လမ်းဘေး

လမ်းဘေးကအပင် မြင်တာနဲ့မသိ။ သွားကိုင်ကြည့်လည်း မသိ။ ရုက္ခဗေဒကို အခြေခံလောက်သာသင်ဘူးခဲ့လို့ အပွင့်အပင် မြင်တာ စမ်းတာနဲ့မသိ။ ဘယ်ပညာ ဘာသုတမဆို အဲလိုပဲရှိ။

ဖေ့စ်ဘွတ်ပေါ်မှာတော့ များပါဘိ ပညာရှိ။ တန်းသိ။ ကောင်း၏ ဆိုး၏။

ရောဂါ ဘာလာလာ ဆေးနည်းအတိ။ တော်ပါပေ၏။ မြန်မာပြည်ကလမ်းဘေးမှာ ဆေးဆရာပင်တွေ ပေါက်ကြ၏။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး