ကင်မရာနဲ့ ဈေးဝယ်ခြင်း

ဒီခေတ်မှာ အစစအရာရာ ပိုပြီးလွယ်ကူမြန်ဆန်လာတယ်။ မိတ်ဆွေရင်းတယောက် ကုန်စုံဆိုင်တခုကနေ ဖုန်းဆက်ပြီး အန်တီအေး ဆတ်ချိုနုတွေတဲ့။ ပုံပြစမ်းပါဦး၊ ဆတ်ချိုနုကို မသိတဲ့ ပြန်ဖြေတာကြားရတယ်။ ဟာ အဲတာမျှစ်စိမ်း။

မန်ကျည်းရွက်လည်းရှိတယ်တဲ့။ ဒီတခါ ပုံပါပြတယ်။ မန်ကျည်းရွက်နဲ့တော့ မတူဘူး။ ဆူးလေးတွေပါသလား။ ပါတယ် ပါတယ်တဲ့။ အဲတာ ကင်ပွန်းချဉ်ရွက်။

ဝယ်လာတာတွေ လာပို့တယ်။ ကပြာကယာမို့ မမေးလိုက်ရဘူး။ ကျောင်းမှာသင်ခဲ့တာ စိုက်ပျိုးရေးလား၊ ရုက္ခဗေဒလား မေးမလို့ဟာ။ သေချာတာကတော့ သူဗမာပြည်တုန်းက ကုန်စိမ်းမရောင်းခဲ့ဘူး။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး