အိမ်ပြောင်း




ရန်ကုန်မှာနေတဲ့ သမီးတို့ ကနေ့ အိမ်သစ်ပြောင်းကြသတဲ့။ အိမ်သစ်ပြောင်းရင် ဘုရားစင် အရင်လုပ်ခိုင်းပါတယ်။ ဘုရားစင်လို့ရေးတာကို ကျောင်းဆောင်လို့ မရေးရကောင်းလားတော့ လာမရေးစေလိုပါ။ ဖြေရတာ အကြိမ်တွေများလှပြီ။ တချို့က ဝေါဟာရနောက်သာ လိုက်ကြတယ်။

ကျွန်တော့ဘဝမှာ တိုင်းပြည်တွေ ပြောင်းနေရတယ်။ နေအိမ်ဆိုတာတော့ ရေတွက်မရ ပြောင်းခဲ့ရတယ်။

အသစ်ပြောင်းခြင်းဆိုတာ ကောင်းတယ်။ သစ်သားအိမ်ကနေ တဲအိမ်ကို အသက်လွတ်အောင် ပြောင်းနေရခြင်းဟာ မှန်ကန်လို့ ကောင်းတယ်။ ကိုယ်တိုင်စိတ်ကြိုက်ရွေးတဲ့ နေအိမ်သစ်ဟာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တယ်။ ရွေးချယ်ခွင့် လွတ်လပ်မှုဟာ လွယ်လွယ်နဲ့ရတာမဟုတ်။

သမီးတို့ အိမ်သစ်မှာ ကျွန်တော်တို့နှစ်ယောက်ပုံပါ ပြောင်းနေပါတယ်။

ပန်းလက်ဆောင်

ပန်းချစ်တဲ့သမီးက ပန်းပင်တွေစိုက်ထားတယ်။ ပန်းကြိုက်သူတယောက်က အတော်ဝေးဝေးကနေ ယူလာပေးတယ်။ ပန်းချစ်တဲ့သမီးအမေက ပန်းပင်တွေစိုက်တယ်။ အားလုံး ပွင့်နေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး