ယနေ့နှင့် နက်ဖြန်

မနေ့က ကုတင်နဲ့ ခုတင်သတ်ပုံစာ ၂ ပုဒ်ရေးတယ်။ ဆေးရုံမှာ ကုတင်မရှိလို့ ခပ်ငေါ့ငေါ့ရေးတာကို တယောက်က လှူလိုက်ပါတဲ့။ နောက်တယောက်က ခုတင်ကမှန်တယ် သတ်ပုံကျမ်းကြည့်ပါတဲ့။

ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီ စောင်းနေခြင်းစာလည်း တဆက်တည်းမှာ တင်ထားတယ်။

သတ်ပုံစာအုပ်တွေက အများကြီး။ ဖွဲ့စည်းပုံစာအုပ်နဲ့ သတ်ပုံကျမ်း မတူ။ ဖွဲ့စည်းပုံတောင်မှာ သစ်တိုင်း ကောင်းတယ်လို့ ပြောမရ။ ပြင်ဆင်စရာဆိုတာ နေရာတိုင်းလိုလိုမှာ အမြဲလိုလို ရှိတယ်။

မနေ့ကပါပဲ ၂၀၁၈ - ၂၀၁၉ ဒသမတန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှ ပြင်ဆင်ချက်များစာလည်းတင်တယ်။ အရင်ထုတ်တာထဲက အမှားတွေကို ပြန်ပြင်တာ။ ပြင်တာလည်း လွဲနေတာတွေပါကြောင်း သေချာလေ့လာသူတဦး ရေးတာကို ကိုးကားပါတယ်။

သတ်ပုံကျမ်း အသစ်ထုတ်မယ်တဲ့။ ဆယ်တန်းမြန်မာစာ စာအုပ်ပြင်သလိုတော့ မဖြစ်ကောင်းပါရဲ့၊

ထောက်ပြရတာ အတော်အားနာရတယ်။ ဂွကျတယ်။ ကိုယ်သိတာကသာ မှန်တယ်။ ကိုယ့်လက်ထဲကဟာ အကောင်းဆုံး ထင်ကြသူတွေက များတယ်။ ကျွန်တော်လည်း အမြဲမပြတ် လေ့လာ သင်ယူနေရတယ်။ နက်ဖြန်ဆို ကနေ့ မသိသေးတာတချို့ သိကောင်း သိလာနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး