ပညာလမင်း

စာသင်ခန်း နံရံပေါ်ကမြေပုံမှာ မြန်မာပြည်ကို ထင်ရှားစွာ၏။
မြန်မာပြည်က ကျောင်းလာတက်သူတချို့ ကိုယ်တိုင်းပြည်နေရာ မြေပုံမှာမရှာတတ်။
မြန်မာပြည်တုန်းက လေးတန်းအထိသာနေခဲ့သူလည်းပါ၏။
သို့သော် သူတို့အားလည်း နေစကြာဝဠာစနစ်ကို ဖတ်စာမှာသင်ပေးရာ လတစင်းမကရှိကြတဲ့ဂြိုဟ်တွေရှိကြောင်း သိကြတော့၏။

ကျောင်းက ဆိုလာဆစ်စတမ်စာအုပ်ထဲမှာ ဂျူပီတာမှာ အရံလပေါင်း ၇၉ ခုရှိသည်ဟုပါရှိ၏။
အခုတော့ စနေဂြိုဟ်က ၈၂ စင်းရှိတာတွေ့လာပြီး ဗိုလ်စွဲသွား၏။

စာသင်နည်းဆိုတာ ဆယ်နှစ်ခါမဟုတ်၊ အမြဲကောင်းရာမွန်ရာကို ဆန်းသစ်နေကြ၏။
မြန်မာပြည်မှာ နှစ် ၅၀-၆၀ ကစာသင်နည်းအတိုင်းသာ ရှိသေးသည်ဟုသိရ၏။

မြန်မာပြည်မှာ ပညာလမင်းတွေ သာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၉-၁၀-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး