နိုင်ငံတော်အိုးကြီး

လင့် ၂ ခုပို့တာ ရတယ်။ ကျေးဇူး။

၁။ တခု၊ တကောင်၊ တယောက် https://www.facebook.com/lucky.charm.9237244/posts/837851666585438

၂။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းတဲ့ အသုံးအနှုန်းကလေးတွေ အကြောင်းကို အောက်ကလင့်မှာ ဆက်ဖတ်ပါ။ https://www.bbc.com/burmese/in-depth-49702883

ဟုတ်။ ကျေးဇူး။ မှန်တဲ့မီဒီယာတွေက မှန်ကြပါတယ်။

BBC မှာ မှန်တာများတယ်။ စာရိုက်တဲ့သူ နည်းနည်းက မှားတယ်။
VOA အမှန် များတယ်။
RFA အမှား များတယ်။
Irrawaddy မှန်တယ်။
DVB တချို့တဝက် မှန်တယ်။
အစိုးရထုတ် အကုန် ပေါ်လစီနောက်သာလိုက်တယ်။ ရွဲ့နေတဲ့ နိုင်ငံတော်အိုးကြီးကို စလောင်းရွဲ့နဲ့ ဖုံးပေးနေရတယ်။

အခုကြေးမုံကလည်း ပေါ်လစီသမားလုံးလုံး။ သတင်းစာကို တည်ထောင်သူ အောင်ဗလ ခေါ် ဦးသောင်းကတော့ ကွယ်လွန်တဲ့အထိ မြန်မာစာသတ်ပုံမှန်နဲ့သာ ရေးသားထုတ်ဝေခဲ့ပါတယ်။

ဦးနေဝင်းခန့်တဲ့ မြန်မာစာအဖွဲ့မူအတိုင်းသာ ဆက်သုံးနေတဲ့ အိုးကြီးရွဲ့တာ ပြင်လမ်း မမြင်သေးပါ။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၂-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး