Farewell Lunch နေ့လယ်စာ











ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီး၊ ဦးကောင်းအမျိုး ကျွန်တော့်ဦးလေးက ရန်ကုန် နောက်ဆုံးနေ့မှာ နေ့လည်စာကျွေးပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

ကန်တော့နှုတ်ဆက်

နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

ဤခရီး

ဤခရီး မနီးပါ
ဤခရီး နီးစေချင်ပါသည်
ဤခရီးမှာ သွေးနီးလာတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

နှုတ်ဆက်ပါ၏

အစစအရာရာအတွက် သက်ဆိုင်သူအားလုံးကို ကျေးဇူးအထူးတင်ရှိ။

ဒီတခေါက်အတွက် နှုတ်ဆက်ပါ၏။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

ဘီးတပ်ကုလားထိုင်

ခရီးဝေးသွားတဲ့အခါ လေဆိပ်တွေမှာ အတော် အဆင်ပြေတယ်။ အလောတုန်းက လာကြိုကြသူတွေကို တွေ့ချင်ဇောနဲ့ ကုလားထိုင်က မဆင်းမိလို့ ကျိုးပဲ့နေမကောင်းသလား ထင်မှတ်ကြတာတွေကို မနည်းရှင်းပြခဲ့ရတယ်။ ဆောရီး။

မနှစ်ကခရီးစဉ်တလျှောက်မှာ အဆင်းဘီးတပ်ပေးသူ တယောက်မှ မရှိခဲ့ပါ။ သဘောကောင်းကြတဲ့ ပြည်တွင်းနေသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

ဟောင်ကောင်

ဟောင်ကောင်ရောက်တာလည်း ရှေ့ဆက်ခရီးထက် နောက်ပြန်ခရီးကိုသာ သတိရမိတယ်။

သဘောကောင်းကြတဲ့ ပြည်တွင်းနေသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂ဝ၁၉

ရန်ကုန်

မနှစ်ကခရီးမှာ ရန်တွေ ကုန်သလောက်ရှိနေပြီဖြစ်ကြောင်း သိခဲ့ပါတယ်။
ကျွန်တော့်အတွက် ပုဂ္ဂလိကရန်သာ ကုန်သလောက်ဖြစ်ပေမဲ့ စံနစ်၏ရန်ကား ဆက်ရှိနေဆဲ။
တနှစ်တိတိအကြာမှာ အစွယ်တွေရှည်နေသေးသည်ကို မြင်နေရဆဲ။

ရန်မှန်သမျှ ကုန်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၈
၁၈-၆-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး