G6PD မွေးရာပါရောဂါ အမေး-အဖြေ

မင်္ဂလာပါဆရာ သားအငယ်လေးကို မွေးပြီးတာ အခု ၁၁ရက်သားလေးပါ မွေးတုန်းက အသားနဲနဲဝါလို့ စစ်ကြည့်တော့ G6PD deficiency လို့ပြောပါတယ် ၆လ/၁နှစ်နေလို့ ပြန်စစ်ကြည့်ရင် ပြည့်သွားတာမျိုးရှိလားသိချင်ပါတယ်ဆရာ

• ပဌမကလေးမှာ G6PD ရှိနေရင် နောက်မွေးလာမဲ့ကလေးမှာလဲ ဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ ပြောရပါမယ်။ မိဘတဦးဦးဆီကနေ ရလာတာဖြစ်လို့ပါ။
• G6PD deficiency ဆိုတာ X chromosome နဲ့ဆိုင်တယ်။ ယောက်ျားမှာ X chromosome တခုရှိပြီး။ မိန်းမမှာ (အိတ်က်စ် ခရိုမိုဇုန်း) ၂ ခု ရှိတယ်။
• မိန်းမရဲ့ (အိတ်က်စ် ခရိုမိုဇုန်း) မှာ ချို့ယွင်းချက်ရှိနေရင် သယ်ဆောင်ပေးသူဖြစ်နေမယ်။ ယောက်ျားမှာရှိနေရင် အခြေအနေလိုက်ဖြစ်စေမယ်။
• သားမှာ ရှိလာတာဟာ မိခင်ဆီကနေရလာတာဖြစ်ပြီး သမီးလေးမှာရှိနေတာက မိဘနှစ်ပါးလုံးဆီကနေ ရလာတာ ဖြစ်တယ်။
• သားဟာ မိခင်ဆီကနေ အခြေအနေအရ ရလာတာဖြစ်တယ်။
• ဖခင်ဆီကနေတော့ သူ့သမီဆီးကို အခြေအနေပေးဖြစ်စေပေမဲ့ သားဆီကို အခြေအနေအပေးမဖြစ်စေဘူး။
• မိခင်အကောင်း + ဖခင် ချို့ယွင်း = သမီး သယ်ဆောင်ပေးသူ နဲ့ သား ဘာမှမဖြစ်။
• မိခင် ချို့ယွင်း + ဖခင် ဘာမှမဖြစ် = သမီး သယ်ဆောင်ပေးသူ နဲ့ သား ချို့ယွင်းသူ။
• မိခင် ချို့ယွင်း + ဖခင် ချို့ယွင်း = သမီး ချို့ယွင်းသူ။ သား ချို့ယွင်းသူ။
• မိခင်သယ်ပေးသူ + ဖခင် ဘာမှမဖြစ်သူ = သမီး သယ်ပေးသူဖြစ်ဘို့ ၅ဝ%နဲ့ ချို့ယွင်းဘို့ ၅ဝ%။ သား မဖြစ်ဘို့ ၅ဝ% နဲ့ ဖြစ်ဘို့ ၅ဝ%။
• မိခင်သယ်ပေးသူ + ဖခင် ချို့ယွင်းသူ = သမီး သယ်ပေးသူဖြစ်ဘို့ ၅ဝ%နဲ့ ဖြစ်ဘို့ ၅ဝ%။ သား ဖြစ်ဘို့ ၅ဝ% နဲ့ မဖြစ်ဘို့ ၅ဝ%။

သူများနိုင်ငံတွေမှာ ဆေးပညာပညာပေးတွေကို (အင်တာနက်) ကနေလည်း အတော်အသုံးချပါတယ်။ ရောဂါတိုင်း လိုလိုအတွက် အသင်းအဖွဲ့တွေလုပ်ထားပြီး အသိပညာပေးမှုတွေ အတွေ့အကြုံဖလှယ်တာတွေ လုပ်ကြတယ်။ အတော်လည်း အကျိုးရှိတယ်။ ဒါပေမဲ့ ဂရုတွေကိုကြည့်ရတာ အဆီအငေါ်မတည့်တာတွေကများလွန်းနေတယ်။

Tolfenamic acid ဆေးကို ကိုယ်ပူတာ၊ နာတာအတွက်သုံးနိုင်ပါတယ်။ Paracetamol (ပါရာစီတမော) ကို တချို့ဆေးသုတေသနတွေက ဆေးအဆမများရင်သုံးနိုင်တယ်လို့ဆိုတယ်။ ကလေးတွေကိုယ်ပူရင် ရေအေးဝတ်တိုက်နည်းကိုသုံးသင့်ပါတယ်။

မွေးလာမယ့်ကလေးတွေမှာ G6PD ဘယ်နှစ်ယောက်ရနိုင်သလည်း
(က) ဖခင် (ဘာမှမရှိ) + မိခင် (G6PD သယ်ဆောင်သူ)
သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူဖြစ်မယ်။
သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါလာမယ်။
 (ခ) ဖခင် (G6PD ရှိသူ) + မိခင် (ဘာမှမရှိသူ)
သမီးအားလုံး G6PD (သယ်ဆောင်သူ)
သားအားလုံးမှာ ဘာမှမရှိ။
(ဂ) ဖခင် (G6PD ပါသူ) + မိခင် (G6PD သယ်ဆောင်သူ)
သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါလာမယ်။
သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူဖြစ်မယ်။
သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ရှိသူ။
သား ၂ ယောက်ထဲက ၁ ယောက်မှာ ဘာမှမရှိ။

(ဃ) ဖခင် (ဘာမှမရှိ) + မိခင် (G6PD ရှိသူ)
သမီးအားလုံး (G6PD သယ်ဆောင်သူ)
သားအားလုံး (G6PD ရှိသူ)

(င) ဖခင် (G6PD ရှိသူ)+ မိခင် (G6PD ရှိသူ)
သမီးအားလုံး (G6PD ရှိသူ)
သားအားလုံး (G6PD ရှိသူ)

1. G6PD မွေးရာပါရောဂါ http://doctortintswe.blogspot.com/2014/11/g6pd.html
2. G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး http://doctortintswe.blogspot.com/2015/05/g6pd-low-risk-drugs.html
3. G6PD and Blood groups နဲ့ သွေးအုပ်စု http://doctortintswe.blogspot.com/2015/06/g6pd-and-blood-groups.html
4. Chances of passing G6PD on to kids http://doctortintswe.blogspot.com/2015/06/chances-of-passing-g6pd-on-to-kids.html
5. G6PD Deficiency Support Group http://doctortintswe.blogspot.com/2015/06/g6pd-deficiency-support-group.html

ဒေါက်တာတင့်ဆွေ
၁၇-၆-၂၀၁၉

Comments