ကိုယ်ပြန်လာပြီ

ကိုယ်ပြန်လာပြီ။ ဗိုလ်အောင်ဒင်တော့ မဟုတ်။ မြန်မာပြည်ကိုလည်း မဟုတ်။ ဖေ့စ်ဘွတ်။ မနှစ်ကဒီလိုနေ့မှာ ၇ ရက်ကြာ ဘလော့ခံထားရတဲ့ ဖေ့စ်ဘွတ်ကို ပြန်သုံးနိုင်လို့ ရေးခဲ့တာ။ အဲဒီအရင်က ဘလော့ရင် ၂၄ နာရီသာ။ နောက် တိုးလာတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်း နောက်ထပ် ၄-၅ ခါ ဘလော့ခံရတယ်။ နောက်ဆုံးအချီမှာ တလတိတိကြာတယ်။ ဖေ့စ်ဘွတ် ကွန်မြူနတီစတင်းဒက်တဲ့။ ကျိုးကြောင်းမဆီလျှော်။ ရှေ့နောက်မညီ။

ကိုယ်ပြန်လာသည်၊ ချိုထံတျာသီ၊ ငှက်ကလေးတွေ စိုးစီစိုးစီ၊ ကိုင်းထက်မှာမြည်၊ ကျန်းမာပါရဲ့လား၊ မေးကြတဲ့ အလား သဏ္ဍာန်ညီ၊ ခွန်းချိုသံမြည်ကြွေး တေးဖွဲ့ကြသည်

နွေအကူး ကြည်နူးဘွယ့်သည်ရာသီ ဆော်လေရူး ပျော်နေမြူး ပလီပလာ တီတာနော့လို့ ပြေးဆော့သည်၊ တေးကြော့လို့ သီကြူးဖွဲ့ဟန်ချီ

ကိုယ်ပြန်လာသည် ကိုယ်မွေးသောဌာနေဆီ၊ တနယ်စွန်တရွာတကျေး အလည်လွန်ရှာသေး၊ ငှက်ငယ်ပမာအလားသို့ညီ

ယာတကြော သာမောဘွယ်အတည်၊ ထယ်ထိုးကြ မြူခိုးက တလူလူဝေသည် တေးတကျော်ကျော်အော်ရင်း ဖေါ်တသင်း ပျော်ခင်းဖွဲ့ဟန်ချီ

အချိန်တန်လာပြီ အိမ်ပြန်လာသည် ကိုယ်ပြန်လာပြီ ကိုယ်မွေးသောဌာနေဆီ

ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၈
၅-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး