ရာဇဝင်ဆိုတာ စိတ်ကူးယဉ်မဟုတ်

သမိုင်းစာလေးတွေ ရေးပါတယ်။ ဖတ်ဖူးတဲ့ သမိုင်းနောက်ခံဝတ္တုတွေ အတော်များများကို သဘောမကျပါ။ ဆောရီး။ ဘယ်ဘုရင်တွေ တန်ခိုးကြီးကြောင်း ရေးကြတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နမူနာပေးကြတယ်။ ဘယ်ဘုရင် ဘယ်လောက်ညံ့ရေးတာ နည်းတယ်။

ဘုရင်မင်းတရားကြီးတပါး အယုဒ္ဓယကို အောင်နိုင်လို့ ချီးမွမ်းခန်းအကြီးအကျယ်ဖွင့်ကြတယ်။ ရုပ်တုကြီးတွေတည်ထား အလေးပြုကြတယ်။ သူ့စစ်ကြောင်းတလျှောက်က မွန်တွေက မကျေနပ်တာကို ဗမာတွေက သိတာနည်းတယ်။ ဘိုးတော်ဘုရားနဲ့ ရခိုင်လည်း သည်အတိုင်းပဲ။

တပင်ရွှေထီး အရက်အလွန်အကျွံသောက်တယ်။ ဂျူလီယက်ဆီဆာကို လုပ်ကြံတဲ့ ဘရူးတပ်စ်လိုပဲ တပင်ရွှေထီးကို ကိုယ်ရံတော် စစ်သည်က သတ်တယ်။

အနော်ရထာ ကျွဲခတ်လို့ နတ်ရွာစံတယ်တဲ့။ ပုဂံရာဇဝင် တုတ်ထမ်းပြောစကားက အဲတာကနေစတယ်။

လက်တန်းရေးတာပါ။ အကိုးအကားတွေလိုက်ရှာရင် ရတယ်။ ကျွန်တော်ကတော့ သာလွန်မင်းကိုသာ ချီးမွမ်းတယ်။ ဘုရင်မဖြစ်တဲ့ မင်းသားတချို့ကို ချီးကျူးတယ်။

သမိုင်းနောက်ခံဝတ္တုတွေ ဘယ်နာမည်ကြီးတဲ့စာရေးဆရာကရေးရေး အတော်များများကို သဘောမကျပါ။ ဆောရီး။ ရုပ်ရှင်တွေလိုပဲ ဇာတ်လိုက်ကသာ နိုင်တယ်။ သမိုင်းဆိုတာ စိတ်ကူးယဉ်တွေမဟုတ်ပါ။

သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး