Mountaineering တောင်တက်ခရီး

လူအများက တောင်တက်ခရီးမှာ။ အရင်ရောက် နောက်တက် မတူကြ။ အမြင့်ရောက်သူက အောက်ကို ကြည့်တော့ အရင်က မမြင်ဘူးတာတွေ မြင်တယ်။ ပိုမြင့်လာလေလေ ပိုမြင်ရလေ။

သတ်တာကို ပြန်ပြောပြတော့ မသိသေးသူတွေက သိကြရ၊ အံ့ကြရတယ်။

တချို့ကတော့ မယုံ။ တချို့က မဟုတ်လောက်ဘူးသတဲ့။

တချို့က ရောက်လည်းမရောက် မြင်လည်းမမြင်ဘူးပေမဲ့ သူထင်ကသာ မှန်သတဲ့။

တက်တဲ့သူတွေက ဆက်တက်နေကြတယ်။

တောင်တက်ပျင်းသူတွေက ဆက်ငြင်းနေကြတယ်။ စာတွေ ကဗျာတွေ စပ်နေကြတယ်။ ဖတ်ကောင်းတော့ ရသလို့ ကင်ပွန်းတပ်ခံရတယ်။

တချို့ ခြေချော်ကျ၊ တချို့က အတက်နှေးကြတယ်။ တောင်ထိပ်သို့ကား မည်သူမျှမရောက်ကြသေး။

Top Quality Art - Mt,fuji36view-mountaineering is a painting by Katsushika Hokusai which was uploaded on August 31st, 2018.

ဒေါက်တာတင့်ဆွေ
၁၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး