ပဘာဝတီ နှင့် ပပငယ်လေ

ဆရာခင်ဗျား အမှန်အမှားမခွဲခြားတတ်လို့ပါ ပပဝတီ နှင် ပဘာဝတီ ဆိုမှာ မည်သည်က အမှန်ဖြစ်သည့်ကို သိချင်ပါတယ်

သတ်ပုံကျမ်း အဟောင်းတွေမှာရော အသစ်ထဲမှာ မပါ။ ပဘာဝတီက မှန်ပါမယ်။ စကားပြောမှာ အလွယ်ပြောဆိုရာမှာသာ ပပဝတီလို့သုံးပါတယ်။ သီချင်းကြီးကြောင့် ပပဝတီလို့ မှတ်ယူမိကြတယ် ထင်ပါတယ်။

ပပငယ်လေဝင်းဝင်း ချီ ပတ်ပျိုး
ပပငယ်လေ ဝင်းဝင်း။ မှန်ရဝေဆောင်။ ကိုယ်ရောင်တိုက်ခန်းလင်း။ ။ ဟန်တခါပြင် ရွှေစင်ဆယ်တင်း။ ဆက်သွင်းပုံသေ။ သိန်းတန်တဲ့မေလေလေ့။ တင့်ကြူးငယ်မူရာထွေ။ ။ မြင်သူမြင်သူဗျာဝေ။ ကွဲကြေအံ့မဆုံး။ ။ တင်ကာတင်ကာ သွင်မျက်ခုံး။ ။ ချယ်မှင်ရောင်ပိတုန်းငယ်နှင့်။ သန်းခါမှောင်။ ။ မျက်လုံးတော်ရောင်။ သောက်ရှူးကြယ်ညီနောင်။ မြမျက်တောင် ကော့ကော့ရွှန်း။ ကေသီမှာ ဒေဝီကျမ်းစာဝင်။ မျက်နှာပြင်။ စံလွတ်ကျွန်း။ ငွေလဝန်း ပေါ်သည့်သွင်လေလေ့။ ခြောက်ပါးငယ် ပြစ်လွတ်စင်။ ။ တနဲလေ တဖုံလေ တနှုန်းလေ တအင်လေ။ တနဲလေ တဖုံလေ တနှုန်းလေ တအင်လေ။ မူရာမူရာစုံလင်။ နတ်ပင်လူပင်လား။ ။ ထင်ယောင်ထင်ယောင်ဝိုးတဝါး။ မြင်မြင်သူများပေက။ အံ့ခြားလေရှာ။ ။ ငုံကွမ်း ကြိုင်စွာ။ သင်းပျံ့မှုံနံ့သာ။ ရူပသာလှခေါင်ကြူး။ ခင်မေကို ကြင်ဆွေ လွဲဘူးနောင်။ မြဲခိုင်အောင် ဆောင်မယ်ကူး။ မောင်ရွယ်စူး မှန်ပါတယ်လေလေ့။ ကြော့မှူးရယ် ယုံတော့ကွယ်။ ။ သဲဘွင်ဝယ်။ ကြင်ခင်နှိုင်း။ ထင်မြင်တိုင်း။ တင့်လှတယ်။ အို-မိုးလယ်ဝေယန်ဖျား။ သူဇာထင်ရိုးမှား။ ။

ပဘာဝတီမင်းသမီးဟာ ခုနစ်ဆောင်တိုက်ခန်းမှာ မီးမထွန်းပဲ အသားရောင်ကြောင့် ထွန်းလင်းပါသတဲ့။ စာဖွဲ့ထားတယ်။

ပဘာ = အရောင်၊ တောက်ပသောအရောင်၊ တောက်ပခြင်း။

ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး