Skineal လိမ်းဆေး



၁။ ကျွန်မအသက် ၂၆ပါ (ကန်တော့) ပေါင်ကြားမှာ ဘောင်းဘီပွန်းရာကနေစပြီး အနာဖြစ်တာ သေးသေးလေးကနေ ကြီးလာပါတယ် ဆေးဆိုင်ကညွန်းလို့ Skinalar-N လူးတာ၂ပတ်ပြည့်တော့မယ် မသက်သာလို့ပါ အနာကလဲ ပိုကြီးလာတယ် နေ့စဉ်အလုပ်သွားနေရတော့ အတွင်းခံပြန်ဝတ်တော့ပြန်ဖြစ်တာဆိုပေမဲ့ အနာကသေးမသွား ခြောက်မသွား ကြီးလာတယ် စစ်ကနဲလဲတချက်ချက်စူးပြီးနာတာမို့ အန္တရာယ်ရှိလားလို့ပါဆရာ ဆေးခန်းပြဖိုလိုအပ်ရင် OG မှာပြရမလားရှင့် ဆရာ့ကိုအရင်ဆုံးမေးမြန်းတိုင်ပင်ကြည့်တာပါ ပြန်ဖြေကြားပေးပါဆရာ ကျေးဇူးပါရှင့်

ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ မေးခွန်းပါဆေးက ဖန်းဂတ်စ် ခေါ် မှိုအတွက်ဖြစ်တယ်။

အမည်ဆင်ဆင်တူတွေ များတယ်။ စကင်နီရယ်လိမ်းဆေးဆိုတာ Clobetasol Propionate, Ketoconazole and Neomycin Sulphate ဆေးတွေ ရောထားတာဖြစ်တယ်။ ပျောက်နိုင်ခဲတဲ့ နှင်းခူလိုအနာ၊ ဗက်တီးရီးယားသေဆေးနဲ့ ဖန်းဂတ်စ် ခေါ် မှိုဆေးတွေပါနေတယ်။

အရေပြားရောင်ရမ်းခြင်း၊
ဖတ်းဂတ်စ် ခေါ် မှိုပိုးဝင်ခြင်း၊
ယားခြင်း၊
အရေပြားယိစ် ခေါ် မှိုတမျိုးဝင်ခြင်း၊
ဗက်တီးရီးယားပိုးဝင်ခြင်းနဲ့
အသည်းမကောင့်တော့သူတွေအတွက် သုံးနိုင်တယ်။
အူလမ်းမခွဲစိတ်မီ ပြင်ဆင်မှုအတွက်လည်း သုံးတယ်။

အနာဆိုတာ အမျိုးမျိုး။ ဖန်းဂတ်စ် ခေါ် မှိုပိုးက ပူအိုက်ွံပ်စိုတာကိုကြိုက်လို့ ခြောက်သွေ့အောင်ထားရတယ်။ ဗက်တီးရီးယားကနေဖြစ်တာ များတယ်။ အဲတာမျိုးအတွက် Cipladine cream လိမ်းရတယ်။ အနာသက်သာဆေး တခုခုသောက်နိုင်တယ်။ တချို့ ပဋိဇီဝဆေး ခေါ် ပိုးသေဆေးပါလိုတယ်။

၂။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၂၇နှစ်ရှိပါပြီဆရာ။ ကျွန်မ မျက်နှာမှာ ဓါတ်မတည့် ဖြစ်ပြီး ယားတာ မကြာခဏ အစားမှားရင်ပြန်ဖြစ်တက်တယ် ဆရာ။ ကျွန်မ အစားမှားပြီး မျက်နှာနည်းနည်း စပြီးယားလာပြီဆိုရင် skineal ကို ယားတဲ့နေရာမှာလိမ်းလိုက်ရင် သက်သာသွားပါတယ် ဆရာ။ တချို့က skineal က steroid ပါလို့ မလိမ်းရဘူးပြောပါတယ် ဆရာ။ skineal ကို side effects မရအောင် ဘယ်လိုလိမ်းရမှာလဲ ဆရာ။ ဒါမှမဟုတ်ရင် skineal ထက်ကောင်းတဲ့ဆေးကို ညွန်ပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

မေးတဲ့သူမှာ အလာဂျီ ခေါ် တခုခုနဲ့မတည့်လို့ဖြစ်သလား စဉ်းစားရတယ်။ မတည့်တယ်ဆိုတာ အစားအစာကသာမဟုတ် အမျိုးမျိုးကနေဖြစ်စေနိုင်တယ်။ Allergy Triggers စာတပုဒ်တင်ထားတာရှိတယ်။ အလာဂျီကြောင့်ဖြစ်တာအတွက် အလာဂျီဆေးနည်းနဲ့မှသာ သင့်မယ်။ စာတပုဒ်မက ရေးထားတယ်။ ဖန်းဂတ်စ်အတွက် စာတွေလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၃-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး