Honesty and Cruelty ရိုးသားမှုနဲ့ ကြမ်းကြုတ်မှု


၁၉၈၀ မတိုင်မီက မြို့သာမှာ တိုက်နယ်ဆရာဝန်တာဝန်ကျနေစဉ်က အဖြစ်အပျက်လေးတခု။

ဆေးဝယ်ရင် မန္တလေးသွားသွားဝယ်ရလို့ တလ တခေါက်လောက်ရောက်တယ်။ တခေါက်မှာ မန္တလေးကနေပြန်အလာ တံတားဦးအနောက်ဖက်နားက ရေကမိုးရွာလေးမှာ နားတော့ ကျွန်တော့်ဂျာကင်အင်္ကျီမေ့ကျန်ခဲ့တယ်။ လမ်းတဝက်ရောက်မှ သတိရတယ်။ စီးလာတဲ့ကားပိုင်ရှင် နွားထိုးကြီးနယ်၊ ဆူးဖြူကုန်းရွာက ကိုကျော်ရှိန်ကနေ ခရီးသယ်တွေကိုချထားခဲ့ပြီး ရေကမိုးကိုပြန်မောင်းပို့ပေးတယ်။

ကျွန်တော်တို့ရောက်တော့ ဆိုင်ပိုင်ရှင်က အများရှေ့မှာ ကျွန်တော့်ဂျာကင်ထဲက ရွှေတိုငွေစတွေကို စာရင်းလုပ်နေတယ်။ အားလုံးကိုပြန်ပေးတယ်။ ကျွန်တော်က ဂျစ်ကားဟောင်းလေးတစီးလောက် ဝယ်နိုင်အောင် ငွေစုနေချိန်ကဖြစ်ပါတယ်။

နောက်နှစ်တွေကြာတော့ ဆိုင်ရှင် ဦးသွဲ့ + ဒေါ်အောင်ကြည်တို့ အိန္ဒိယကိုဘုရားဖူးလာကြတဲ့ သတင်းရတယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးကို ကြောက်ကြရတဲ့ကာလဖြစ်လို့ ကျွန်တော့်တို့ဆီကို တိုက်ရိုက်အဆက်အသွယ်မလုပ်ရဲကြ၊ အိမ်ကိုလည်း လာမလည်နိုင်ကြပါ။

စေတနာဖြူစင်သူတွေ အသက်ရှည်ချမ်းသာကြပါစေ။ လူအများကိုနှိပ်စက်သူတွေ ကျဆုံးပါစေ။

ထောက်လှမ်းရေးဆိုတာ စစ်အစိုးရ။ စစ်အစိုးရဆိုတာ ပြည်ခိုင်ဖြိုး။ ပြည်ခိုင်ဖြိုးတာ ဘုန်းကြီးအဖွဲ့တခုရဲ့ဆရာ၊ ဘုန်းကြီအဖွဲ့တခုတပည့်။ ဘုန်းကြီးအဖွဲ့တခု ဆိုတာ စစ်တပ်ရဲ့ ဆရာ၊ စစ်တပ်ရဲ့တပည့်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၅
၁၈-၆-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး