အချစ်ဝိပါက်

မေတ္တာစေကျွန်သီချင်းစာသား တင်ထားတာနဲ့ စာတန်းထိုးတာတွေကိုလည်း ဖတ်ကြည့်ပါတယ်။

မေတ္တာစေကျွန် သစ္စာ ဝန်ထမ်း၊ စခန်းအဆင့်ဆင့်ကမ္ဘာကုန်စေ၊ ဆောင်းနွေမိုးဆက် နေ့ရက်တာရှည်၊ ပျောက်သောသူ ကြာလေမမေ့ပေ၊ တယောက်သောသူခင့်ကိုသာရှာဖွေ့

ဘယ်ဆီရှောင်ရှားနေ၊ မေ့ရဲ့အသည်းဗျာပါဗွေ လေယူတိမ်းယိမ်းလဲ့ မြစိမ်းပင်တိုင်နန်းက၊ မုသားဧကရီမဟုတ်ပါမောင်ရေ၊ ရွှေငွေရောင်လွှမ်းနေ မေ့ရဲ့အသည်းဗျာပါဗွေ၊ ရှောင်ဖယ်တိမ်း စိမ်းရက်ပေ၊ လှည့်စားချက်သုံးစကားကို၊ ယုံစားကာလေ မဆုံးနိုင်သံသရာရှည်၊ ရေမြေဆုံးလို့ တောတောင်အနှံ့ဖွေ၊ အားကငယ်ပေ မုန်းနိုင်ပါစေလေ၊ သိလျက်နဲ့ အချစ်ဝိဘတ်လို့များ ဆိုကြပါစေ၊ ကြယ်ကြွေရာလည်ကာကောက်သလို၊ ပျောက်သောသူခင့်ကိုသာရှာဖွေ

ဆိုတဲ့သူက တချို့မှာ မှားပြီး၊ စာသားတွေရေးတာက မှားတာပိုများတယ်။ အချစ်ဝိဘတ်လို့များ မှားနေတယ်။ ဝိဘတ်ဆိုတာ သဒ္ဒါသုံး ဝေါဟာရဖြစ်တယ်။ သည်၊ က၊ ကို၊ အား၊ သို့၊ မှ၊ ဖြင့်၊ နှင့်၊ ၌၊ မှာ၊ တွင်ဝယ်၊ ၏၊ ပြီ၊ မည်တွေကို ဆိုလိုတယ်။

အချစ်ဝိပါက်လို့ရေးမှသာ အဓိပ္ပါယ်မှန်ပါမယ်။ ပါဠိစာလုံး ဝိပါကဆိုတာ အကျိုးဆက်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၀-၂၀၁၈
၁၃-၁၀-၂၀၁၉

မေတ္တာစေကျွန်

မေတ္တာစေကျွန် သီချင်းကို တင်ထားတာတွေ အများကြီးရှိတယ်။

မေတ္တာစေကျွန် စန္ဒရားချစ်ဆွေထဲမှာ စာတမ်းထိုးထားတာက ဆောင်းနွေမိုးစက်တဲ့။ ဟုတ်ပါ့မလား လိုက်ရှာရတယ်။ မှားတယ်။

မေတ္တာစေကျွန် - ဖိုးသောကြာ (တေးရေး - တက္ကသိုလ်ဘုန်းနိုင်) လင့်ထဲမှာ ဆိုတဲ့သူကပါ ဆောင်းနွေမိုးစက်လို့ ဆိုထားတယ်။ မှန်တယ်။

တေးဆို - စိုးစန္ဒာထွန်း၊ တေးရေး စန္ဒရားလှထွဋ် ဆိုတဲ့ မေတ္တာစေကျွန် https://www.youtube.com/watch?v=XDtKqtHD_do လင့်မှာက ဆောင်းနွေမိုးဆက် မှန်တယ်။

မိုးတလုံးတည်းသာကြည့်ပြီး မိုးစက်လို့ ရေးချလိုက်ပုံရတယ်။ ဆောင်း + နွေ + မိုး ဥတုသုံးမျိုး ဆက်နေတာကို ရေးထားတာ။

ဒေါက်တာတင့်ဆွေ
၁၃-၁၀-၂၀၁၈
၁၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး