Scrubs ဆေးရုံသုံး ဝတ်စုံ


Scrubs ဆေးရုံဆေးခန်းသုံးဝတ်စုံတွေက ၁၉၉ဝ ကျော်မှာ ခေတ်စားလာပါတယ်။ ခွဲစိတ်ခန်းဝတ်စုံလိုပါပဲ။ အထက်တခုနဲ့ အောက်တခု၊ အရောင်ဆင်တူ။ ယူအက်စ်အေကစတင်ပြီး ဥရောပက လိုက်သုံးလာကြတယ်။ ယူကေမှာ အဲတာကို Theatre Blues လို့ခေါ်တယ်။

အများသုံးဖြစ်လာတဲ့ Scrubs မှာ V-neck ဗွီလည်ပင်းသုံးတာများပြီး တချို့က ကော်လာပါတယ်။ သုံးကာစမှာ သန့်ရှင်းရေးလုပ်တဲ့သူနဲ့ တူတယ် စသဖြင့် ဝေဖန်ကြတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံအတော်တိုင်းမှာ သုံးလာတယ်။ Scrub caps ခေါင်းဆောင်းစရာလည်း ရှိတယ်။

ဆခရပ်စ်တွေကို ခွဲစိတ်ဆရာဝန်တွေနဲ့ ခွဲစိတ်ခန်းသူနာပြုတွေအတွက် စထွင်ခဲ့ပါတယ်။ အခုတော့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သမားတော်တွေသာမက ဆေးရုံဆေးခန်းတွေမှာ အုပ်ချုပ်ရေးမဟုတ်တဲ့ နေရာဌာနတွေမှာ တာဝန်ကျသူတွေက ဝတ်ဆင်ကြပါတယ်။ တိကုဆရာဝန်၊ ဓါတ်ခွဲခန်းနဲ့ သားဖွါးဆရာမတွေပါ ဝတ်ဆင်ကြတယ်။

လက်တိုအပေါ်အင်္ကျီနဲ့ ဘောင်းဘီရှည်ဝတ်စုံသာဖြစ်တယ်။ ဒီဇိုင်းလည်း အမျိုးမျိုးရှိလာတယ်။ ခါးအထိရှည်တဲ့လက် အမျိုးလည်းရှိတယ်။ အရောင်လည်း အမျိုးမျိုး။ မီးခိုးရောင်၊ အပြာအနု အရင့်၊ အစိမ်းနုရောင်တွေ အသုံးများတယ်။

မန္တလေးမှာ အမျိုးသမီးအဝတ်အစားမျိုးစုံ ချုပ်လုပ်ရောင်းချနေတဲ့ အမျိုးတယောက်ဆီကို သူနာပြုဝတ်စုံ Scrubs ဝတ်စုံပုံ ၃-၄ ခုလောက် လှမ်းပို့လိုက်တယ်။ ပုံတွေကို ဂူဂယ်လ် အင်မေ့ခ်ျကနေယူတာပါ။ နောက်နေ့ကျွန်တော့်ဖေ့စ်ဘွတ်မှာ Scrubs ဝတ်စုံအရောင်းကုမ္ပဏီတွေက ကြော်ငြာတွေ ဝင်လာနေတယ်။ ဝယ်ချင်စရာကောင်းတာတွေ။

ကျွန်တော်တို့တိုင်းပြည်မှာတော့ မဟုတ်ကဟုတ်ကတွေသာ တင်ကြ ဖြန့်ကြတယ်။ သတင်းအမှားတွေ၊ ဟက်ကာဆိုတာတွေ၊ ခြိမ်းခြောက်စာတွေ၊ ရွှေပေလွှာတွေ၊ သတ်ပုံမှား တရားစာတွေ၊ သတ်ပုံမမှန် ဆုတောင်းစာတွေ။ ဘလော့ရသူလည်း မနည်းတော့။

မနေ့က သွေးတိုးဆေးတခုဖတ်တာ ကနေ့ အဲဒီဆေးအကြောင်းစာတွေ ဝင်လာတယ်။ အခု ဗမာလို ကင်ဆာ ၉၀% မှာတွေ့ရတဲ့ ရှေ့ပြေးလက္ခဏာတွေတဲ့။ မဟုတ်ပါ။ ဖေ့စ်ဘွတ်ကို အကျိုးရှိအောင် သုံးကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၈
၆-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး