ငရုတ်သီးသတ်ပုံ တရုပ်ကြီးသတ်ပုံ

ဆရာရှင့် ငရုတ်သီး၊ ငရုပ်သီး၊ ငြုတ်သီး၊ ငြုပ်သီး ဘယ်စာလုံးပေါင်းက အမှန်ပါလဲရှင့်။

မြန်မာ့စွယ်စုံကျမ်းမှာ ငရုတ်လို့ ရေးပါတယ်။ ကြားထဲကာလမှာ ငြုတ်လို့ ရေးကြသေးတယ်။ သတ်ပုံစာအုပ်ဟောင်းတွေမှာ ငရုတ်လည်းမပါ၊ ငြုတ်လည်းမပါ။

ရုပ်
တရုပ်စကားပင်
တရုပ်ပြည်
တရုပ်လူမျိုး
တရုပ်ပြေးမင်း
ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်ဆင်းအင်္ဂါ
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်ဝါဒ
ရုပ်သိမ်း
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
ရုပ်ပြောင်းလဲခြင်း
ရုပ်ပြောင်ကာတွန်း
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု
အရုပ်ရေး
အဝတ်ရုပ်
ကျောက်ဖြစ်ရုပ်ကြွင်း

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ခြည်း
ရုတ်ရက်ခတ်
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ
ရုတ်ရုတ်သဲသဲ

စပ်တယ်

တရုပ်ကလာတဲ့ ငရုတ်သီးခြောက်ကို ထောင်းပြီးကြော်ထားတာ။ အတော်ကို စပ်တယ်။

တချို့က တရုပ်ကို တသတ်နဲ့ရေးမှသာ ပေါက်ဖေါ်စစ်တယ်လို့ ထင်ကြတယ်။ နိုင်ငံတော်ပေါ်လစီနဲ့ညီတယ်လို့ ထင်မှတ် လိုက်နာကြတယ်။

ကျွန်တော် တရုပ်အရေးအခင်းမှာပါလို့ တရက်တိတိ အဖမ်းခံရဖူးတယ်။ စပ်တယ်။ တရုပ်ပြည်ကို တခေါက်တိတိသာ ရောက်ဖူးသေးတယ်။ စပ်တယ်။

ထိုင်းကို ယိုးဒယားလို့ရေးမှသာ ထုတ်ဝေခွင့်ပေးတယ်။ သတ်ပုံစာအုပ်သစ်မှာ ထိုင်းစာလုံးထည့်ရဲ မထည့်ရဲ မသိ။ နှိမ်ချင်လို့ တမင်ရေးခိုင်းထားတာ။ လူနာတွေကတော့ ဘန်ကောက်သွားကြရတယ်။

ဝေါဟာရနိုင်ငံရေး သုံးစားလို့မရ၊ ဆေးကုလို့မရပါ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ