မယ့်အိမ်ပဲ

ဒီကျချိန်တန် အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။

ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက် လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်
ခါးတမာ သကာပျား၊ ခြားလိုဘူ့ရှင်။

မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့်အိမ်ပင်
ချောင်းဝင်လဲ မယ့်အိမ်ပဲ။

ဒီတက်ချိန်တန်
အိမ်ပြန်တယ်၊ ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။

ဆရာဇော်ဂျီ ၁၉၆၉ ခု ဇန်နဝါရီလက ရေးဖွဲခဲ့တဲ့ကဗျာဖြစ်ပါတယ်။

တမာအရပ်မှာ မနေရပေမဲ့၊ တမာအခါးကို ကြိုက်သူတွေရှိပါသည်။ ဒီရေ စုန်ရာ ဆန်ရာ မျောပါနေတဲ့ ဗေဒါလို လိုက်ပါနေကြရပါသည်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၉

Comments