ကျောင်းအပြန်

ခုတလော အူဘား အားပေးရတာ များတယ်။ နွေရာသီတလမှာ ကျောင်းသားတွေက လာတာနည်းတယ်။ ဗမာဆို တယောက်မှ မလာ။

အူဘား ခေါ် တက်စီဈေးက အသွားနဲ့ အပြန်မတူတာ အခုမှသိလာတယ်။ မိုင်အတိအကျ တူပါလျက်ကနဲ့ ဘာလို့ မတူသလဲ။ ဧကန္တ ဂျီပီအက်စ်မှာ လေစုန် လေဆန် တွက်ပုံရတယ်။

လေဆန်ဟူသည် လူရောကားပါ ရုန်းကန်ရပါတကား။ အပြန်သည် မြန်၏။

ဆံဖြူ သွားကျိုး

စောစောက ကျောင်းအပြန်ပို့စ်ထဲကပုံတွေ့လို့ မေးတယ်။

ဆရာ အုပ်ထုပ်ဆောင်တာက ဆံပင်တွေဖြူတွေမြင်မှာကြောင့်လား

ကက်ပ်ဦးထုပ်ဇာတ်လမ်း ၂ ခါရေးတင်ထားပါတယ်။

Nike Cap နိုက်ကီကက်ပ် နှင့် မန်းကီးကက်ပ် https://doctortintswe.blogspot.com/2019/06/nike-cap.html

Cap ကက်ပ် https://doctortintswe.blogspot.com/2018/08/cap.html

ဆံပင်ဖြူတာ ဆယ်စုနှစ်တွေကြာပြီဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်ကရေးသေးတယ်။ သွားနှုတ်ရတာလည်း ၄-၅ ချောင်း။ ဒူးတဖက်နဲ့ ခြေတဖက် ကျိုးဘူးပြီ။ အသက် ၂၀ အစိတ်လို့ တခါမှ မရေးဘူး။ ပရိုဖိုင်းမှာ အပြည့်အစုံ အကုန်အတိအကျ။

ဟိုတနေ့က မြန်မာပြည်က ကျောင်းသူတယောက်က မေးလို့ အသက် အတိအကျ၊ သားသမီး မြေးမြစ်အတိအကျ ပြောပြလိုက်ရသေးတယ်။

ကျောင်းခန်းတွေမှာ အေစီနဲ့ဆိုတော့ အညာသားမှာ အခန်းထဲမှာတောင် တခါတခါ နီကီဆောင်းရသေးတာ။ ခမောက်နဲ့တော့ မတော်လောက်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး