လက်ဖက်ရည်ဆိုင် အလေ့အထ

မေးလို့ ရေးပါသည်။

ရောက်ဖူးတဲ့တိုင်းပြည် အတော်တော့များပါ၏
ဘာမားနဲ့ အင်ဒီးယားမှာသာရှိ။

အခုနေတဲ့မြို့မှာ လက်ဖက်ရည်သောက်လို့ သင့်ပါ၏
ဆိုင်းဘုတ်ကတော့ ရက်စ်ထရင့်လို့သာဖတ်ရ၏။

ဒေလီမှာ လက်ဖက်ရည်ဆိုင် စတိုင်တော့မကျ
လမ်းဘေးက ဆိုင်သေးသေး ကျောက်တုံးလေးနဲ့သာထိုင်ရ။

နွားနို့နဲ့ဖျော် အတော်ကောင်းပါဘိ
မိတ်ကောင်းတွေကို သတိရမိ။

ဘီဟာနယ်ရောက်
မြေအိုးပုတ်နဲသောက်
မိတ်ကောင်းတွေဆီ စိတ်ကရောက်။

လေပြစ်စရာ ရွှေဗမာပါက ဖြစ်နိုင်၏
အကန့်အသတ် မရှိ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး