Questions on 19-10-2019

တဆောင်းသစ်ပြန်ပြီ

ဟိုအရင်ကတည်းက အလွန်နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ ကိုသန်းလှိုင်သီဆိုတဲ့ တဆောင်းသစ်ပြန်ပြီသီချင်းကို နောက် အဆိုတော်တွေက ဆိုကြတယ်။ ဆိုတာတွေတော့ ကောင်းပါရဲ့ သီချင်းခေါင်းစဉ်ကို သတ်ပုံမှားရေးထားကြတယ်။ မလုပ်ကောင်းပါ။

မြန်မာစာ တဆောင်းသစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

ရွှင်လန်းလို့ရေးရတယ်

မင်္ဂလာပါဆရာကျန်းမာရွှေလန်းပါစေ

ရွှင်လန်းလို့ရေးရတယ်။ ရွှင်ပျ၊ ရွှင်ပြုံး၊ ရွှင်မြူး၊ ရွှင်လန်း။

ရွှေကျင်မြို့
ရွှေကျင်ခပ်ပဝါ
ရွှေချည်ထိုးအထည်
ရွှေချီဆနွင်းမကင်း
ရွှေချီမှုန့်
ရွှေတိဂုံစေတီ
ရွှေကြို
ရွှေပွတ်
ရွှေပိန်းချ
ရွှေဖီမိုးလွတ်လက်ဖက်ခြောက်
ရွှေမျက်ပါးခတ်
ရွှေမျဉ်းဓမ္မသတ်
ရွှေမှုန်ဝါး
ရွှေယက်ပြား
ရွှေပြားခတ်
ရွှေရည်စိမ်
ရွှေအပ်ငရုတ်
ရွှေစောင်း
ရွှေလှောင်စက္ကူ

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၈
၁၉-၁၀-၂၀၁၉

လဘက်ရည်တခွက်၊ အိုက်စကရင်းတခွက်၊ တကို တစ်မလုပ်ထားပါဘူးဆရာ။

ကျေးဇူး။

ဗန်းမော်တင်အောင်

ပြည်သူ့စာဆို ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၁ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားဖိတ်စာ တွေ့တယ်။

ဗန်းမော်တင်အောင်ဟာ အလွန်ထင်ရှားတဲ့ စာရေးဆရာတဦးဖြစ်ပါတယ်။ ကျွန်တော်ငယ်စဉ်က သူ့စာတွေ အတော်များများ ဖတ်ခဲ့ရတယ်။ ကောင်းတယ်။

ခုခေတ်မှာ ဗန်းမော်တင်အောင်ကို ချီးမွမ်းသူတွေက လဘက်ရည် (တစ်) ခွက်သောက်ပြီး၊ အိုက်စကရင်း (တစ်) ခွက် စားနေကြသလား မသိပါ။ သူတို့က ဘဲနေရာမှာ ပဲလို့သာရေးတယ်ထင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို

အခြားကြောင့်မဟုတ်ပါဘူးလို့ပါတဲ့ ဗန်းမော်တင်အောင်စာအောက်မှာ ရေးလာတယ်။

၁။ ရေးခဲ့ဖူးပြီ ကမှားသလားဆရာ

၂။ ရေးခဲ့ဘူးပြီ လို့မရေးပဲ ရေးခဲ့ဘူးပီ မှားနေတာလားဆရာ

ပီ လို့ မြန်မာသတ်ပုံးစာအုပ်ထဲမှာ မရှိပါ။

ဆေးလိပ်လက်ဆောင်
မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာ မကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။ (မယ်ခွေ)

ဘူးနဲ့ ဖူးကို ဝိဝါဒကွဲနေကြတယ်။ နောက်ထပ်တပုဒ်ကိုလည်း ပြောဦးမယ်။

ဆေးတံတို

ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ပေး။

မယူလိုက်က မိုက်လို့ထင်
ယူလိုက်ပြန်က ကြိုက်လို့ထင်
သောက်စေချင်
ကုတင်တွင်ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး။ (မယ်ခွေ)

၃။ မဝယ်ဘူး မဝယ်ဘဲ အတူတူ ထင်တယ်ဆရာ

မဝယ်ဘဲ နဲ့ မဝယ်ဘူး မတူပါ။ မဝယ်ဘဲဆိုတာ အလာကားတောင်းတာ၊ မသိအောင်ယူတာ ဖြစ်နိုင်တယ်။ မဝယ်ဘူးဆိုတာ ဝယ်မလာမေးတာကို ငြင်းဆိုတာ။ ဝယ်တာမဟုတ် ကိုယ့်မှာရှိနေတာလို့ပြောတာလည်းဖြစ်နိုင်တယ်။

မယ်ခွေကဗျာက နောက်ဆုံးပြောသလို။ သူကိုယ်တိုင်ခူးလာတာ။ ဝယ်လာတာ မဟုတ်ပါတဲ့။ ကဗျာဆိုတာ စာတလုံး မလွဲသင့်ပါ။

ကုတင်လို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

မြန်မာစာ ဖေါ်မြူလာတွေကို မေးခွန်းထုတ်ခြင်း

မကြာခဏလာတဲ့ ကွန်မင့်။ ခဏခဏတင်ရတာ အားနာ။ မ ဘူး (မ) နောက်မှာ (ဘူး) လိုက်တယ်လို့ ငယ်ငယ်က သင်ခဲ့ရဖူးတယ် တဲ့။

မြန်မာစာမှာ ဖေါ်မြူလာနဲ့သင်တာဟာ နေရာတိုင်းမှာ မမှန်ကြောင်း အကြိမ် တရာလောက် နမူနာတွေနဲ့ တင်ပြထားပြီး။

ဓါ နှင့် ဓာ ပဲ နှင့် ဘဲ https://doctortintswe.blogspot.com/2018/04/blog-post_55.html

ပဲ နှင့် ဘဲ https://doctortintswe.blogspot.com/2016/12/blog-post_37.html

ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://doctortintswe.blogspot.com/2018/10/blog-post_6.html

ပဲလား ဘဲလား https://doctortintswe.blogspot.com/2019/04/blog-post_40.html

ဘူး ဖူး ဗူး (သို့) မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://doctortintswe.blogspot.com/2016/07/blog-post_31.html

မြန်မာစာ ဖေါ်မြူလာတွေကို မေးခွန်းထုတ်ခြင်း https://doctortintswe.blogspot.com/2016/11/blog-post_31.html

မြန်မာစာနှင့် ယူနီဖေါင်း https://doctortintswe.blogspot.com/2019/03/blog-post_315.html

ကျေးဇူးကို မထောက်ပဲ https://doctortintswe.blogspot.com/2018/11/blog-post_890.html

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

Alcohol and breastfeeding နို့တိုက်မိခင်နဲ့အရက်

ဆရာရှင့် နို့တိုက်မိခင် အသက် ၃၃ ကလေး က ၄ လ ခောင်ရည်၊ ဝိုင် သောက်လို့ ရပာသလား ဆရာ

Alcohol and pregnancy အရက်နဲ့ကိုယ်ဝန် https://doctortintswe.blogspot.com/2014/11/alcohol-and-pregnancy.html
Alcohol and breastfeeding နို့တိုက်မိခင်နဲ့အရက် http://doctortintswe.blogspot.com/2015/09/alcohol-and-breastfeeding.html

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

Gingivitis သွားဖုံးရောင်ခြင်း

မင်္ဂလာပါဆရာ ကျွန်တော် အသက် ၃၁ပါ အိမ်ထောင်ရှိ။ တုတ်ကွေးဖျားပြီးလို့ ပျောက်တာ ၅ ရက်ရှိပါပြီ။ သွားဖုံးတွေ အာခေါင်တွေ ရောင်နေလို့ပါဆရာ။ ဆေးထိုးတာ သွားဖုံးရောင် မသက်သာလို့ပါဆရာ ဘယ်လို လုပ်ရမလဲ ညွှန်းပြပေးပါဆရာ။

Gingivitis သွားဖုံးရောင်ခြင်း https://doctortintswe.blogspot.com/2017/07/gingivitis.html

ကနေ့မနက် မေးခွန်းတွေ ၂၀ ကျော်ပြီ။ ဒီတခုသာ ဖေါင့်ပြောင်းရသေးတယ်။ ကံကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

X-ray Spectroscopy မူးယစ်ဆေးစစ် ဓါတ်မှန်စက်

မင်္ဂလာပါဒေါက်တာခင်ဗျာ အသက် ၂၉နှစ်ယောက်ျားလေးပါ ကုန်တင်ကားတွေကို နေ့တိုင်းဖြတ်နေတဲ့လမ်းမှာ သူတို့ အခေါ် X-ray စက်နဲ့ မူးယစ်ဆေး လက်နက် အစရှိတာတွေကို စစ်နေတာကားတွေကို အဲဒီ့စက်အောက်က နေ့တိုင်းဝင်ခိုင်းနေတာ သိချင်တာက တခါတလေသွားရတာအကြောင်းမဆန်းပေမယ့် အနီးနာရွာတွေက နေ့စဉ်ကျောင်းကြိုပို့ကားတွေ ဖြတ်ခိုင်းနေတော့ နေစဉ်အဲဒီ့ x-ray စက်ကိုဖြတ်ရတာလူကို ကျန်းမာရေးထိခိုက်နိုင်ပါသလားဒေါက်တာ

The purpose of the paper was to show X-ray techniques used to discover drugs transported inside the body (body packers), on the body surface, in the garments or luggage, in goods and vehicles. The analysis was based on the X-ray findings of 141 body packers caught in Hamburg between 1989 and 2004 as well as individual cases from personal collections. The use of X-rays for border and security checks is described, different technical concepts are demonstrated and examples are given, e. g. transmission (fluoroscopic) and backscatter imaging of humans, luggage, goods, and vehicles as well as X-ray spectroscopy. The results showed that body packers produce characteristic findings in native X-ray photographs, which are even more pronounced in CT scans and after application of contrast media. Backscatter imaging allows the investigation of the body surface and the clothing. Transmission and backscatter imaging is suitable for checking humans, goods, passenger cars, trucks and containers. With the help of X-ray spectroscopy suspicious substances can be identified without opening the packaging material. According to present findings, the radiation dose applied seems low compared with exposure to environmental radiation and cosmic radiation during flights. The pictures obtained with the backscatter technique show the person checked in the nude, which raises the question of privacy versus the right of the state to carry out inspections and controls.

၂၀၀၆ မှာလုပ်တဲ့သုတေသနဖြစ်တယ်။ စိုးရိမ်စရာ မရှိလောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

Mercury in fish မာကျူရီ နှင့် ငါး

မင်္ဂလာပါ ဆရာရှင့် အသက် ၃၀ ကိုယ်ဝန်ပတ် ၃၀ပါ ကိုယ်ဝန်ဆောင်သည်က မာကျူရီပါတဲ့ငါးမစားရဘူးလို့ဆိုပါတယ်။ မာကျူရီပါတဲ့ငါးတွေက ဘာတွေပါလဲရှင် ပြီးတော့ ဘာငါးတွေစားရပါမလဲရှင် ကျေးဇူးတင်ပါတယ်ရှင်။

ဓါတုဆေးတွေပါတာမှန်သမျှ ကလေး လူကြီး ကျား မ ကိုယ်ဝန်ရှိရှိ မရှိရှိ မသင့်။

ငါးတွေနဲ့ ပင်လယ်စာတချို့ရဲ့ကိုယ်ထဲမှာ မာကျူရီ ခေါ် ပြဒါးဓါတ်ပါနေတယ်။ Methylmercury ခေါ်တယ်။ များရင် အဆိပ်သင့်တာဖြစ်မယ်။ ငါးအမျိုးအစားနဲ့ ပင်လယ်နေရာတွေအရ အနည်းအများမတူပါ။

ကလေးတွေမှာဖြစ်ရင် ပိုဆိုးတယ်။ ငါးစားသူလူမျိုးစုအလိုက် ဖြစ်တာ မတူတဲ့လေ့လာမှုတွေရှိတယ်။ ယူအက်စ်အေမှာ ဌာနေအမေရိကန်တွေ၊ အာရှသွေးပါသူတွေ၊ ကျွန်းမှာနေထိုင်သူ အမျိုးသမီးတွေမှာ ၁၆့၉% ပါနေတာတွေ့ရတယ်။ လုပ်ငန်းခွင်သဘောအရ များနေသူတွေလည်းရှိတယ်။ ကိုယ်ဝန်ဆောင်တွေ ပိုသတိထားရတာ မှန်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

စွဲ နှင့် ဆွဲ

၁။ သူငယ်ချင်းနဲ့ ငြင်းနေတာဆရာ ကျွန်တော်က (အထုပ်ဆွဲ) သူက(အထုပ်စွဲ) အဖြေမှန် သိချင်လို့ ကျေးဇူးပါဆရာ။

အကိုက်အခဲပျောက်ဆေးထုပ် စွဲနေသည်။ အပြန်မှာ ခေါက်ဆွဲတထုပ် ဆွဲခဲ့ပါ။

၂။ ဆရာရှင့် ကျေးဇူးပြု၍ စွဲ နှင့် ဆွဲ ကိုလဲ ခွဲခြား ရှင်းပြ ပေးပါလားရှင်။ ယခု face book မှာ တော်တော်များများ မှားနေကြပါတယ်။

ဆွဲဆောင့် ပစ်ချင်တယ်အစား စွဲဆောင့်၊ စွဲလမ်းအစား ဆွဲလမ်းလို့ရေးနေကြပါတယ်။

၃။ ဆရာရှင့် အသက်က ၂၇နှစ်ပါ။ ဆေးကို အကြာကြီးဆွဲသောက်သင့်ပါသလား။

ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း စွဲစွဲမြဲမြဲသောက်ပါ။ အချိန်မဆွဲပါနှင့်။

၎။ ကြိုက်တဲ့အစာတွေ့တော့ စွဲပြီ။

သည်ဆိုင်ကအစားအစာတွေကို စွဲနေပြီ။ ဘန်းစကားဆိုရင် စားတော့မယ်ကို ဆွဲပြီ။

ဆွဲ
ဆွဲ၍လိမ်သည်။
ဆွဲကိုင်သည်
ဆွဲချိတ်ရှိသလား။
ဆွဲချိန်ခွင်။
ဆွဲချိုင့်နဲ့ ထမင်းဝယ်လာ။
ဆွဲငင်သည်
ကမ္ဘာမြေကြီးဆွဲငင်အား
ဆွဲကြိုးချသေဆုံး။
ဆွဲကြိုးတန်ဆာ။
ဆွဲမီးအိမ်
ဆွဲခြင်းနဲ့ ဈေးသွား။
ဆွဲဖြတ်သည်
ဆွဲအံ (အံဆွဲ)။
တုတ်ဆွဲ ဓါးဆွဲ။
မီးပုံးဆွဲထားသည်။
အချိန်ဆွဲနေသည်။
အုန်းသီးဆွဲထားသည်။

စွဲ
စွဲချက်တင်။
စွဲစွဲမြဲမြဲ။
စွဲငြိနေပြီ။
စွဲလန်း။
စိတ်ထဲမှာစွဲနေ။
တရားစွဲ။
ဘာသာရေးအစွဲ။
အသည်းစွဲ။
ဆေးစွဲနေသည်။
ရောဂါစွဲကပ်နေသည်။
နိုင်ငံရေးအစွဲ။

ဆွဲကို ဘန်းစကားအနေနဲ့သုံးတာလည်းရှိတယ်။ ယူခဲ့ပါ၊ ဝယ်ခဲ့ပါ။ မုံ့ဟင်းခါးတပွဲ ဆွဲခဲ့ပါ။ စားမယ်ကိုလည်း ဆွဲမယ်လို့ပြောကြတယ်။ စွဲနေတာနဲ့ မတူပါ။ ဒီဆိုင်ကအစားအစာကို စွဲနေတယ်။ ဆွဲတော့မယ်။

မှိုင်းစွဲနေတဲ့ လက်ဆွဲမီးအိမ်ကို ချိတ်ဆွဲထားသည်။
တပ်စွဲထားသည်။ စစ်ပွဲကို အချိန်ဆွဲပြီးမတိုက်ပါနှင့်။
ဆေးကိုစွဲစွဲမြဲမြဲသောက်ပါ။ အချိန်ဆွဲမနေပါနှင့်။
လွန်ဆွဲပွဲမှာ ဆေးစွဲနေသူတွေဘက်က ရှုံး၏။
ချိုင့်ဆွဲ လက်ဖက်ရည် ဝယ်ခဲ့မည်။
အဲဒီ ချိုင့်ဆွဲကို စွဲနေသည်။
အစွဲချွတ်မရသူတွေ များပါသည်။

ဒေါက်တာတင့်ဆွေ

ပင်ပန်း ပန်းပင်

၁။ ပင်ပန်း နဲ့  ပင်ပမ်း ဘယ်တခုအမှန်လဲ ဆရာ

၂။ ပမ်း နဲ့ ပန်းကိုလည်း သိချင်ပါတယ်ဆရာ။ ပင်ပမ်းတာနဲ့ ပင်ပန်းတာ ရောထွေးနေလို့ပါဗျ။

ပင်ပန်း ပန်းပင်လို့ မှတ်ပါလို့ ရှစ်တန်းကတည်းက ဆရာ ဘုတလင်ချစ်လေးက သင်ပေးတာ ခုထိ မမေ့ပါ။

ပန်း
ကိုယ်ပန်းစိတ်ပန်း
ခါးပန်းကြိုး
ငလင်ပန်း
နားပန်းသတ်သည်
ပင်ပန်း
ပန်း၍တက်

ပန်း၍ထွက်
ပန်းကုံး
ပန်းကန်ပြား
ပန်းခုံ
ပန်းချဉ်ပေါင်
ပန်းချီ
ပန်းစုံငါးပိ
ပန်းစည်းကြိုး
ပန်းစွဲသရက်ပင်
ပန်းဆွတ်
ပန်းဆွဲရေကျ
ပန်းညိုပင်
ပန်းတုံးတိုင်
ပန်းတည်ခုံ
ပန်းတဉ်း
ပန်းတိုင်
ပန်းတမော့
ပန်းထိမ်
ပန်းထိမ်ငိုပန်း
ပန်းထိမ်ဖိုငှက်
ပန်းကြိုး
ပန်းနာရောဂါ
ပန်းပွတ်
ပန်းပု
ပန်းပဲ
ပန်းဖွား
ပန်းခြံ
ပန်းမန်
ပန်းမုန့်ညက်
ပန်းမုန်လာ
ပန်းယွန်း
ပန်းပြထားသည်
ပန်းပြားပင်
ပန်းပြားပင် = ဘဲ့ပြားပင်
ပန်းမြိုင်လယ်
ပန်းရက်
ပန်းရည်စုပ်ငှက်
ပန်းရွဲ
ပန်းလည်တိုင်
ပန်းဝတ် = ပန်းဝတ်ဆံ
ပန်းဝတ်ရည်
ပန်းသုံးပင် = သော်ကပင်
ပန်းသိင်္ဂါ = ရွှေရောင်ရှိသောပန်း
ပန်းအိပင်
ပန်းဥ
ပန်းဂေါ်ဖီ
ပန်းတော့
ပန်းခြောက်
ပန်းပြောက်
ပန်းသေပန်းညှိုးရောဂါ
ပန်းနုရောင်
မျက်နှာပန်းလှသည်
မြန်မာပန်းတျား = စန္ဒယား
လမ်းပန်းဆက်သွယ်ရေး
လှည်းဆောင်ပန်း
ဝမ်းပန်းတသာ
သုံးပန်း
သင်းခွေပန်း
အိမ်ပန်းဆွဲ
ငွေကုန် လူပန်း
ဘေးကပန်းထားသည်
မေတ္တာပန်း
ရေပန်း
နှင်းပန်း = အတူတူ ရည်တူ

ပမ်း
ကြိုးပမ်း
လက်ပမ်းလက်ဝှေ့
လက်ပမ်းပေါက်ခတ် = လက်ခမောင်းခတ်
လက်ပွေ့လက်ပမ်း
ခြေကုန်လက်ပမ်းကျ

နသတ် = ပန်းသည်၊ ဗာဟီသန္တာန်၊ အသံ ပညတ် လဟု မှတ်။
မသတ် = ပမ်းမှတ်၊ အဇ္ဈတ်သန္တာန်၊ အသံပရမတ်၊ ဂရု မှတ်။

ဒေါက်တာတင့်ဆွေ

The Guns of Navarone လက်နက်ကြီး

မြန်မာစာအရေးအသားနဲ့ သတ်ပုံစာတွေကို နည်းနည်းလေးမှာ သဘောမကျသူတွေ၊ တစက်ကလေးမှာ မဖတ်ချင်သူတွေ မကြာခဏတွေ့တယ်။

သူတို့အကြောင်းပြချက်တွေက အမျိုးမျိုး။ နောက်ဆုံးလာတဲ့ ကွန်မင့်နှစ်ခုက ဘုရားဟောမဟုတ်လို့နဲ့ ဂေါတမ မြတ်စွာဘုရားတောင် ဟောမရသူတွေရှိလို့ ဆက်ရေးမနေပါနဲ့တဲ့။ ဘုရားတည်းဟူသော လက်နက်ကြီးသုံးတာ။

The Guns of Navarone ရုပ်ရှင်ကို ငယ်ငယ်ကတည်းကကြည့်ရတယ်။ နောက်လည်း ထပ်ကြည့်ဖြစ်တယ်။ ကောင်းတယ်။ ၁၉၆၁ ကရိုက်ကူးတာ။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်မှာ ဗြိတိသျှစစ်သည်တွေရဲ့ စွန့်စားခန်း တကဲ့အဖြစ်အပျက်။ ဂရီဂိုရီပက် က မင်းသား။ ဂျာမန်တွေနဲ့ တိုက်ကြတာ။

ဆက်ရေးပါမည်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

Exile Life ပြည်ပမှာတုန်းက

ကွန်မင့်တခု ရတယ်။ တို့ခေတ်ကိုတော့ရောက်ရမည်မလွဲပါ (ကျွန်တော်ရေးတာ မှားသွားရင် ခွင့်လွှတ်ပေးပါခင်ဗျာ) ဆိုသလိုပဲ။ အဲဒီစာကြောင်းစာအုပ် တွေ့မိရင် သိပ်ရီချင်တာပါပဲခင်ဗျာ။ ဘယ်တုန်းက ထုတ်ခဲ့မှန်းတောင်မသိတော့ပါဘူး။ စာအုပ်တွေရဲ့ ဇာတ်သိမ်းခန်းမှာ အာရုံတက်စနေဝန်းကြီးကိုကြည့်ပြီး ရောင်နီတော့လာပြီဆိုတာမျိုးချည်းပဲ။ ရေးတဲ့သူတွေသာ နှစ်ဘဝ၊ သုံးဘဝလောက်သာ ပြောင်းသွားတယ် တို့ခေတ်ကတော့ ရောက်မလာသေးဘူး။ မြန်မာစာရော၊ မြန်မာပြည်ကြီးရော စိတ်ထဲမှာ ချစ်ခင်တဲ့စိတ်မျိုးနဲ့ ပြောကြည့်မိတာပါဆရာ။ ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ပေးပါခင်ဗျာ တဲ့။

သီချင်းရှိတယ်။ နိုင်ငံရေးတွေ လူမှုရေးတွေမှာ အဲလိုဖြစ်တတ်တာမျိုးတွေကို မရေးတော့ပါ။ ဖတ်ဘူးတာ ကြားဘူးတာတွေသာမက တကယ်ကြုံရတာတွေ များတယ်။

မိုးကုတ်ဆရာတော်ကြီးတရားတွေ ငယ်ငယ်ကတည်းက ကြားခဲ့ရတယ်။ နာတာမဟုတ်ပါ။ မုံရွာမှာ အိမ်တွေ အတော်များများက ကက်ဆက်နဲ့ ဖွင့်ကြတာကို ကြားရတာ။ အခုတော့ နာတာ။ မနေ့က တရားတပုဒ်မှာ ရှုစရာကိုရှုနေပါ၊ ငါ့မှာ ပါရမီမရှိလို့ဆိုပြီး အားငယ်နေစရာမလိုဘူးလို့ပါတယ်။ ဒီတသက်တော့ ရမှာမဟုတ်ဘူးသဘောထိ ခက်ခဲလွန်းအောင် ဟောတာမျိုးတွေလည်းရှိတယ်။

ဘုရားဖြစ်ဖြစ်ခြင်း တရားဟောဘို့တောင် စိတ်ပျက်သွားခဲ့သေးတာ။

ဘယ်သူတွေ ဘယ်လိုပြောပြော ရေးရေး၊ ဟောသူ နာသူ၊ ရေးသူ ဖတ်သူ၊ လူအမျိုးအစား မတူကြပါ။ သည်အတိုင်း တွဲရှိနေကြပါမယ်။

တိုင်းပြည်ကထွက်ပြီး ဒီမိုကရေစီလုပ်ခဲ့တာ ၂၄-၂၅ နှစ်ကြာတယ်။ တချို့က အားပေးတဲ့စကားတွေ ပြောကြတယ်။ ကူညီကြတယ်။ တချို့က သနားပါတယ်ဆိုတဲ့မျက်လုံးနဲ့ ကြည့်ကြကြောင်းကို တော်တော်နဲ့ မသိခဲ့ပါ။ လုပ်မနေနဲ့ ရမှာမဟုတ်ဘူးလို့ ပြောသူတော့ တယောက်တလေ မတွေ့ခဲ့ပါ။

အဲလိုအပြောမခံရခြင်းဟာ ဆုလာဘ်တခုဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

Common Cold in children ကလေးတွေ အအေးမိရင်

ဆရာရှင့် ယောက်းကျားကလေး အသက် ၉ရက်ဘဲရှိပါသေးတယ် ခုညမှာ နှာစေးလာလို့ပါ နှာခေါင်းပိတ်လို့ထင်ပါတယ် အရမ်းငိုနေပါတယ်  နို့တော့ အရင်လောက်တော့မစို့နိုင်ဘူးဖြစ်နေတယ် ဘာတွေများသက်သာအောင်လုပ်လို့ရနိုင်မလဲရှင့် အချိန်ကလဲ ည ၁၂နာရီထိုးတော့မှာမို့ဆေးခန်းသွားလို့မရနိုင်တော့လို့ပါ

Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html

Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် http://doctortintswe.blogspot.com/2014/12/humidifiers-for-babies.html

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

ဘာကန်တော့ချင်သလဲ

ဆန် ဆီ ဆား ငရုတ် ကြက်သွန်။ ကာရန်ပါပေမဲ့ ကဗျာဆန်တယ်။

သွေးဖိအားတိုင်းကရိယာ သီတင်းကျွတ်မှာ ကန်တော့စရာလို့ စာရေးတဲ့သူကို ဆန်နဲ့ ဆီ လာကန်တော့တယ်။

ကန်တော့သူတွေအတွက် အလိုအပ်ဆုံးက ကျန်းမာရေး။ နေကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

စပယ်ပန်း

ပန်းတခိုင်တွင် သုံးလေးပွင့်ခန့်သာ ဖူးပွင့်သည်။
ပွင့်ချိန်လည်း တချိန်တည်းဖြစ်သည်။
တပွင့်ချင်း ဖူးပွင့်၍ အပွင့်ကြီးပြီး ပွင့်အာစ နှင်းဆီငုံကလေးများနှင့် တူလေသည်။

ရွှေသွေးဂျာနယ်ကစာ ဖြစ်ပါတယ်။ စပယ်သတ်ပုံနဲ့ တကို အမှန်အတိုင်းသာရေးသားရပါကြောင်း ထပ်လောင်း တင်ပြလိုက်ပါတယ်။ (တစ်) ခိုင် မဟုတ်၊ (တစ်) ချိန် မဟုတ်၊ (တစ်) ပွင့် မဟုတ်ပါ။

မြန်မာစာ စပယ်လို့မွှေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၈
၁၉-၁၀-၂၀၁၉

Jasmine စပယ် နှင့် စံပယ်

၁။ ဆရာ ၁၉၇၀ လောက်က သီချင်းတွေထဲမှာ စပယ်လို့ပဲရေးတာတွေ့တယ် အခုမှဘာလို့ စံပယ်လို့ဖြစ်ကုန်တာလဲဆရာ ဆရာရေးထားတာလဲတွေ့ပါတယ် ကျနော်တို့ကျောင်းမှာသင်ခဲ့ရတာက စံပယ်လို့ပဲသင်ခဲ့ရလို့ပါ။ အချိန် သိပ်မကြာသေးတာကို မြန်မာစာပေက အတော်ပြောင်းလဲသွားတာလားဆိုတာ စဉ်းစားမိနေတယ်ဆရာရေ။

၂။ ဆရာရေ စပယ်ပန်းရေးတဲ့ စာလုံးပေါင်း ပြန်တင်ပေးပါဦးခင်ဗျာ။ စံပယ်ပင် စံပယ်ပန်း စပယ် စပါယ် ရှုပ်ကုန်လို့

စပယ် တကုံး
ဘယ်လို သုံးမလဲ
ပြုံး၍ မေးသည်
မယ်အုံက ဆံထုံးမှာ ပန်မည်

ယုန်လေးတကောင်
တောင်ကုန်းနားမှာ
ခုန်၍ ပြေးနေသည်
မယုံလျှင် သွားကြည့်ပါ
မကြုံစဘူး လှသည်

ကျွန်တော်တို့က စပယ်ပန်းနဲ့ ကြီးပြင်းလာရတာ။ သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့သင်ခဲ့ရတယ်။ အရင်ထုတ်သတ်ပုံမှာ စံပယ်ပန်းလို့လည်း ရေးတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာ စပယ်လို့ ရိုက်နှိပ်ထားပါတယ်။

ခုခေတ်ထုတ် စတုတ္ထတန်းမြန်မာဖတ်စာမှာ စံပယ်တဲ့ လေးရုံ၊ ပျိုတို့မောင် မပန်ထိုက် ပန်ပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် တစ်ငုံဖြင့် ကျန်ပါသေးတယ်လို့ ရိုက်ထားတယ်။ ကဗျာခေါင်းစဉ်ကို စံပယ်ရုံလို့ ပေးထားတယ်။ အမှန်က ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာဖြစ်ပါတယ်။ တငုံကျန်ပါသေးသာဖြစ်ပါတယ်။

စပယ်တဲ့ လေးရုံ
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက် ကြုံ
အပွင့်ရယ် ကုန်
တငုံ ကျန်ပါသေး
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
ခေါင်း ဖြီးခဲ့လေး။

ကျွန်တော်တို့ငယ်ငယ်က စပယ်ပန်းရော မြန်မာစာပါ မွှေးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၀-၂၀၁၉

ပိုတော်ကြလို့ မထင်နိုင်ကြောင်းပါ

၁။ ဆဲ့နှစ်ရာသီ = ဆယ့်နှစ်ရာသီ။ အရင်ကအသုံးအနှုန်းလေးတွေသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာခင်ဗျား ဆဲ့ ဆိုတဲ့သတ်ပုံသည် ရှေးကျတိုင်း စာလုံးပေါင်းအမှန်လို့ ဆိုနိုင်သလားခင်ဗျား။

ဟောင်းတိုင်းမှန်တယ် သစ်တိုင်းမှန်တယ်လို့တော့ မရှိပါ။ နမူနာတွေ တရာလောက် တင်ပြထားပြီးပြီ။ မှားတာဟာ သစ်သစ် ဟောင်းဟောင်း အမှားပဲဖြစ်တယ်။ မြန်မာစာမှာရော အင်္ဂလိပ်စာမှာပါ မူကွဲစာလုံးတချို့ရှိတယ်။

အရင်ထုတ်ထုတ် အခုမှထုတ်ထုတ် သတ်ပုံစာအုပ်မဟုတ်ရင် အကိုးအကားယူရတာ စဉ်းစားရတယ်။

မြန်မာစာမှာ ဟိုအရင်ကသုံးခဲ့တာတွေတချို့ကို နောက်မှာ မသုံးတာမျိုးရှိတယ်။ မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ ယ္ခု၊ မြမ္မာ၊ သ္ခင်၊ ဥူး၊ တွေကိုလည်း အခု မရေးကြတော့ပါ။ သဲး၊ စွဲး၊ စဲး၊ ထဲး၊ ဆဲး၊ ရွဲး၊ ခဲး၊ ပဲး၊ ဧး၊ စတာတွေမှာ (း) မထည့်ပဲ ရေးလာကြတယ်။

အရင်က မြောက်ကို မြောံ၊ ပျောက်ကို ပျောံ စသဖြင့်ရေးခဲ့ကြတယ်။ ကသတ်ထည့်ရေးတာက ပိုပြီးရှင်းတယ်။ အဲလိုပြောင်းလဲခြင်းမျိုးကသာ ခေတ်အရပြောင်းတာမည်ပါတယ်။ ပိုပြီးရှင်းတာနဲ့ လွယ်ကူပြီး အဓိပ္ပါယ်လည်း မပျက်တာမျိုး။

ပဌဝီလို့ရေးတဲ့စာအုပ်ဖုံးတခု တင်လိုက်တယ်။ အခု ပထဝီလို့သာရေးပါတော့တယ်။ ပဌဝီက ပိုမှန်တယ်လို့ မပြောပါ။ ပဌမ နဲ့ ပထမ၊ သမ္မတ နဲ့ သမတ၊ ဒါး နဲ့ ဓါး၊ ဆဲ့ နဲ့ ဆယ့် စတာတွေက မူကွဲတွေဖြစ်တယ်။

ကနေ လူအများစုကြီးက တဝမ်းပူ မှန်သမျှကို ၉၀% မက စသတ်ရေးနေတာကို ဝန်ကြီးကရေးရေး၊ ဆယ်လီကရေးရေး ကျွန်တော်ကတော့ မှန်တယ်လို့ မထင်ပါ။

ဒီပနီထိုထိုများကိုလ ကိုယ်တော်စားရယ်တဲ့ တည်ရစ်စေ။ တရာကျော်စီရင်ထားတယ်၊ များဘိအခြေ၊ နောင်ရေးတွေ မျှော်ပေရဲ့ဘုရား။ ။ အံ့သြဘွယ်ဂုဏ်တော်ထူးကို။ ဦးညွှတ်လို့တွား။

လယ်တီပဏ္ဍိတဦးမောင်ကြီးစာပါတဲ့ နန္ဒမာလိနီ ကဗျာစွယ်စုံကျမ်းကြီးစာအုပ်ကို သခင်ကိုယ်တော်မှိုင်းက အမှာစာ ရေးပါတယ်။ တရာကျော်စီရင်ထားတယ်လို့ ရေးပါတယ်။ အဲဒီသတ်ပုံတွေကို ပြင်ရေးသူတွေဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးနဲ့ သခင်ကိုယ်တော်မှိုင်းတို့ထက် မြန်မာစာ ပိုတော်ကြလို့ မထင်နိုင်ကြောင်းပါ။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ

မုံ့စားကြမလား

ခုနစ်ကြိမ်လောက်ရှိပြီ တင်ရတာ။ သိပြီးသူတွေ ဆောရီး။

၁။ မုန့်ဟင်းခါး လို့ရေးရင်ကော မှန်နိုင်ပါသလားဆရာ

၂။ အခုခေတ်မှာ မုန့် လို့ရေးနေရတယ်။

၃။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။

၎။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။

မုံ့ဖက်ထုပ်လို့သာ ရေးခဲ့တယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။

မုန့်လို့ မြန်မာစာသတ်ပုံမှာ အရင်ကမရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာ ရှိတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာလည်း မုံ့ လို့သာသုံးပါတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မှုန်ရွှေရည်နှင့် မုံ့ဖက်ထုပ် https://doctortintswe.blogspot.com/2017/12/blog-post_1.html
မုံ့ နဲ့ မုန့် https://doctortintswe.blogspot.com/2016/10/blog-post_78.html
မှားနေသည်တမုံ့ https://doctortintswe.blogspot.com/2019/05/blog-post_871.html
မုံ့ပဲသွားရည်စာ https://doctortintswe.blogspot.com/2019/01/blog-post_818.html
နှစ်သစ်မှာစား မုံ့ဟင်းခါး https://doctortintswe.blogspot.com/2019/01/blog-post.html

ဒေါက်တာတင့်ဆွေ

Gastritis အစာအိမ်ရောင်ခြင်း

ကျွန်မက နယ်မှာနေထိုင်တာပါ အသက် ၂၆ ထဲမှာပါ အစာအိမ်ရောင်တာ၊ မကြာခဏ ရင်ပြည့်အစားပျက်၊ ချက်အထက်နား ဝမ်းဗိုက်အနည်းငယ်တင်းသလိုမျိုး မကြာခဏ ခံစားနေရပါတယ်။ တခါတလေ အန်ခြင်းပါဖြစ်ပါတယ်။ ဗိုက်အောင့် ဗိုက်နာခြင်းမျိုး မခံစားရပါ။ နယ်ကဆေးရုံမှာပြပါတယ် ဆေးထိုးတဲ့ရက်ပိုင်းပဲ အစာမကြေတာ သက်သာပါတယ်။ သက်သာစေမဲ့ ဆေးနည်းလေးနဲ့ဆောင်ရန်ရှောင်ရန်များ လေးစားစွာဖြင့်တောင်းခံအပ်ပါတယ် ဆရာ။

Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2016/05/gastritis.html

ဒေါက်တာတင့်ဆွေ

Hiccups ကြို့ထိုးခြင်း

ကျတော်အသက် ၃၄နှစ်ရှိပါပြီ။ ကြို့ထိုးနေတာ ၂ရက်ရှိပါပြီ။ ခဏပျောက်လိုက်ပြန်ပေါ်လိုက်ဖြင့် တနေကုန် ထိုးပါသည်။ ညအိပ်ချိန်သာ သူအလိုလိုရပ်ပီး အိပ်ရပါသည်။ ဘယ်လိုကြောင့်ဖြစ်လည်းဆိုတာ သိလိုပါသည်ခင်ဗျ။ အသက်အောင့်လို့လည်း မပျောက် ရေသောက်လို့လည်းမပျောက်ပါ။ အရင်လထဲကတခါဖြစ်ဘူးပါသည်။ ၃ရက်ထိုးပြီး သူ့အလိုလိုပျောက်သွားခဲ့ပါသည်။ ယခုလတွင်တခါထပ်ဖြစ်လာပါသည်။ကျေးဇူးပြု၍သက်သာအောင် ပြုလုပ်ရမည့် နည်းလမ်းများကို ဖြေကြားပေးစေလိုပါသည်ဗျား။

Hiccups ကြို့ထိုးခြင်း https://doctortintswe.blogspot.com/2017/12/hiccups.html

ဒေါက်တာတင့်ဆွေ

ချောင်းဆိုးနေတာ ၁၅ ရက်လောက်ရှိပါပြီ

ကျွန်မ အသက် ၄၂ နှစ်ပါရှင့် ချောင်းဆိုးနေတာ ၁၅ ရက်လောက်ရှိပါပြီ ည ၁၀ နာရီလောက်ဆိုရင် လည်ချောင်းအလွန်ယားပြီးတော်တော်ဆိုးလာတတ်ပါတယ် ညပိုင်း ဒိန်ချဉ်၊ ပန်းသီး၊ သင်္ဘ࿿ောသီး ရောစားပြီး နောက်တနေ့နံနက်မှာလည်ချောင်းနာရာက  စ ဖြစ်သွားတာပါပဲရှငိ့ သောက်ရမည့်ဆေးလေး ညွှန်ပေးလို့ရရင် ညွှန်ပေးပါဦးရှင်

Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2018/09/bronchitis.html
Chronic Cough ချောင်းဆိုးနေတာ တလလောက်ရှိပါပြီ https://doctortintswe.blogspot.com/2019/05/chronic-cough.html
Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html

ဒေါက်တာတင့်ဆွေ

Uric acid ယူရစ်-အက်စစ်

ဆရာရှင့် ကျမအသက် ၄၆နှစ်ပါ ဇက်ကြောတွေတက် လက်ဖဝါးတွေ မနက်အိပ်ရာထရင်နာနေလို့ ဆေးစစ်ကြည့်တော့ ပုံပါအတိုင်း တွေ့ရပါတယ် ဆောင်ရန်ရှောင်ရန်နဲ့ ဘာဆေးစားသင့်လဲဖြေကြားပေးပါဆရာ

Uric acid ယူရစ်-အက်စစ် https://doctortintswe.blogspot.com/2014/10/uric-acid.html

ဒေါက်တာတင့်ဆွေ

စာဖတ်မရဘူးဆရာ

ဆောရီး။

ဒေါက်တာတင့်ဆွေ

မှန်ရင် အမှတ်မပေးပါ

မုံ့ နှင့် မုန့်အောက်မှာ မေးပါတယ်။ ဆရာရယ် သမီးတို့သင်ခဲ့တာက တမျိုးဆိုတော့ ဘာကိုလက်သင့်ခံရမှန်း မသိတော့ဘူး တဲ့။

စာမေးပွဲဆိုရင် ကျွန်တော်တင်ပြတာကို မရေးနဲ့။ မှန်ရင် အမှတ်မပေးပါ။

ဒေါက်တာတင့်ဆွေ

ဖန်တရာတေသည်

အကြိမ်အဖန်ပေါင်း ရာနှင့်ချီ၍ပြုလုပ်သည်ကဲ့သို့

သံကို အကြိမ်ကြိမ်ထု၍ မာကျောစေသည်ကို တေသည်ဟုဆိုရာ အကြိမ်ပေါင်းတရာမျှ ပြုလုပ်သည်ကိုလည်း တေသည်နှင့်မခြား သဘောကောက်၍ဆိုသည်။ ပကတိအရေအတွက်ကို ဆိုလိုခြင်းမဟုတ်ဘဲ အကြိမ်များစွာဟူသော အနက်၌သုံးသည်။

ဖန် (တစ်) ရာတေသည် မဟုတ်ပါ။ အကြိမ်ပေါင်း (တစ်) ရာမျှ မဟုတ်ပါ။

တချို့က တွေကို တေလို့ မှားရေးနေကြတယ်။ တေဆေးဆိုတာ လူပေလူတေ၊ ပေပေတေတေ၊ ဖန်တရာတေ၊ ဗမာတေဆေး။

ဒေါက်တာတင့်ဆွေ

တပုဒ်လုံး တချက် နှစ်ချက်

ကာတွန်းတွေ မှန်လာ၍ တရားစာတွေ မှားနေ၏

ဒေါက်တာတင့်ဆွေ

ဆံ့ နှင့် ဆန့်

၁၀၀ ဆန့်၊ ၁၀၀ဆံ့လို့လည်းရေးနေပါတယ်ဆရာ။ အမှန်လေးသိချင်ပါတယ်ဆရာ။

ဆံ့ကမှန်တယ်။

ဆံ့
ဆံ့ဝင်သည်
အဆံ့အဝင်
မကန်မဆံ့ဖြစ်သည်
မချိမဆံ့
နားမဆံ့အောင် ကြားသည်
ဘဝဂ်မဆံ့
ဤသေတ္တာမှာ မဆံ့ပါ
ရုံဝင်မဆံ့

ဆန့်
ဆန့်ကျင်ဖက်
အညောင်းဆန့်
ကန့်လန့် ဆန့်ကျင်

၁၆ ကုတင်ဆံ့၊ ၂၅ ကုတင်ဆံ့၊ ကုတင် ၁၀၀ ဆံ့ဆေးရုံတွေမှာ အလုပ်လုပ်ခဲ့တာ ၁၅ နှစ်ကြာတယ်။ ခုခေတ်ကျမှာ ခုတင်တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး