တညတုန်းက

တညတုန်းက အရွေးခံရ၏။ တညတုန်းက လာဖမ်းကြ၏။

တညတုန်းက ထွက်ပြေးရ၏။ တညတုန်းက တိုင်းပြည်တခုကို ပြောင်းနေဘို့ ထွက်ခွါရ၏။

တညတုန်းကလို့ ရေးတဲ့ခေတ်မှာ မြန်မာစာသင်ခဲ့ရ၏။ တစ်ညလို့ရေးလာကြတဲ့ခေတ်မှာ လသည် ညစ်ထေးနေ၏။

တညတုန်းက လသာ၏။ တညတုန်းက လကွယ်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး