Country Vs Government နိုင်ငံတော်ဆိုတာ ဘာလဲ

ပြောပြောနေကြ ရေးရေးနေကြတဲ့ နိုင်ငံတော်ဆိုတာ မရှင်းပါ။ အရင် ဖဆပလ ခေတ်မှာ အစိုးရလို့ခေါ်တယ်။ နောက် မဆလ ခေတ်မှာ ပြည့်သူ့အစိုးရ၊ နိုင်ငံတော်ကောင်စီ ခေါ်တယ်။

စစ်အစိုးရတက်ကတည်းက နိုင်ငံတော်ဖြစ်လာတာ ကနေ့အထိ။ ဘာလုပ်လုပ် နိုင်ငံတော်တဲ့။ အဲတာ ဘာကိုပြောသလဲ တကယ်ကို မရှင်းပါ။

အမည်ပြောင်းရောဂါရနေတာကြာပြီ။ ဝေါဟာရကို နိုင်ငံရေးလုပ်နေကြတာလည်း ကြာပြီ။ ဘာလို့ မရှုပ်သင့်တာ ရှုပ်အောင်လုပ်နေကြသလဲ မသိ။ အလုပ်မရှိကြလို့လား။

ကျွန်တော်သိသလောက် နိုင်ငံ၊ နိုင်ငံတော်ဆိုတာ တိုင်းပြည်။ တော်ထည့်တာ ခန့်အောင်။ နန်းဆန်အောင်။

တိုင်းပြည်က စာရေးလို့မရ။ လမ်းဖေါက်ပေးလို့မရ။ အမိန့်ထုတ်လို့မရ။

Government ကို နိုင်ငံတော်လို့ ဘာသာပြန်တဲ့ အဘိဓါန်ရှိပါသလား။

ဒေါက်တာတင်ဆွေ
၂၂-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး