Election campaign စည်းရုံးရေး

၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာလမှာ ရေးထားတာလေးဖြစ်ပါတယ်။

မိုးရွာထဲ နေပူထဲ ဗွက်ထဲရွံ့ထဲ
ရေထဲဆင်းကူး ဒူးဆစ်ပေါင်လယ်
ကွင်းလယ်မှာ တဲထဲမှာ
အိမ်ထဲမှာ ခန်းမထဲမှာ
သစ်ပင်အောက်မှာ လမ်းဘေးမှာ
လှည်းနဲ့လာ လှေနဲ့သွား
ဆိုက်ကား ကားကြီး ကားငယ်
ဆိုင်ကယ် ဆူပါကပ် ယာမာဟာ
လေယာဉ်နဲ့လာ ခြေလျင်တက်ဆင်း မြင်း။

တီရှပ်အနီ ပင်နီ
ကချင်လုံခြည် ယောထဘီ
အနီ အဝါ အဖြူရောင် ထီး
ခေါင်းစီး ပန်းစည်း ပန်းကုံး
အပြုံး အရီ လက်ခုပ်သံမည်
စီဒီပြား အဖွားအို အဖိုးအို
အဆိုတော် သီချင်းရေးဆရာ ဒိုးပတ်ဆရာ
ကင်မရာဆရာ မီဒီယာ သံဃာတော်လည်းပါ။

အလံကြီး အလံသေး
ကလေး လူငယ် လူကြီး
နဖူးစီးစာ ဘင်နာ ဗီနိုင်း
တိုင်းရင်းသား ရိုးရာဝတ်စုံ ထိုင်ခုံ စင်မြင့်
အသင့်ဆီးကြို အပျိုမပါး သနပ်ခါး
သက်ကြားအိုလက် ဝှေ့ရမ်းလျက်
လက်ချင်းဆက် နိုဝင်္ဘာ (၈) ရက်သို့ တို့ချီတက်
၉၀ သမား အားပေလျက်။

ဗီနိုင်းအသံထွက်မှန် ဗိုင်းနယ်လ်။ အရီ အရယ်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၁၅
၂၂-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး