ရွှေတိဂုံစေတီတော်
မြန်မာ့စွယ်စုံကျမ်းမှာ ရွှေတိဂုံစေတီတော်ကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပေါင်းလပြည့်မှာ ဌာပနာသွင်းပြီး တည်ထား ကိုးကွယ်တယ်လို့ ရေးထားတယ်။ မြန်မာလိုရေးတဲ့ ဝီကီပီးဒီးယားမှာ ဘီစီ ၅၈၈ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ် ၁၀၃ ခုလို့ရေးထားတယ်။
အင်္ဂလိပ်လိုရေးတဲ့ ဝီကီပီးဒီးယားမှာ Siddhārtha Gautama သိဒ္ဓတ္ထဂေါတမ 563 BC နဲ့ 483 BC ကြားလို့ ရေးထားတယ်။ ဘီစီ ၅၆၃ ခုမှာ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တယ်။ ဘီစီ ၄၈၃ မှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတယ်။
သက္ကရာဇ် ငါးမျိုးရှိတယ်ရှိတယ်။
၁။ မဟာသက္ကရာဇ်
မြတ်စွာဘုရားရဲ့ဘိုးတော် ဒေဝဒဟဘုရင် အဉ္စနမင်းကြီးလက်ထက်မှ သက္ကရာဇ် ၈၆၄၅ ခုကို ဖြိုပြီး မဟာသက္ကရာဇ် စတင်တယ်။ ဘုရားဖွားတော်မမူမီ ၆၈နှစ် အလိုကဖြစ်တယ်။
၂။ သာသနာသက္ကရာဇ်
ဘုရားရဲ့သက်တော် ၈၀ မှာ မဟာသက္ကရာဇ် ၁၄၈ နှစ်ကျရောက်တယ်။ အဲဒီ ၁၄၈ နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စပြီးတွက်တယ်။ သာသနာတော် အနှစ် ၅၀ဝ၀ သတ်မှတ်ခဲ့တယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး လေးလအကြာ ပထမသံဂါယနာ တင်တော့ သက္ကရာဇ် ၁၄၈ ကိုဖြိုပြီး သာသနာနှစ်သက္ကရာဇ် (၁)ခု ကြွင်းထားရာကနေ သာသနာသက္ကရာဇ် ပေါ်ပေါက်လာတယ်။
၃။ ကောဇာသက္ကရာဇ်၊
မြန်မာသက္ကရာဇ်လို့လည်းခေါ်တယ်။ သရေခေတ္တရာခေတ် သုမုန္ဒရီမင်းလက်ထက်ကစတယ်။ လက်ရှိသုံး မြန်မာပြက္ခဒိန် ဖြစ်တယ်။ ကနေ့ဟာ ၁၃၈၁ ခုနှစ်ထဲမှာ။
၎။ ဘီစီ ခရစ်သက္ကရာဇ်
ခရစ်တော် မပေါ်မီကာလ နောက်ပြန်ရေတွက်ရတယ်။ မြတ်စွာဘုရားသက်ရှိထင်ရှားရှိခဲ့တဲ့ ခုနှစ်ဟာ ဘီစီ ၅၆၃ နဲ့ ၄၈၃ ကြားဖြစ်တယ်။ တနည်းအားဖြင့် လွန်ခဲ့တဲ့ ၂၅၀၂ နဲ့ ၂၅၈၂ ကြားမှာဖြစ်တယ်။
၅။ အေဒီ ခရစ်သက္ကရာဇ်
ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေတွက်ရတတယ်။ လက်ရှိသုံး အင်္ဂလိပ် ခေါ် Gregorian ဂရီဂိုရီးယန်း ပြက္ခဒိန်။ ၁၅၈၂ မှာ စတင်သုံးစွဲတယ်။ အဲတာအရင် ဂျူးလီယက်ဆီဇာလက်ထက် ဘီစီ ၄၆ မှာ စသုံးတဲ့ Julian ပြက္ခဒိန်မှာ တနှစ်မှာ ၁၀ လ (Martius, Aprilis, Maius, Junius, Quintilis, Sextilis, September, October, November, and December) သာပါတယ်။
သာသနာသက္ကရာဇ် ၂၄၉၈ ခုနှစ် (၁၉၅၅) မှာ ဆဋ္ဌသင်္ဂါယနာသဘင် ကျင်းပခဲ့တယ်။
ကောဇာသက္ကရာဇ်ကို ၁၁၈၂ နှစ် ထည့်ပေါင်းလျှင် သာသနာနှစ်ရမယ်။ ခရစ်နှစ်ကို ၅၄၃ ပေါင်းပါက သာသနာနှစ်ရမယ်။
အခုနှစ် ၁၃၈၁ မှာ သာသနာ ၂၅၆၃ နှစ်ရှိပြီ။
သာသနာနှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်လို့ ဖတ်ရတယ်။ သာသနာ ၂၅၀၀ ပြည့်ကိုရည်ရွယ်ကျင်းပခဲ့တာ။ ကျွန်တော်က ၆ နှစ်သား မှတ်မိတယ်။ မနှစ်ကနွေမှာ ရွှေတိဂုံစေတီတော်ကို ဖူးခဲ့ကြရတယ်။ ဆယ်တန်း မြန်မာစကားပြေစာအုပ်မှာ ရွှေတိဂုံစေတီတော်ကို ပြည့်မျက်နှာလို့ ဖတ်ရတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၁၀-၂၀၁၉

Comments
Post a Comment