ESR ဆိုတာ

၁။ ကျမ အသက် ၅၃ နှစ်ပါ အိပ်ရာထ လက်တွေ ဖောင်းပြီးဆုပ်လို့ မရလို့ သွေးစစ်တာပါ လူမှုဖူလုံရေးက အဖြေပဲ ပို့လို့ မေးကြည့်တာပါရှင် esr ဆိုတာဘာလဲ၊ ဘာဖြစ်တတ်လဲ၊ ကျမဘာလုပ်ရမလဲ သိချင်လို့ပါ ဆောင်သင့် ရှောင်သင့်တာလေး သိချင်လို့ပါ ကျေးဇူးပါရှင်။

သွေးတိုး မသိ။ ဆီးချို မသိ။

၂။ ဆရာရှင့် ESR ဆိုတာဘာပါလဲရှင်။ မိန်းမဆိုရင်ဘယ်လောက်ရှိသင့်ပါသလဲရှင့်။ များရင်ဘာဖြစ်နိုင်ပါသလဲရှင်း ကျွန်မက SLE patient ပါရှင့်။ ESR ၃ဝ ဖြစ်နေတယ်ပြောပြီး ဘာတွေဆောင်ရရှောင်ရမလဲမသိလို့ပါရှင်။ azarthioprine အစား methotrexate ပြန်ပေးထားပါတယ်ရှင့်

၃။ ဆရာရှင့် ESR ဆိုတာ ဘာကိုပြောတာလဲ။ ရှင်းပြပေးပါ။ ဘာကြောင့် ESR မြင့်တက်နေရတာလဲ။ မည်ကဲ့သို့ စားသောက် နေထိုင်ရမည်နည်း။

Erythrocyte sedimentation rate (ESR) ဆိုတာ သွေးနီဥတွေ ၁ နာရီအတွင်း အနယ်ထိုင်တဲ့နှုန်း ဖြစ်တယ်။

ESR ဂဏန်းမြင့်နေတဲ့ အခြေအနေနဲ့ ရောဂါတွေက များတယ်။ အမျိုးသမီးတွေက နည်းနည်းပိုဖြစ်ကြတယ်။ အသက်ရရင်လဲ ပိုများတယ်။ Multiple myeloma, Temporal arteritis, Polymyalgia rheumatica, Auto-immune diseases, SLE နဲ့ Chronic kidney diseases ရောဂါတွေကို နာမယ်တပ်ရင် အသုံးဝင်တယ်။ Kawasaki's disease, TB နဲ့ Infective endocarditis တွေမှာလဲ ရောဂါ ခွဲခြားဘို့ သုံးရတယ်။

မတိကျလှပေမဲ့ ဘယ်လောက်ထိ နေမကောင်းဘူး ဆိုတာတော့ သိရတယ်။ အထဲ တနေရာရာမှာ ရောင်နေတာကို သိရစေတယ်။ ESR လျော့လာရင် သက်သာလာလို့ဘဲ။

ပုံမှန် ESR
• ယောက်ျားလူကြီး = 12-14-19 mm/hr
• မိန်းမလူကြီး = 18-21-23-29 mm/hr
• မွေးစကလေး = 0-2 mm/hr
• ၁ နှစ်သားကနေ အရွယ်ရောက်ချိန် = 3-13 mm/hr

သွေးအားနည်း၊ နှလုံးသားရောင်၊ ကျောက်ကပ်ရောဂါ၊ အရိုးတွင်းရောင်၊ ကိုယ်ဝန်ဆောင်၊ လေးဘက်နာ၊ (ရူမက်တစ်) အဆစ်နာရောဂါ၊ ဆစ်ဖလစ်a&m*g၊ SLE ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီ၊ စတာတွေမှာ ESR များ နေတတ်တယ်။

(အင်ဖက်ရှင်) ခေါ် ပိုးဝင်တာ တကိုယ်လုံးပြန့်နေခြင်း၊ Giant cell arteritis ခေါ် အဆစ်နာရောဂါတမျိုး၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း များနေjcif;၊ စတာတွေမှာ ESR သိပ်များနေတတ်တယ်။

နှလုံးရောဂါ၊ သွေးပျစ်နေတာ၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း နည်းနေတာ၊ သွေးထဲမှာ ပရိုတင်း နည်းနေတာ၊ Sickle cell anemia သွေးအားနည်းရောဂါ စတာတွေမှာ ESR နည်းနေတတ်တယ်။

ESR စစ်ခိုင်းတဲ့ ဆရာဝန်ကနေ ရောဂါနာမယ် တပ်ပါလိမ့်မယ်။ ရောဂါအတိုင်း ကုသ-လိုက်နာ-စားသောက်-နေထိုင် ရပါလိမ့်မယ်။ ASO စစ်နည်းရော ESR စစ်နည်းပါ စစ်နည်းတခုတည်းနဲ့ ရောဂါအမည်တပ်မရပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂၀၁၉

Comments