မင်းရွာမှာ မိုးရွာလိုက်သတဲ့
နာရီဝက်လောက်ကတဲ့။ ဟိုအရင်တုန်းကဆိုရင် ရွာမှာဘာဖြစ်ဆိုတာ လူကြုံလာမှ သိရတာ။ မင်းရွာနဲ့ မုံရွာ သိပ်ဝေးတာ မဟုတ်၊ အမျိုးအဆွေတွေကလည်း အဆက်မပြတ်ကြတော့ တရက်နှစ်ရက်နဲ့တော့ သိရပါတယ်။
ခုခေတ်မှာ မိုင်ငါးထောင်ဝေးဝေး ချက်ချင်းသိနိုင်တယ်။ ဒီမှာတော့ မိုးတိမ်ရှိတယ်။ နေပွင့်လာလိုက် အုံ့ဆိုင်းလိုက်။
ဖေ့စ်ဘွတ်က ဒုက္ခပေးတဲ့စာလေး ရေးအပြီးမှာ ဓါတ်ပုံရတာ။ အလွယ်နဲ့ အခက်၊ မိုးတိမ်နဲ့ နေရောင်တို့ တွဲနေကြတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၆-၂၀၁၉
ရွာအဝင်လမ်း
အခုရတဲ့ မင်းရွာကပုံ။
ရောင်ပေစူးတို့အရွယ် ရွာအဝင်လမ်းမှာ ဆော့ကစားခဲ့ကြတယ်။
သူငယ်တန်းမှာ အသီးတရာ အညှာတခု၊ ဝယ်ကြပါအော် တကျော်ကျော်၊ ပဲလှော်ရွရွ ဆားမြမြ သင်ခဲ့ကြရတယ်။
ကြီးပြင်းလာသော် အသီးက တရာမဟုတ်၊ သတ်ပုံအပုပ် သင်ပေးနေကြတာ တွေ့ရတယ်။
ရွာအဝင်လမ်းမှာ ဂိမ်းဆော့ ကစားကြတယ်။

Comments
Post a Comment