The Art of Right Choice ဘာဝယ်ဝယ် ရွေးတတ်ရတယ်

ဆရာ နိုင်ငံရေးအကြောင်း ဆရာ့ကိုပြောပြချင်လို့ပါ ဆရာက ကျန်းမာရေးပဲ မေးခွင့်ပြောခွင့်ရှိတယ်ထင်လို့ ခွင့်တောင်းတာပါဆရာ

အကျိုးဖြစ်မဲ့ ဘာသာရပ်တိုင်းကို လေ့လာပါတယ်။

ဒီလူရဲ့ wall ထဲမှာ ရိုဟင်ဂျာနဲ့ပက်သက်တာတွေ့ရတယ်ဆရာ့။

အဲဒီသတင်းမျိုးနဲ့ဆိုင်တာကို ရေဒီယိုတွေက မေးလို့ ဖြေထားပါတယ်။ အဲလိုရေးတာတွေကို မဖတ်သင့်ပါ။

ခိုင်မာတဲ့သတင်းသိလိုရင် ရေဒီယိုသတင်းတွေကို ဖတ်သင့်။ ရေဒီယိုတွေမှာ ဒါဘယ်လ်ချက် ဆိုတာ လုပ်ရတယ်။ တချို့မီဒီယာတွေကလည်း မှန်တာများတယ်။ ရွေးတတ်ရပါမယ်။

ဘာဝယ်ဝယ် ရွေးတတ်ရတယ်။ အလာကားပေးတာလည်း ယူသင့်မှ ယူရတယ်။ ရွေးတတ်ခြင်းဟာ ပညာဖြစ်တယ်။

ရွေးချယ်ခြင်းသိပ္ပပညာ
၁။ တည်ငြိမ်ပါ၊ ပျာယာမခတ်ပါနဲ့။
၂။ တိုင်ပင်သင့်သူ မေးသင့်သူတွေကို မေးပါ။
၃။ မှန်တာသင့်တာ ဘယ်ဟာတွေလဲ စာရင်းချပါ။
၎။ အဲတာတခုစီရဲ့ အကောင်းနဲ့ အဆိုးတွေက ဘာတွေလဲ။
၅။ ဘယ်အရာကိုမှ ပိုမတွက်ပါနဲ့။ လျော့မတွက်ပါနဲ့။

အဝတ်အစား အပြောအဆို အရေးအသားနဲ့ လူလိမ်မှန်းသိဘို့ခက်တယ်။ နောက်လိုက်နောက်ပါများတိုင်း လူမှန်ဟုတ်ချင်မှ ဟုတ်မယ်။ ပို့စ်တွေမှာ လိုက်ခ်များတိုင်း မှန်တာ ကောင်းတာ မဟုတ်နိုင်။ ဖေါ်လိုဝါများတိုင်း လူကောင်း မဟုတ်တတ်။

လူညံ့ ပညာနည်း လူပြိန်းတွေရဲ့ အားနည်းချက်ကို လူလည်လူရှုတ်တွေက အသုံးချတတ်ကြတယ်။ ကမ္ဘာပေါ်မှာ အဲလိုလူစား ၂ မျိုးရောနေတယ်။ မြန်မာပြည်မှာလည်း အတူတူပဲ။

ဒေါက်တာတင့်ဆွေ
၎-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး