World Teachers' Day ဆရာများနေ့

အော်တိုဘာ (၅) ရက် ကမ္ဘာ့ဆရာများနေ့ရောက်တိုင်း စာအတိုလေး တင်ပါတယ်။ ကနေ့တော့ အဟောင်းကို မတင်လိုတော့ပါ။ သူတပါးလုပ်ထားတဲ့ ဟက်ပီးဘာသာ့သ်ဒေးတို့၊ သင့်ခယူးတို့ဆိုတဲ့ စတစ်ကာတွေကို သဘောမကျပါ။ ကိုယ်ရေးတာမှန်ပေမဲ့ စာကဟောင်းနေပြီ။

ဆရာဆရာမဆိုတာ သူငယ်တန်းဆရာမ ဒေါ်ကကြီး၊ အထက်တန်းပြ ဦးခကွေး တွေထက် လေးနက်တယ်။ ကိုယ့်ကိုသာ သင်ပေးတဲ့ ကိုယ့်ကျောင်းက ဆရာဆရာမတွေသာ မကပါ။ အာစရိယဂုဏ်နဲ့ပြည့်စုံသူတွေ။

မိဘဆိုတာလည်း သည်လိုပဲ။ ကိုယ့်အဖေ ဦးဂငယ်၊ ကိုယ့်အမေ ဒေါ်ဃကြီးသာ မဟုတ်ပါ။ မိဘဂုဏ်နဲ့ပြည့်စုံသူတွေ။

မိဘမရှိတဲ့သားသမီး မရှိ။ ဆရာဆရာမမရှိတဲ့လူရယ်လို့လည်း မရှိပါ။ မွေးကတည်းက ဆရာဆရာမ၊ မွေးကတည်းက ကျောင်းသူကျောင်းသားရယ်လို့လည်း မရှိပါ။ တယောက်တည်းကနေ တချိန်မှာ တပည့်၊ တချိန်မှာ အာစရိဖြစ်နိုင်တယ်။

ဂုဏ်ကျေးဇူးကို အထူးအလေးအမြတ်ပြုခြင်း ရှိအပ်တယ်။ ဂုဏ်ကျေးဇူးကို ပြုနိုင်သူလည်း ဖြစ်အပ်တယ်။

ဒေါက်တာတင့်ဆွေ
၎-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး