သမတအမိန့်အရ ဆေးကုသနည်း

တရားတော် အမြဲမှန်၏ မြန်မာစာ အခုခေတ်မှာမှား၏ထဲမှာ တကယ်လို့ရေးရမှာကို (တစ်) ကယ်လို့ရေးနေတာမှားကြောင်း တင်ပါတယ်။ ကွန်မင့်တခု ရတယ်။ ကျေးဇူး။

ဆရာရေ သမီးတို့ ခေတ်မူလတန်းမှာကတည်းက အဲလို သင်ခဲ့ရတာပါ အခုမှ ဆရာတို့ရဲ့ ကျေးဇူးကြောင့် သတိထားတတ်ပါပြီ။ ခုခေတ် (သမီးတို့ခေတ်) ပညာရေးနဲ့ တတန်းတည်းသမားတွေ ဒီလိုဘဲဖြစ်မယ်၊ မှားမယ် ထင်ပါတယ်။

ဘာသာရေးနဲ့ မြန်မာစာမှာ ဟောင်းလေ ခိုင်မာလေ။ ဆေးပညာမှာ သစ်လေ မှန်လေ။

မြန်မာစာကို ၁၉၈၀ လောကက်ကတည်းက မှန်နေခဲ့တဲ့ သတ်ပုံတွေကို အမိန့်နဲ့ပြင်ခိုင်းထားတယ်။ အခုအဲဒီအပြင်တွေက နိုင်ငံတော်မူ။

ဒေါ်နယ်ထရမ့်အမိန့်နဲ့ ကင်ဆာကို ကုခိုင်းသလိုပဲ။

ဘာသာရေးနဲ့ မြန်မာစာမှာ ဟောင်းလေ ခိုင်မာလေ။ ဆေးပညာမှာ သစ်လေ မှန်လေ။

ဒေါက်တာတင့်ဆွေ
၈-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ