။ နိုင်ငံရေး မလုပ်ရ။ ၂။ စီးပွားရေး မလုပ်ရ။ ၃။ လူမှုရေး မရှုပ်ထွေးစေရ။ တိတိကျကျ သတ်မှတ်ပေးထားလို့ ရှယ်ချင်တာလေးတွေတောင် အောင့်အည်းနေရတယ် ဆရာ။

တင်ပါ့။ ကိုယ့်ဆရာစကားနာထောင်တာ အလွန်ကောင်းတယ်။ တပည့်တော်လည်း ကိုယ့်ဆရာဆရာမတွေက သင်ပေးလိုက်တဲ့ သတ်ပုံကို မပြင်ပါဘုရား။

ကျွန်တော် ကျန်းမာရေးနဲ့ ကိုယ့်ဆရာတွေ သင်ပေးထားတာကို ရေးပါတယ်။ နိုင်ငံရေးတော့ နည်းနည်းလေးသာရေးတယ်။

ပုံများ -
မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပခန်းကျောင်း ခေါ် မဟာအတုလကာရီ ဆင်မင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသရဲ့ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ

၂၆-၅-၂ဝ၁၈ နေ့က မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပခန်းကျောင်း ခေါ် မဟာအတုလကာရီ ဆင်မင်းကျောင်းမှာ ဆွမ်းကျွေး ရေစက်ချစဉ်က

ဒေါက်တာတင့်ဆွေ
၁၇-၆-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး