Unicode အပြေးအလွှား ဒရောသောပါး ခုန်ကျော်၍ ကောက်ချက်ချခြင်း

ယူနီကုဒ်ပြောင်းတဲ့အရေးမှာ တချို့က နင်ပဲငဆပြောကြတယ်။ ကိုယ်နဲ့မတူသူကို ရန်သူလိုလို၊ တူသူတွေကို အမြွာမွေးလိုလို ရေးနေကြတယ်။

အခုကိစ္စက ဒီမိုကရေစီနဲ့ စစ်အုပ်ချုပ်ရေးဘက်လိုက်မှုနဲ့ မတူပါ။ ဘာသာရေးအစွန်းရောက်နဲ့လည်း မတူပါ။

မိတ်ဆွေမှတ်ယူတာနဲ့ ရန်သူသမုတ်တာမှာ မှားတာတွေရှိတယ်။

အေဗရာဟင်လင်ကန်း (အသံထွက်မှန်နဲ့ နီးစပ်အောင်ရေးတာ) ဟာ တခါက သူအလွန်သဘောမကျသူတယောက်ကို စိတ်ဆိုးပြီး ရစရာမရှိအောင် စာတစောင်ရေးပါသတဲ့။ အဲဒီခေတ်မှာ စာပို့စနစ်က နှေးလွန်လို့ စာကို အိပ်ရာအောက်မှာ ထားရာကနေ စာမပို့ဖြစ်လိုက်ပါ။ နောင်တချိန်မှာ သူစိတ်ဆိုးခဲ့သူဟာ သူ့အတွက် မိတ်ဆွေကောင်းတဦးဖြစ်လာပါသတဲ့။

ကျွန်တော့်ပြည်ပနိုင်ငံရေး ဆယ်စုနှစ်နှစ်ခုကျော်အတွင်းမှာ အစကတော့ သွေးသောက်ရဲဘော်လို့ မှတ်ယူသူ အတူ လုပ်ကိုင်လာသူတွေထဲက အနည်းဆုံး ၄-၅ ယောက်ဟာ ဂျူလီယက်ဆီဆာရဲ့ ဘရူးတပ်စ် ဇာတ်ခင်းသွားတာ ခံခဲ့ရပါတယ်။

ဘယ်အရေးအရာမဆို နင်ပဲငဆ မပြောအပ်ပါ။ တရားသေ မမှတ်ယူအပ်ပါ။

ဒေါက်တာတင့်ဆွေ
၎-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး