ဇော်ဂျီနှင့် ရှိန်းဆာယာ

ဇော်ဂျီနှင့် ရှိန်းဆာယာ

ယခင်က လူတွေက ဇော်ဂျီဖုန်းထဲပါတယ်ဆရာ။ ယခု တဖြည်းဖြည်းနဲ့ ဖုန်း browser တွေက ယူနီကုဒ်များလာတယ်။ ဒါကြောင့် ဆရာဇော်ဂျီနဲ့ရေးတာတွေကို သူတို့ဖတ်မရဖြစ်လာတာပါ။ နှစ်ဖက်လုံးအဆင်ပြေတဲ့နည်းတွေရှိပါတယ်ဆရာ။ ဆရာ့ blog ထဲမှာဇော်ဂျီဖောင့်၊ ယူနီကုဒ် ထည့်ပေးလိုက်ရင် သူတို့ မြင်ရနိုင်ပါတယ်။

နည်းပညာအသစ်တွေလုပ်ဖို့ အချိန်ပို နည်းနည်းလေးမှ မရှိပါ။ ယူနီကုဒ်နဲ့ ရေးတာတွေကများတာမို့ အဲဒီမှာသာ ဖတ်ကြပါရန်။ ဆောရီး။

၁၄-၆-၂၀၁၉ နေ့က ဘလော့ကို စစ်ကြည့်တာ Pageviews all time history 5,588,614 ရှိပါပြီ။

အခု ၂၈-၆-၂၀၁၉ နေ့မှာ 5,666,462 ရှိတာတွေ့ရတယ်။ စာဖတ်သူနှုန်းနည်းသွားလားတော မသိပါ။

ရုပ်သေးစင်ပေါ်
ဇော်ဂျီနဲ့ တောင်ဝှေး။

အခုန်အပျံနှင့်
သူ့ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး။

ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက်သည့် တန်ခိုး
ရှိန်းဆာယာ သည်ဖေကြောက်
စိတ်ပျောက်မှာစိုး။ (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉


Comments