ကျွန်တော့်လူ

ကျွန်တော့်လူတယောက် ဆုံးပြီတဲ့။ မုံရွာမြို့ကနေ သတင်းပို့တယ်။ အင်ဖါးမြို့ကနေလည်း သတင်းပို့တယ်။

၁၉၉၀ နှစ်ကုန်မှာ ကျွန်တော် အိန္ဒိယနိုင်ငံ နယ်စပ်ရောက်ပြီး သိပ်မကြာခင် ကျွန်တော်တို့နောက် လိုက်လာတယ်။ မုံရွာ ပါတီရုံးမှာ လက်နှိပ်စက်တွေ၊ ကွမ်းယာနဲ့ ဆေးပေါ့လိပ်တွေနဲ့ နေလာခဲ့သူ။

ကျွန်တော် ဒေလီတက်နေတော့ သူက နယ်စပ်မှာသာနေခဲ့တယ်။ နောက် ပုလဲအမတ်တယောက်ဖြစ်တဲ့ ဦးသန်းစိန်နဲ့ သူက နယ်စပ်မှာသာ ပျော်တဲ့သူတွေ။ အစည်းအဝေးရှိမှာသာ ဒေလီကိုလာကြတာ။

သူ ခါးရိုးတီဘီဖြစ်တော့ ဒေလီလာတယ်။ ဆေးတွေယူသွားပြီး နယ်စပ်ပြန်တယ်။ အခြေအနေတွေ ပြောင်းလာတော့ သူ့ကို မုံရွာအပြန်ခိုင်းတာ မရ။ ကျွန်တော် ယူအက်စ်ကို အပြီးပြောင်းရတော့ မိုးရေးကနေ ဖုန်းဆက် နှုတ်ဆက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အင်ဖါးကနေ သူ့သတင်းပို့တယ်။ နေမကောင်းလို့ မုံရွာအိမ်က မရအရ ပြန်ခေါ်သွားသတဲ့။ သူ့သတင်း သွားမေးဘို့ အမျိုးကို လှမ်းပြောတယ်။ သူ့အိမ်ကနေ ကျန်းမာရေးအခြေအနေတွေ မက်ဆေ့ခ်ျပို့ကြတယ်။

အခု နောက်ဆုံးသတင်းရတယ်။

ပြည်ပ အနောက်ပိုင်းတိုင်းပါတီတွင်း သဘောထားကွဲတာတွေ အကြီးအကျယ်ဖြစ်တော့ ဦးသန်းစိန်ရယ်၊ သူရယ်၊ ဒီပဲရင်းက ပါတီဝင်တို့သာ ကျွန်တော့်ဘက်မှာ ရပ်တည်ခဲ့ကြတယ်။ ဝင်းသန်းက ကျွန်တော့်လူ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး