ဂေါပက

မေးခွန်းတခုရတယ်။ အဲ့ post က အမှန်ဘဲလား သိချင်လို့ပါ တဲ့။

ပို့ပေးတဲ့ ဆခရင်ရှော့ကစာထဲမှာ မယဉ်ကျေးတဲ့စာလုံးတွေ့ပါလို့ မသုံးတော့ပါ။

ပါဠိ-မြန်မာအဘိဓာန်မှာ သည်လိုပါတယ်။

ဂောပ = နွားကျောင်းသား၊ နွားထိန်း၊
ဂေါပက = စောင့်ရှောက်သောသူ၊
ဂေါပဂါမ = နွားကျောင်းသားရွာ
ဂေါပထ = နွားလမ်းခရီး၊
ဂေါပါလ = နွားထိန်း၊ နွားကျောင်းသား၊
ဂေါပီ = နွားကျောင်းမယား၊

ဆိုစကားတခုရှိတယ်။ ဂါနေန ဂေါနော သမဏေန သမဏေနော = နွားတို့ သည် နွားအချင်း မိတ်ဆွေဖွဲ့ ကြကုန်သည်။ သာမဏေရဟန်းတို့ သည် သာမဏေရဟန်းအချင်းချင်း မိတ်တွေဖွဲ့ ကြကုန်သည်။

ဒေါက်တာတင့်ဆွေ
၁၁-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး