Questions on 18-10-2019

ဆိုင်းဘုတ်နီများ သတိထား

ပုံနဲ့အတူ မေးပါတယ်။ စာလုံးပေါင်းသတ်ပုံကတော့ စိတ်ပျက်စရာ။ အလှူုမဏ္ဏာပ်ရဲ့ သတ်ပုံအမှန်ကိုတော့ သိတယ် ဆရာ။ လည့်လည် ကျတော့ နည်းနည်း ရှုပ်နေတယ် လှည့်လည်လား လှည့်လယ်လား မသဲကွဲဘူး ဆရာ တဲ့။

အလှူ (အလှူ) လို့ ရေးရတယ်။
မဏ္ဍပ် လို့ ရေးရတယ်။
လှည့်လည် လို့ ရေးရတယ်။
မှူး (မှူး) လို့ ရေးရတယ်။

စစ်အစိုးရခေတ်က လမ်းတကာမှာထောင်ထားတဲ့ ဆိုင်းဘုတ်နီတွေက လူတွေကို ခြိမ်းခြောက်တာ။ အခုခေတ်မှာ မြန်မာစာကို ခြိမ်းခြောက်တာ။

ဒေါက်တာတင့်ဆွေ
၁၇-၁၀-၂၀၁၉

ကျေညာလို့ ရေးရတယ်

စောစောကတင်လိုက်တဲ့ ဆိုင်းဘုတ်နီများ သတိထားမှာ အလှူ (အလှူ)၊ မဏ္ဍပ်၊ လှည့်လည်၊ မှူး (မှူး) လို့ ရေးရတယ်လို့သာ ပါတယ်။ တခုကျန်သေးတယ်။ ကျေညာလို့ ရေးရတယ်။ ကြော်ငြာလို့ ရေးရတယ်။

ကျေ
ကမ္ဘာမကျေ (ကမ္ဘာမကြေ)
ကျမ်းကျေ
ကျိန်းကျေ၊
စာကျေ
စိတ်မကျေပွဲ၊
စိတ်ကျေ၊
စိတ်ကျေနပ်သည် (စိတ်ကြေနပ်သည်)
ဆယ်လီကျေ
ဇယားကျေ
တာဝန်ကျေ
ဒဏ်ကျေဆေး
ပွတ်ခုံပွတ်ကျေ
ပဲတင်းပဲကျေ
ပျက်ကျေ၊
မင်းတိုင်းကျေ၊
ဝတ္တရားကျေပွန်
ဝတ်ကျေတမ်းကျေ
ဝတ်ကျေဝတ်ကုံ
သဘောတရားကျေညက်
အခဲမကျေ
အသုံးလုံးကျေ
ဥဒါန်းမကျေ
ဧည့်ဝတ်ကျေ
ကျေ (ပျောက်ကွယ်)
ကျေကုံ
ကျေချမ်း
ကျေညက်၊
ကျေညာသည် (မူလသတ်ပုံ)
ကျေနပ်
ကျေပ
ကျေပွန် (ကျေပြွန်)
ကျေပျက်
ကျေမွ
ကျေရာကြေကြောင်း
ကျေလည်
ကျေကျေနပ်နပ်
ကျေပွေ့ (ကျည်ပွေ့)
ကျေပျောက်
ကျေအေး
နောကျေ
ကြွေးကျေ
လောကွတ်ကျေ၊
သေကျေ
အောက်သက်ကျေ။

ကြေ
ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ (ကမ္ဘာမကျေ)
စိစိညက်ညက်ကြေ၊
စိတ်ကြေနပ်သည်
တွန့်ကြေ
ထုချေ၍ကြေသွားသည်
ဖွတ်ဖွတ်ကြေ
မွမွကြေ၊
မုန့်မုန့်ညက်ညက်ကြေ
မြည့်မြည့်ကြေ
သိသိကြေ
အစာကြေညက်
အစာကြေဆေး
အညာ-အကြေ (အထက်အရပ်- အောက်အရပ်)
အတွင်းကြေကြေ
ကောလီကြေ
ထောင်းထောင်းကြေ
ကြေ (မုန့်မုန့်ညက်ညက်ဖြစ်)
ကြေကွဲဝမ်းနည်း၊
ကြေညက်
ကြေညာ (နောက်သုံး)
ကြေမွ
ကြေငြာ
ကြေပြုန်း
ကြေမြည့်
ကြေကြေလယ်လယ် (ကြေကြေလည်လည်)
လေကြေဆေး
သေသေကြေကြေ (မိုက်မိုက်ကန်းကန်း)

ဒေါက်တာတင့်ဆွေ
၁၇-၁၀-၂၀၁၉

တကဲ့လူချွန်

ခုခေတ်မှာတော့ (တစ်) ကဲ့လူချွန်တွေ ပေါမှပေါ၊ များမှများ။

မြန်မာစာမှာ လူတုံးတွေ ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉
ပုံ Than Lwin Book Plaza Collection ကျေးဇူး။

ကိုယ်တပိုင်းသေသူတို့အကြောင်း သိကောင်းစရာ

ခုခေတ်မှာတော့ ကိုယ် (တစ်) ပိုင်းသေသူတွေကို ကူမည့်သူမရှိ။

Home health care လေဖြတ်တာကို အိမ်မှာဘယ်လို စောင့်ရှောက်မလဲ https://doctortintswe.blogspot.com/…/…/home-health-care.html
Paralysis လေဖြတ်ခြင်း http://doctortintswe.blogspot.com/2015/04/paralysis.html
Paralysis ဘာသာပြန် http://doctortintswe.blogspot.com/2016/05/paralysis.html

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉
ပုံ Than Lwin Book Plaza Collection ကျေးဇူး။

Boiled Rice ဆန်ပြုတ်သည် ဆေးတပါးဖြစ်သည်

ဇူလိုင်လထဲတုန်းက သတင်းတွေဖတ်ပြီး ရေးထားခဲ့ပါတယ်။

မြန်မာ့ မီနူး
နံပြား၊ နွားနို့၊ ဆန်ပြုတ်၊ မြန်မာပြည်မှာ လုပ်သည်။

ဆန်ပြုတ် တပန်းကန်ကနေ ကယ်လိုရီ ၁ဝ၄ ရတယ်။ အဲတာဟာ တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူအတွက် ၅% နဲ့ ညီတယ်။ ဗီတာမင်တချို့နဲ့ဓါတ်ဆားတွေလည်းပါတယ်။ ဆန်ဖြူထဲမှာ glycemic index များလို့ ဆီးချိုရှိသူတွေတော့ မသင့်ပါ။

ဆေး (တစ်) ပါးလို့ရေးရင်တော့ မျိုကျမှာမဟုတ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉

အဘ မခေါ်ရမနေနိုင်သူကို ဘလော့လိုက်တယ်

WED 10:16 AM
ယူနစ်မပါမှာ မကျန်ခဲ့တာထောက်ပြလို့ ကျေးဇူး။ အဘအတွက်တော့ လင့်ပို့လိုက်မယ်။

How to greet အဘခေတ် ကျဆုံးပါစေ https://doctortintswe.blogspot.com/2019/04/how-to-greet.html

7:16 AM
လျှာရှည်မိလို့ခွင့်လွှတ်ပါအဘ

ရွှေ ကို ရံ ကို ဘလော့လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Nutrition for women အမျိုးသမီးများအတွက်အာဟာရ

မင်္ဂလာပါ ဆရာရှင့် အသက် ၃၀ ကိုယ်ဝန်ပတ် ၃၀ပါ ကလေးအသားအရေလှအောင်နှင့်ဆံပင်ကောင်းအောင် ဘာတွေများ စားရမလဲရှင့် ကျေးဇူးတင်ပါတယ်ရှင့်

ပုံမှန်အစားအသောက် လုံလောက် မျှတရန်သာလို။ မျိုးဗီဇကို ပြင်မရ။

Nutrition for women အမျိုးသမီးများအတွက်အာဟာရ http://doctortintswe.blogspot.com/2015/08/nutrition-for-women.html
Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ကျေးဇူး

ဆရာရှင့် ဆရာ့ website က စာတွေကို ယူနီကုတ်ပြောင်းပြီး ပြန်တင်ပေးရမလားရှင့်

ကျေးဇူး။ သူများတွေကသာ ဖတ်ရ၊ ကျွန်တော်က ဖတ်မရ ဖြစ်သွားမယ်။ ပြင်စရာရှိလို့လည်း ပြင်မရဖြစ်ပါမယ်။ ကျေးဇူး။ ဖိုင် ၁၄၆၇၆ ခုရှိတာ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ASO ဆိုတာ

အသက် ၃၅ နှစ်ပါ ASO 600 ဖြစ်နေလို့ပါ ဆရာ

ASO ဆိုတာ ပိုးမဟုတ်ပါ https://doctortintswe.blogspot.com/2014/11/aso.html

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို

မင်္ဂလာပါ ဆရာ ကျမက ကိုယ်ဝန် ၂၄ ပတ် သားဦးပါ အသက် ၄၀ ထဲမှာပါ အခု OGTT စစ်တော့ Fasting မှာ ၈၂ One Hour Test မှာ ၂၀၃ Two Hours Test မှာ ၂၀၃ ရှိနေပါတယ် မိခင် နဲ့ ကလေးအတွက် အန္တရယ် ရှိမရှိရယ် ဆောင်ရန် ရှောင်ရန် တွေရယ် သိချင်ပါတယ် ဆရာ

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://doctortintswe.blogspot.com/2015/12/gestational-diabetes.html

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

မေးနည်းစည်းကမ်း ပို့လိုက်တယ်

၁။ မင်္ဂလာပါဆရာ ခင်ဗျ ကျွန်တော်ကအသက် ၃၀ရှိပါပြီခင်ဗျ ကျွန်တော့ရဲ့ နောက်စေ့ဘက်က တဒုတ်ဒုတ်နဲ့ ခုန်နေသလိုမျိုး ဖြစ်နေတာကြာပါပြီခင်ဗျ ဘာကြောင့်လည်းဆိုတာသိချင်လို့ပါဗျ ကျေးဇူးတင်ပါတယ် ဆရာ ခင်ဗျ တခုကျန်ခဲ့လို့ပါဆရာ  ဖြစ်တာ၁နှစ်ကျော်လောက်ရှိပါပြီ ဆရာ

ရောဂါတခုခုနဲ့ မတူသေး။

၂။ မင်္ဂလာပါ ဆရာ AIDS က ခြင်မှတဆင့်ကူးပါသလား

မကူးစက်နိုင်။

၃။ ကျွန်မနို့တိုက်မိခင်ပါ အသက် ၃၂ သားသားက ၃ လကျော်ပါပြီရှင် သားဦးပါ ကျွန်မ လဘက်ရည် တနေ့တခွက် သောက်နေမိတယ်ဆရာ သားသားကိုဆိုးကျိုးဖြစ်စေနိုင်လား ဆက်သောက်လို့ရလားသိချင်တာပါရှင်

ဘာမှဖြစ်စရာ မရှိ။

၎။ ဆရာ အာယုမှာဘယ်ချိန်တေထိုင်လေ့ရှိပါလည်းခင်ဗျာ ကျေးဇူးပြုပြီး တချက်လောက်ဖြေကြားပေးပးနော် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

မေးနည်းစည်းကမ်းမှာ ကျွန်တော်နေထိုင်ရာမြို့အမည် ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Burma မြန်မာပြည်အကြောင်း

Exodus ခေါ် ဒုက္ခသည်နေရာချထားရေ အေဂျင်စီက ဖိတ်လို့ မြန်မာပြည်အကြောင်း ပြောရပါတယ်။

သားငယ်ဆုံးက အဲဒီမှာ အလုပ်လုပ်တယ်။ တရုံးလုံးက မိသားစုတွေလို ခင်မင်ကြတယ်။

မေးတာတွေလည်း ဖြေခဲ့တယ်။ မြန်မာပြည်အကြောင်းကတော့ ပို့စ်မြင်သူတွေက ပိုသိကြတယ်။ အဖြူနဲ့ အမည်း၊ အစိမ်းနဲ့ အနီ၊ အဆိုးနဲ့ အကောင်း၊ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းအမြင်နဲ့ နိုင်ငံတကာအမြင် စတာတွေ။

နံရံပေါ်မှာ ကဒေါင်းပန်းချီကားတခုရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Baby health ကလေးကျန်းမာရေး

ဆရာရှင့် ကလေးက ၂လနဲ့ ၇ရက်ပါ ညတိုင်း ၈ခွဲ ၉နာရီလောက်ဆို ဘယ်လိုမှချော့မရ နို့တိုက်လဲ အငိုမတိတ်ပဲ မရပ်မနား ငိုပါတယ်ဆရာ အဲ့လိုဖြစ်နေတာ ၃ရက်ဆက်တိုက်ရှိပါပီဆရာ ၁၀နာရီလောက်ဆို တိတ်သွားပြီး အိပ်သွားပါတယ်ဆရာ ဘာများဖြစ်လို့လဲ မသိလို့ပါရှင့်

ဒေါက်တာတင့်ဆွေ

Breast pain ရင်သားနာတာ ဘာလို့ပါလဲ

(ကန်တော့)

သမီးအသက် ၃၄ပါ အိမ်ထောင်ရှိပါတယ် ကန်တော့ပါဆရာ ညာဘက်နို့အုံနာတယ်ဆရာ ဖြစ်တာ ရက်၂၀လောက်ရှိပြီ ဆရာ ဆရာဝန်တော့ မပြရသေးဘူးဆရာ နာတာတော့ နှစ်ဖက်စလုံးနာတာ ညာဘက်က ပိုနာတယ်ဆရာ ဗလာဇီယာလဲ လျော့ဝတ်ထားတယ်ဆရာ

Breast pain ရင်သားနာတာ ဘာလို့ပါလဲ https://doctortintswe.blogspot.com/2016/04/breast-pain.html

ဒေါက်တာတင့်ဆွေ

ဖတ်မရတာတော့ မတတ်နိုင်

ယားနာဝဲအကြောင်းရေးထားတာဖတ်မရလို့ပါဆရာ ယားနာဝဲအတွက်ဘယ်လိုဆေးတွေ သောက်ရ လိမ်းရမလဲဆရာ တင်ပါးမှာ ဖြစ်နေတာပါဆရာ

ဖတ်မရတာတော့ မတတ်နိုင်။ ဆောရီး။ ဖတ်ရသူကိုမေး သို့မဟုတ် ဆရာဝန်ပြပါရန်။

ဒေါက်တာတင့်ဆွေ

Women Face မျက်နှာမေးခွန်းများ

ကျွန်မအသက် ၂၇ပါ ဓမ္မတာလည်းမှန်ပါတယ်ဆရာ မျက်နှာမှာ ချွေးပေါက်ကျယ်နေလို့ပါဆရာ ပြန်လည်းမကျဉ်းသွားဘူး အပေါက်လေးတွေဖြစ်ပြီးသိသာလာလို့ပါဆရာ သောက်ဆေး လိမ်းဆေး လမ်းညွှန်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဆရာ

ရောဂါ မဟုတ်။ ဆေးမလိုလောက်။ တကိုယ်ရေသန့်ရှင်းရေးသာလိုပါမယ်။

Women Face မျက်နှာမေးခွန်းများ https://doctortintswe.blogspot.com/2019/03/women-face.html

ဒေါက်တာတင့်ဆွေ

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင်

ဆရာ ရှင့် ကျွန်မ သားလေး က ၁ လနဲ့ ၎ ရက် သားလေးပါ ချောင်းတွေဆိုးပြီး ချွဲကြပ်နေလို့ ပါ ဘာဆေးတိုက်ရမလဲရှင့် ချောင်းဆိုးတာ ၂ရက်ရှိပါပြီ ကိုယ်မပူပါ နို့လဲ ပုံမှန်စို့ပါတယ် ကျေးဇူးပါရှင့်

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html

ဒေါက်တာတင့်ဆွေ

ဘလော့လိုက်ရတယ်

ပုံတွေ ဆုတောင်းစာတွေ အရုပ်တွေ ခဏခဏပို့လို့ မပို့ပါရန်ရေးပြီးသားလူက အခုလည်း ဂွတ်နိုင်ဆိုတာလာပြန်လို့ ဘလော့လိုက်တယ်။

ဒေါက်တာတင့်ဆွေ

ပြောင်းလဲခြင်း

အိမ်ရှေ့ကမြင်ရတဲ့ သစ်ပင်တွေ အရောင်တွေ စပြောင်းလာကြပြီ။ အိပ်ရာထမှာ တွေ့ရတာ။ အရှေ့တောင်အရပ်က နေရောင်နောက်ခံမှာ။

စိမ်းနေခဲ့ရာကနေ ဝါ ရွှေ ညို နီ။

ဘယ်သူကမှလည်း ပြောင်းလဲချိန်တန်ပြီလို မအော်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

အယုတ်အလတ် နှင့် တခုလပ်

ကွန်မင့်မှာ ပုံပါပို့တယ်။ အယုတ် အလပ် အမြတ်မရွေး ကြောက်စရာ့ သတ်ပုံ တဲ့။

အယုတ်လို့ ရေးရတယ်။ ဒီစာရေးရတာ ကိုယ့်ပေါင်ကို လှန်ထောင်းသလို။ ကျွန်တော်က မုံရွာသား။

လတ်
ကျိုက်လတ်မြို့
ဆလတ်ရွက်
ဆိုလတ္တံ့
ညိုပြာဝင်းလတ်
ဖျပ်ဖျပ်လတ်လတ်
မီးပလတ်
လတ္တီတွဒ်
လတ်ဆတ်
လတ်တလော
လတ်လတ်ဆတ်ဆတ်
လတ်လတ်ဘုန်းရင့် = ဘုန်းတော်ဖြင့်တောက်ပခြင်း
လတ်လတ်လောလော = ချက်ခြင်း၊ ခဏခြင်း
လတ်လျားလတ်လျားမနေသင့်
လတ်ကော့လတ်ကော့
လမ်းခုလတ်
လာလတံ္တ့သော
လာလတ်သောအခါ
သက္ကလတ်
အကြီး၊ အလတ်၊ အငယ်
အယုတ်အလတ်အမြတ်မရွေး
အရှင်လတ်လတ်
အရှင်လတ်လတ်
အလတ်အကြီး
အသားလတ်
ပြောလတ္တံ့

လပ်
ကပ်လပ်ကပ်လပ်
ကွက်လပ်
ဆုလပ် (ဆုလာဘ်)
ဇလပ်ပန်း
တခုလပ်
ကြာကလပ်
ပြတ်လပ်
လစ်လပ်သည်
လွတ်လပ်ရေး
လွတ်လွတ်လပ်လပ်
အကြားအလပ်
အမှုပလပ်

တခုလပ်ဘွဲ့ တေးထပ်

ရှင်ဘို့မယ် တသက်
မင်းဆက်က ငါးသွယ်။

နှင်းမပျက် စုလျားခြယ်သည်
ထားတသွယ် ဥဒါန်း။

ဝိဒေဟ မယ်ဥဒုံလို
နယ်လူ့ဘုံ ပြောကြစတမ်း။

သရေခေတ် ပြေဌာနီမှာ
ဘေဒါရီ တခဏ်း။

ဝေသာလီ ကြငှန်းမတော့
နန်းခြောက်ဆက် သာမာ။

ကြက်တောင်ပြန် စကုဗြတ်လိုပ
တခုလပ် ကောင်းလေသည့်တာ။

သမုနတ် လောင်းလျာငယ်
ကောင်းတာကို သူသိမှ

ယူမိတဲ့ ရွှေစာစောင်
နှင်းမဲ့ ညာတောင်။

တခုလပ် မာယာနှောင်လျှင်
ကညာတောင် သာဘူးကွဲ့လေး။

တခုလပ်ကို တစ်ခုလပ်လို့ရေးသူတွေက အချုပ်တန်း ဆရာဖေထက် မြန်မာစာတော်ကြတယ်လို့ မထင်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ရောဂါ နှင့် ကုထုံး

ညတုန်းက အဲလိုရေးခဲ့ပါတယ်။ နှစ်ခု။

၁။ ယူနီကုတ်နဲ့ ရိုက်ရင် အဲ့လို လေးချောင်းငင် မရှိတော့ဘူး ဆရာ။

Tint Swe ဟုတ္ပါ့မလား။ တွေ့ရင် ပြပါမယ်။

၂။ သတ်ပုံ ဆိုတာလဲ စံ တခုပါဘဲUni ဆိုတာလဲ စံ တခုပါဘဲဆရာ(Uni ဖြင့် ရေးသည်)

Tint Swe ဟုတ္ပါ့မလား။ တွေ့ရင် ပြပါမယ်။

အခု နမူနာ ၃ ခုက ယူနီကုဒ်စာတွေကို ဖေါင့်ပြောင်းဖတ်ပါတယ်။

၁။ ရွှေဇလုပ်ရပ်ကွက် အောင်ပွဲလေးပါ ဝယ်ယူသူ ရောင်းသူ စာချုပ်ပေးတဲ့ရှေ့နေကြီး ပါဝင်သူအားလုံး ကျန်းမာချမ်းသာကြပါစေဗျ ။ သင့်အိမ်မက်တွေ အမှန်တကယ်ဖြစ်လာပါပြီ

အမှန်တကယ်လို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

၂။ မင်္ဂ္လာပါ Vivo ဖုန်းတွေမက်စင်ဂျာ စာမမှန်တာ ကျနော်မှာတော့အဆင်ပြေသွားp...

P ရောဂါကိုတော့ ယူနီကုဒ်လည်း တတ်နိုင်ပုံမရ။ ဆောရီး။

၃။ တချိန်က မနက်ဖြန်မှာ ငါနင်းထားတဲ့မြေကြီးငါ့ခေါင်မိုးမဖြစ်ဖို့ ငါခဏခဏ ဆုတောင်းခဲ့ဘူးတယ်။ ငါ လောကကို တစ်စုံတစ်ရာနဲ့ အလှဆင်ခဲ့ချင်လို့။

တချိန်က မှန်ပြီး၊ တစ်စုံတစ်ရာရောဂါကိုတော့ ယူနီကုဒ်က တတ်နိုင်ပုံမရ။ ဆောရီး။

မြန်မာစာမှန်အောင်မရေးတတ်တဲ့ နာတာရှည်ကူးစက်ရောဂါကို ဖေါင့်ပြောင်းခြင်းကအကျိုးမထူးပါလို့ ကောက်ချက်ချတာ စောလွန်းနေသလား မသိ။ နမူနာက နည်းသေးတယ်။

ပဌမတယောက်က အစကတည်းက သတ်ပုံမှန်တဲ့သူဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ကန်တော့ ဆောရီး

ဆရာ သမီးမှာကိုယ်ဝန်က တလကျော်ပဲ ရှိပါသေးတယ် သမီး မွေးလို့ ဘယ်လို အဆင်မပြေတဲ့အခြေအနေပါ ဖျတ်ချဖို့ကျတော့ တရားမဝင်လို့ ဘာလုပ်ရမှန်းမသိလို့ပါ

ကိုယ်ဝန်ဖျက်နည်း ဘယ်သူကမေမေး မဖြေပါ။ ဆောရီး။

ဖြေပေးပါနော်ဆရာ

ထပ်ဖြေရန်မရှိပါ။ ဆောရီး။ ယူနီကုဒ်နဲ့ မေးမေး ဇော်ဂျီနဲ့မေးမေး မဖြေပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ဆုံးမခံရခြင်း

စေတနာအမှားမို့ ခွင့်လွှတ်ကြပါ တဲ့။ ဆိုင်းဘုတ်နီများ သတိထားအောက်မှာ လာတာ။ အဲတာက နမူနာတခုသာ။ အဲလိုမျိုးတွေ မကြာခဏလာတယ်။ ခွင့်လွှတ်လိုက်ပါ၊ သည်းခံပါ၊ နားလည်မှုပေးပါ စသဖြင့်။

စာရေးမှားလို့ မဖြေတာ တခုတလေမှ မရှိပါ။ ဖြေပြီး မေးခွန်းကို ပို့စ်မှာသုံးရင် သတ်ပုံပါပြင်တယ်။ ထမင်းမစားပြီး စားပွဲသုတ်သလို။ သည်အတိုင်းထားလည်း ရမှာပေါ့။

အရပ်ဆေးနည်း၊ လမ်းဘေးဆေးနည်း၊ တရုပ်ကုလာဆေးနည်းတွေလာရင် စေတနာဆိုတာ ပညာမပါရင် သူများကို ဒုက္ခပေးတယ်လို့ ရေးပါတယ်။

စေတနာအမှားဆိုတဲ့ အသုံးကို တလွဲသုံးတာရှိတယ်။ အမှားမှာ သဘာဝဘေးကြောင့်ဖြစ်တာနဲ့ လူလုပ်တဲ့အမှားလို့ရှိတယ်။

ပြင်ပေးမိလို့ ဆုံးမခံရတာ၊ ပညာပေးခံရတာ ခဏခဏ။ မှားတဲ့သူတွေ ပြင်သင့်ပါတယ်လို့ ပြော မပြောမသိ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

တကဲ့အဟုတ်

ပီမိုနင်းရဲ့စာအုပ်အဖုံး တကဲ့လူချွန်အောက်မှာ မေးလာတယ်။ တကယ့် ဆိုတဲ့ အသုံးကရောဆရာ တဲ့။

ခုနောက်ပိုင်းမှာ တကယ့်လို့ရေးကြတယ်။ အရင်က တကဲ့လို့သာ ရေးပါတယ်။

စသတ်စရာ မလိုတဲ့ တ အသုံးများ
တကတဲ
တကျွန်းကျ
တကယ်တမ်း
တကယ်အမှန်
တကွ (အတူတကွ)
တကွနက် = တပြိုင်နက်
တကွဲတပြား
တကာ = တတွေ = အများတကာ
တကားကား
တကုပ်ကုပ်လုပ်နေသည်
တကိုယ်တည်း
တကိုယ်ကောင်း
တကိုယ်ရေတကာယ
တကူးတက
တကူးတကန့်
တကဲ့အဟုတ်
တကျက်ကျက် ရန်ဖြစ်နေကြသည်
တကျည်ကျည် ငိုနေသည်
တကျိတ်တည်း တဉာဏ်တည်း
တကျူကျူငို
တခဏချင်း
တခဏပန်း
တခန်းရပ်
တချွင်ချွင်မြည်နေသည်
တချွတ်ချွတ်မြည်သံ
တခမ်းတနား
တခွင်တပြင်
တခါတည်း
တခါတရံ
တခါတခေါက်
တခါတလေ
တခိခိ တချိချိ ရယ်သည်
တခုခုစားပါ
တခုတလေ
တခုလပ်
တခို
တခဲနက် = တလုံးတစည်းတည်း
တခဲထွေ = တပေါင်းတစည်းတည်း
တချက်တည်း
တချက်လွှတ်အမိန့်
တချာ = ပေါင်း = တဝေး = တစုတရုံးတည်း
တချိုးတည်းလစ်ပြီ
တချို့တဝက်
တချို့တလေ
တငမ်းငမ်း
တငိုငိုတရီရီ
တစံ့ = အနည်းငယ်မျှ
တစုံ (သင်္ကန်း)
တစုံတခု
တစုံတရာ
တစုံတဦး
တစုံတယောက်
တစစီ (တခုချင်း၊ အစိတ်စိတ်အမွှာမွှာ)
တစည်း (ပန်း)
တစည်းတရုံး
တစည်းတလုံး
တစည်းတပေါင်း
တစည်းတဝေး
တစတစ (တဖြည်းဖြည်း)
တစပ်တည်း
တစပြင်
တစွတ်စွတ် စားနေသည်
တစွန်းတစ ကြားသလား
တစာတစာ အော်နေသည်
တစိတ်တဝမ်းတည်း
တစိတ်တဒေသ
တစိမ့်စိမ့် မိုးရွာနေသည်
တစိုးတစိ = အနည်းငယ်
တစီတတန်းကြီး
တစု (လူ)
တစုတရုံး
တစုတအုပ်
တစုတဝေး
တစိုးတစိ
တဆံခြည်
တဆင့်ခံ
တဆစ်ချိုးလမ်း
တဆယ့်နှစ်ရာသီ
တဆိတ်ကို တအိတ်မလုပ်ပါနှင့်
တဆိတ်စာ
တဆုပ်တခဲ
တဆူတည်း
တဇွတ်ထိုးလုပ်သည်
တညင်းလုံး
တညှင်းညှင်း = တဖြေးဖြေး
တညီတညွတ် = တူညီစွာ
တညှိုတထွာ
တတုံးထွန်လယ်
တတန် (ထိုမှ)
တတပ်တအား
တတိတတိ
တတိယ
တထုံး = ထုံးနည်းဥပဒေ
တထစ်ချ
တထမ်းတပိုး
တထီးလွှားလွှား = ဆင်းရဲ ပင်ပန်းစွာ အားတိုက်ပြုရခြင်း
တထူး = တပါး = တခြားသော
တကြိုးတည်းပြေးပြီ
တဒင်္ဂပဟာန်
တဒိတ်ဒိတ်မြည်သည်
တဒုတ်ဒုတ်မြည်သည်
တဒုန်းဒုန်းမြည်သည်
တနင်္ဂနွေနေ့
တနယ်မြေ
တနင်္လာနေ့
တနင်္သာရီတိုင်း
တနာရီတည်း
တနဲ
တပုံတခေါင်း
တပင်တပန်း
တပင်ရှားရှား = ပြာရီးပြာရာ = သုပ်သီးသုပ်ပြာ
တပည့်တပန်း
တပတ်ရစ်
တပတ်ရိုက်
တပတ်လှိမ့်
တပတ်လျှိုဆံထုံး
တပတ်ကျော့
တပတ်နွမ်း
တပန်းရှုံး
တပွဲတလမ်း အကဲစမ်း
တပလာ = သစ်အငုတ်
တပါးတည်း
တပို့တွဲလ
တပိုင်း (အရက်)
တပိုတပါး = တခြားတပါးနေရာ
တပိုင်းတစ
တပိုတပါးသွား
တဖုံ (ဆေး)
တဖက်ကမ်းခပ်
တဖက်ဆည်ကန်
တဖက်ယပ်တဲ
တဖက်လှည့်
တဖက်သတ်
တဖက်သား
တဖန်တုံ
တဖွဲ့တနွဲ့
တဖိတ်ဖိတ်တောက်
တဖိန်းဖိန်း
တဖုန်းဖုန်းကျ
တဖုဿ = ထိုသောအရာကိုတွေ့ကြုံသောသူ
တဖျင့် = ခြားနားခြင်း
တဖျစ်ဖျစ်မြည်သည်
တဖျစ်တောက်တောက်
တဖျပ်ဖျပ်လန့်
တဖျဉ်းဖျဉ်းတက်သည်
တကြွကြွတရွရွ
တကြုတ်ကြုတ်မြည်
တခြိမ့်ခြိမ့် (ဆိုင်း)
တငြိမ့်ငြိမ့်
တပြုံတခေါင်း
တပြိုက် (မိုးရွာ)
တပြိုင်တည်း
တပြိုင်နက်
တဖြိုင်ဖြိုင်
တမြုံ့မြုံ့စား
တမြုံတမ
တဘက်ပဝါ
တဘီးလိမ့်
တမံ = တည်၊ ကန်ပေါင်၊ ကန်ရိုး
တမံတုတ်
တမှုံမွှားမွှား = အထပ်ထပ်အပြန်ပြန်
တမဂ်တဖိုလ်
တမင်တကာ
တမတ် (ငွေ)
တမတ်စောက်စောက်
တမဒီပကျွန်း = သဖန်းသီးအရောင်ကဲ့သို့ နီမြန်းသောမြေ ရှိသောကျွန်း
တမန် = မင်းအရေးအရာ၌ စေအပ်သောသူ (သံတမန်)
တမန်း (လယ်)
တမန်စေလွှတ်သည်
တမွတ် = အမြတ်အဖျား
တမလန်းပင်
တမလွန် = သေသည်မှ နောက်ဘဝ
တမျှ
တမျှဉ်းမျှဉ်း
တမိန်းမိန်း
တမုတ်ဆိုး = သစ်ခေါက်ဆိုး
တမုဟုတ်ချင်း
တမ်းတသည်
တများများ (သွားရည်ကျ)
တမျိုးတဘာသာ
တမျိုးတဖုံ
တမျိုးတမည်
တယုတယ
တယူသန်
တခြမ်း (ထက်ဝက်)
တခြမ်းပဲ့
တခြားတပါး
တပြက်ပင်
တပြင် (အရှေ့အနောက်)
တပြွတ်ပြွတ်
တပြာ = ကြိမ်လုံး၊ တုတ်၊ လှင်ကန်
တပြားတချပ် မျှမရှိ
တပြူး = တရှဉ်း =တစုံ = နှစ်ခုတွဲ
တဖြစ်လဲ
တဖြည်းဖြည်း = တရွေ့ရွေ့
တဖြတ်တည်း
တဖြန်းဖြန်းကြက်သီးထ
တဖြုတ်တခဏ
တဖြုတ်ဖြုတ်ကြွေ
တဖြူးဖြူးလေတိုက်
တမြည့်မြည့်
တမြန်နေ့
တမြမြ (အရက်သောက်)
တမြို့တည်း
တရံဆံ (သူစိမ်း)
တရံတဆစ် = တခါတလေ
တရံတဖန်
တရံရောအခါ
တရက်ချန်
တရက်တည်း
တရက်ခြားဖျား
တရင်းတနှီး
တရစပ်
တရတွန်း
တရထည်
တရန်(ဖိနပ်)
တရပတ် (ယပ်)
တရပ် (လူ့အရပ်)
တရပ်ကွက်တည်း
တရပ်တကျေး
တရကြမ်း
တရွတ်ဆွဲ
တရွဲ့တစောင်း
တရှက် = ရောယှက်သည်
တရှဉ်း (နွား)
တရှိန်တည်း
တရှိန်ထိုး
တရားကိုယ်
တရားခံ
တရားတပေါင်
တရားတဘောင်
တရားမကြောင်း
တရားမှု
တရားလို
တရိပ်ရိပ်
တရုတ်ကတ်တံခါး
တရုတ်စံကားပင်
တရုန်းရုန်း
တရုပ်စကားပင်
တရိုတသေ
တရှုပ်ရှုပ်ငို
တလံ (အတိုင်းအတာ)
တလုံး (ပန်းကန်)
တလုံးတစည်း
တလုံးတပါဒ
တလုံးတဝတည်း
တလုံးလုံး (ချွေး)
တလင်း = ညီညွတ်ပြန့်ပြူးသော မြေအပြင်
တလင်းကျံ
တလင်းပြင်
တလည်လည် = အကြိမ်ကြိမ်အဖန်ဖန်
တလွဲတချော်
တလှပ်လှပ် (ရင်ခုန်)
တလျှပ်လျှပ် (အရောင်)
တလျှမ်းလျှမ်း
တလိမ့်တုံး
တလိမ့်ခေါက်ကွေး
တလိုင်းလူမျိုး
တလုတ်တဆုပ်
တလူးလူးတလဲလဲ
တလူလူလွင့်
တလျားလျား
တလွှား = အရပ်ရပ်အနယ်နယ်
တဝ (ဤလည်း)
တဝက်ကျိုး
တဝက်ခ
တဝက်တပျက်
တဝတပြဲ
တဝန်း (တနိုင်ငံလုံး)
တဝမ်းကွဲအမျိုး
တဝမ်းပူအက္ခရာ
တဝုန်းဝုန်းမြည်သံ
တဝိုက်
တဝဲလည်လည်
တသက်တကျွန်း
တသက်ပန်
တသက်လျာ = အစိုးတပိုင်တခဏ
တသင်း = အပေါင်းများစွာ
တသမတ် = ပိုးင်းခြားရပ်တန့်ခြင်းမရှိ
တသွန်= အကြွင်းမရှိ အကုန်အစင်
တသီးတခြား
တသီးတသန့်
တသီးပုဂ္ဂလ
တသီတတန်းကြီး
တသုန် = တစုတရုံး
တသိုက်တဝန်း
တသဝေမတိမ်း
တဟွပ်ဟွပ်ချောင်းဆိုး
တဟီးဟီးတဟားဟား
တဟုန်းဟုန်း
တဟုန်ထိုး
တအုံနွေးနွေး
တအုန်းအုန်း
တအူထုံ့ဆင်း
တဦးတည်းသောသား
တဦးကောင်းတယောက်ကောင်း
တကောင်းမြို့
တကောင်တည်း
တကောင်တမြီး
တကောင်တလေ
တကျော့နှစ်ကျော့
တခေါ်တမျှော်
တခေါက်တကျင်း
တငေးတမော
တစေ = အမြဲဧကန်
တစေ့တစောင်း
တစေ့စေ့ = စေ့စေ့စပ်စပ်၊ အဖန်ဖန်
တစ္ဆေမှင်စာ
တစောင်း
တဆွေ့ခုန်
တဇောက်ကန်း
တတွေ (တို့)
တတောဝင်ထွက်၊ တကုန်းတက်၍၊ တတောင်ကိုကျော်
တထေရာတည်း
တထောက်တနား
တထောက်ပတ်ပတ် = အဖန်ဖန်လုံ့လပြုခြင်း
တနေ့တခြား
တနေ့သ၌
တနေ့တော့ မောင်ပြန်လာမည်
တနေ့သောအခါ
တနေကုန်တနေခန်း
တပွေ့တပိုက်
တပေါက်တလမ်း
တပေါင်းတစည်းတည်း
တပေါင်းလ
တပျောင်းပျပျ
တပျော်တပါး
တကြောင်းဆွဲပန်းချီ
တကြော်ကြော်အော်
တဘောင်စနည်း
တမေ့တမြော
တမေ့တလျော့
တမျှော်တခေါ်
တယောက်တကွဲ
တယောက်တည်း
တယောက်တပြန်
တယောက်ထီးတည်း
တယောက်ယောက်
တယောင်တဆောင်
တယောထိုး
တပြေးတည်း = အကြောင်းတူ
တပြောင်းပြန်ပြန် = အဖန်တလဲလဲ = အကြိမ်ကြိမ်
တဖြောက်ဖြောက်မိုးရွာ
တဖြောင်းဖြောင်းမြည်သံ
တရွေ့ရွေ့
တရှောင်ရှောင်
တရော်ကင်ပွန်း
တလျှောက် (မြစ်ရိုး)
တသွေ့ယောင်းယောင်း = သွေ့ခြောက်သည်
တသွေ့သွေ့
တအောက်မေ့မေ့
တအော်လဲလဲ = အကြိမ်ကြိမ်အဖန်ဖန်
တနုံ့နုံ့
တနိုင်ငံတည်း
တနိုင်တပိုင်
ကောင်းပေစွတကား

ဒေါက်တာတင့်ဆွေ

EDS အိပ်ချင်စိတ်များခြင်း

ကျွန်တော် အသက် ၈၀ ကျား၊ ထမင်းစားပြီးတိုင်းအိပ်ငိုက်ပါသည်။ တခါတရံဣနြေ္ဒမဆယ်နိုင်အောင် ငိုက်ပါသည်။ Instant ကော်ဖီအထုပ်တဝက်သောက်တာတောင် ငိုက်ပါသည်။ ကောင်းကြိုးဆိုးပြစ်သိလိုပါသည်။ ကျန်းမာရေး ချို့တဲ့လို့ဖြစ်တာဆိုရင်လည်း ဘယ်လိုကာကွယ်ရမလဲဆိုတာသိလိုပါသည်။ ကျေးဇူးတင်ပါသည်။

Excessive daytime sleepiness (EDS) လို့ ဆေးစာမှာခေါ်တယ်။ သုတေသနတခုအရ အဲလိုဖြစ်ခြင်းဟာ အသက်ကြီးလာလို့ဖြစ်တာရှိပေမဲ့ cognitive decline ခေါ် သတိဥာဏ်ချို့ယွင်းလာခြင်းနဲ့ dementia ခေါ် သတိချို့ယွင်းခြင်းတို့ ဖြစ်ချင်လာလို့ ဟုတ်ချင်မှ ဟုတ်မယ်လို့ဆိုပါတယ်။

Sleep Disorders အိပ်စက်ခြင်းရောဂါနဲ့ Hypersomnia အိပ်ချင်စိတ်များခြင်းဖြစ်တာတွေကို
1. Stimulants ခေါ်စိတ်နိုးကြားဆေးတွေဖြစ်တဲ့ methylphenidate (Ritalin) နဲ့ modafinil (Provigil) ဆေး ပေးနိုင်တယ်။

2. Antidepressants စိတ်မကျဆေးတွေထဲက fluoxetine (Prozac), citalopram (Celexa), paroxetine (Paxil), sertraline (Zoloft) ဆေးတခုခုပေးနိုင်တယ်။

3. Sodium oxybate (Xyrem) ဆေးကို နေ့ခင်းအအိပ်လွန်ကဲခြင်းနဲ့ narcolepsy ရောဂါပါ တွဲနေသူတွေကို ပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉

မျိုးတစ်စိတ်

အချုပ်တန်းဆရာဖေအောက်မှာ ကွန်မင့်တခုက တကယ့် ဇာတိမာန်ပြည့်ခဲ့တဲ့ ဆရာကြီးပါ ကလောင်လက်နက်နဲ့ မျိုးချစ်စိတ် နိုးကြားစေခဲ့သူပါ တဲ့။

ဟုတ်တယ်။ အခုတော့ ဘာရေးရေး တစ်နေကြတယ်။ မျိုးချစ်စိတ်နဲ့ မျိုးတစ်စိတ်မထူးပါဘူး။

တယောက်သား လဲလို့သေသေ၊ မထောက်ထား ဆိုးရွားချေသည်၊ မိုးခါးရေ အကုန်သောက်တာမို့၊ ယုံလောက်ဖို့ ဘယ်သူ့ ဘယ်သူ၊ လောကမပြူ၊ ကောသလ စက်ပျော်သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉

ကလင် ကလင်

ဖုန်းမြည်သံကို အရင်က အဲလိုရေးကြတယ်။ အခုတော့ အသံမျိုးစုံ။ ကိုယ့်ဖုနုးအသံတောင် ကိုယ်မသိ။

ကနေ့မနက် စောစောထရမှာမို့ ဖုန်း ခေါင်းအုံးဘေးမှာထားအိပ်ခဲ့တယ်။ ခါတိုင်းတော့ ဖုန်းပိတ်အိပ်တာ။ မနက် ၅ နာရီလောက် ဖုန်းမြည်တယ်။ အလမ်းပေးထားတာက ၇ နာရီ။ နံပတ်က ၉၅ နဲ့စတာ။ မြန်မာပြည်က။ ပိတ်ပြီး ပြန်အိပ်ရတယ်။ ဆောရီး။ အမျိုးတွေက ဒီအချိန်မှာ မခေါ်ကြပါ။

ဒုက္ခသည်အေဂျင်စီတခုမှာ စကားပြောနေတော့ ဖုန်းက မြည်ပြန်ပါရော။ လိုက်ကူညီသူကနေ ဖုန်းပိတ်ပေးရတာ ၂ ခါ။ စကားပြောပြီးမှ စစ်ကြည့်တော့ နံပတ်က ၂၀၂။ ဝါရှင်တန် ဒီစီက။ ရေဒီယိုတခုကနေ အင်တာဗျူးအတွက်ဖြစ်မယ်။ ဆောရီး။

ခုခေတ်မှာ ရုံးသဘောဆို အီးမေးလ်နဲ့ ဆိုရှယ်သဘောမှာ တက်စ် ခေါ် မက်ဆေ့ခ်ျကို ပိုသုံးကြပါတယ်။ ရေဒီယိုကလွဲရင် ဖုန်းနဲ့မေးတာတွေကို မဖြေပါ။ ဆောရီး။ ကလင်ကလင်တွေ ခေတ်နောက်ကျသွားပြီ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

သစ္စကထာ

သစ္စာတရား ၂ ပါး

သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ် ဖြောင့်မှန်သည်ကို ဆိုသတည်း။
ထိုသစ္စာသည် (၁) သမ္မုတိသစ္စာတပါး (၂) ပရမတ္တသစ္စာတပါးဟူ၍ နှစ်ပါးအပြားရှိ၏။

လယ်တီဆရာတော်ဘုရားကြီး ပြုစုတဲ့ ဒီပနီပေါင်းချုပ်စာအုပ်ထဲကဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ထုတ် မူရင်းသတ်ပုံကို တင်ပြပါတယ်။

တရားမှာ သစ္စာတရား ၂ ပါးရှိသလို မြန်မာစာမှာလည်း တပါး နဲ့ တစ်ပါးလို့ ၂ မျိုးရှိပါသတဲ့။ အစဉ်ထာဝရ ညီညွတ် ဖြောင့်မှန်ခြင်းမရှိတာကို မြန်မာစာဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

မေးနည်း ပို့လိုက်တယ်

ကျွန်တော့်ရောဂါအခြေအနေလေး သိချင်လို့ပါခင်ဗျာ။ ဆရာဝန်က ကြည့်ပြီး ရှင်းမပြလို့ပါဆရာ တလနေ ပြန်လာပြ လှည့်ပြောလိုက်လို့ပါခင်ဗျာ။

အသက် အချက်အလက်တွေ မသိ။ မေးနည်း ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

HIFU FAQs ပြင်းအားများ အာလ်ထွာဆောင်းနည်းနဲ့ကုသခြင်း မေးလေ့ရှိသောမေးခွန်းများ

ကင်ဆာအဖုအကျိတ်များကို မခွဲမစိတ်ဘဲ ချေဖျက်ဖယ်ရှားနိုင်မည့် HIFU centre ဖွင့်ပွဲအခမ်းအနား ပို့စ်ကို ထပ်တွေ့တယ်။ သတင်းက ၁၉-၆-၂၀၁၅ နေ့ကတည်းကပါ။ ကျွန်တော်က ၂၁-၆-၂၀၁၅ နေ့က ရေးထားတယ်။

High Intensity Focused Ultrasound (HIFU) ကို ရန်ကုန်မှာစသုံးတော့မယ်ဆိုတဲ့သတင်းကို မနေ့က တင်ထားပါတယ်။ ဒီနည်းနဲ့ ယောက်ျားဆီးကျိတ်ကင်ဆာကုသရာမှာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေရဲ့အဖြေတွေကို သိစေချင်ပါတယ်။

၁။ Prostate cancer ဆီးကျိတ်ကင်ဆာအတွက် ဘယ်လိုသုံးသလဲ
ခါးထုံဆေးထိုးမယ်။ ဓါတ်ရောင်ခြည်မပါတဲ့ အသံလှိုင်းကို ဆီးကျိတ်ကင်ဆာဆဲလ်တွေဆီ ပစ်မှတ်ထားမယ်။ ၂-၃ နာရီ ကြာမယ်။ အစာဟောင်းအိမ်ထဲကို စအိုကနေတဆင့် Rectal probe အချောင်းလေးထည့်မယ်။ အာလ်ထွာဆေင်းဘင်းမ် ကို ကင်ဆာဖြစ်နေတဲ့ဆီချိန်မယ်။ ကင်ဆာတစ်ရှူးတွေကို ဖျက်မယ်။ အပျက်အစီးတွေကို ကိုယ်ခန္ဓာကနေ အလိုလို ရှင်းပေးမယ်။

၂။ Disadvantages of HIFU အားနည်းချက်တွေကဘာတွေလည်း
ယူအက်စ်မှာ HIFU နည်းကို FDA ကခွင့်မပေးသေးပါ။

၃။ HIFU effectiveness in treating prostate cancer ဆီးကျိတ်ကင်ဆာထိရောက်မှု
အခုထိတော့ ထိရောက်မှုအတွက် ခိုင်မာတဲ့ဒေတာ မပြည့်စုံလှသေးပါ။ ရေရှည်အတွက်လည်း မပြောနိုင်သေးပါ။ ခွဲစိတ်ကုသမှုမခံနိုင်တဲ့လူနာအတွက်တော့ ပိုကောင်းတဲ့ကူသနည်းဖြစ်တယ်။ ဓါတ်ရောင်ခြည်ပေးပြီး ပြန်ဖြစ်သူတွေကိုလည်း ကောင်းတယ်။

၎။ HIFU နဲ့ Robotic Prostatectomy Surgery စက်ရုပ်သုံးခွဲစိတ်နည်း ဘာကွာခြားသလဲ
HIFU နည်းနဲ့ ကင်ဆာအကျိတ်ကိုထုတ်ပြစ်လို့မရပါ။ ကင်ဆာဆဲလ်တွေကိုသာပစ်မှတ်ထားပြီး သေစေတယ်။ HIFU နည်း လုပ်သူက PSA levels ကိုစစ်နေရမယ်။ တခြားလက္ခဏာတွေကိုလည်းကြည့်နေရမယ်။ ဆီးကျိတ်ရှိနေသေးသမျှ PSA level အတက်အကျရှိနေမယ်။ Robotic prostatectomy surgery နည်းနဲ့လုပ်တာက ကင်ဆာဆီးကျိတ်ကို ထုတ်ပြစ်တာ ဖြစ်တယ်။ နောက် ၆ လအကြာမှာ PSA level စမ်းမရတဲ့အထိကျသွားမယ်။

၅။ Side effects of HIFU နည်းရဲ့ ဘေးထွက်ဆိုးကျိုးများ
• Erectile dysfunction လိင်အင်္ဂါသန်မှုကျဆင်းမယ်။ ပန်းသေပန်ညှိုး ၃ဝ-၇ဝ% ဖြစ်မယ်။
• Ejaculation problems သုက်လွှတ်မှုအခက်အခဲရှိမယ်။ Retrograde ejaculation နောက်ပြန်ထွက်တာလည်း ရှိနိုင်တယ်။
• Urinary incontinence ဆီးမလုံတာဖြစ်နိုင်တယ်။
• Urinary frequency and burning ဆီးခဏခဏသွားခြင်ပြီး ဆီးပူမယ်။
• Rectal wall injury from probe အစာဟောင်းအိမ်ကိုထိခိုက်မှုရှိနိုင်တယ်။
• Rectal incontinence, burning, and bleeding ဝမ်းမလုံတာ၊ ပူလောင်တာနဲ့ သွေးထွက်တာရှိနိုင်တယ်။
• Prostate infection ဆီးကျိတ်ပိုးဝင်တာဖြစ်နိုင်တယ်။
• Catheter ဆီးပိုက်ကို ၄ ပါတ်လောက်တပ်ထားရမယ်။
• Risk of recurrence ပြန်ဖြစ်နိုင်တယ်။

၆။ Additional prostate cancer treatments after HIFU ထပ်လုပ်စရာလိုမလား
အခုထိ ၁ဝ နှစ်စာဒေတာသာရသေးတယ်။ ကုသမှုခံယူသူတွေထဲက ၁ဝ% ဆီးကသာစုဆောင်းနိုင်တယ်။ နောက် ၆ လ အကြာ ထပ်ကုသရတာရှိနိုင်တယ်။

ဆေးပညာသတင်းကို ကုန်ပစ္စည်းကြော်ငြာလို မရေးသင့်ကြပါ။ သတင်းတခုဖတ်ရင်လည်း ခြေခြေမြစ်မြစ် ဖတ်ကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ထင်ရှားကြော်ကြားလှသည့် ပုဂ္ဂိုလ်ကြီးတဦး

ပြည်သူ့လုပ်ငန်းများ တနေ့တခြား များပြားလာ၍

၁၉၆၂ စစ်တပ်က အာဏာသိမ်းစကသတင်းဖြစ်ပါတယ်။

နိုင်ငံရေးမှားပေမဲ့ သတင်းစာတွေက သတ်ပုံမှန်နဲ့သာ ရေးတဲ့ခေတ်ဖြစ်ပါတယ်။ အခုခေတ်က နိုင်ငံရေးမှန်ဆီ ဦးတည်နေပေမဲ့ သတ်ပုံကတော့ အာဏာသိမ်းခံထားရဆဲ။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉


Esophageal cancer အစာမြိုပြွန်ကင်ဆာ

လူနာ အသက် ၅၈ နှစ်ပါဆရာ။ အမျိုးသားဖြစ်ပါတယ်ရှင်။ ထမင်းစားသည့်အခါ နင်၍ ရေနွေးဖြင့် သောက်စားမှ ရပါသည်။ အနည်းငယ်သာဝင်သည့်အခြေအနေမှ ယခု ထမင်းစားမရ၍ ဆန်ပြုပ်သောက်ပါသည်။ တခါတရံ ရေနင်ပါသည်။ ၁၅.၁၀.၂၀၁၈ ရက်နေ့ ရန်ကုန်ကုတင်၅၀၀ဆေးရုံတွင် လိုအပ်သည်များ စစ်ဆေးထားပြီး အဆုတ်နှင့်ရင်ခေါင်းဌာနတွင် နေရာချထားပါသဖြင့် ဆေးရုံတက်နေပါသည်။ အစာမျိုပြွန်ကင်ဆာဟု အကြမ်းဖျင်း အမည်တပ်ပါတယ်ဆရာ။ ရောဂါအခြေအနေ အတိအကျမသိရသေးပါရှင်။ ၃၀.၁၀.၂၀၁၈ ရက်နေ့တွင် အစာအိမ် မှန်ပြောင်းကြည့်မည်ဟု ပြောပါသည်။ မှန်ပြောင်းကြည့်ပြီးနောက် ခွဲစိတ်မည်ဟုပြောပါတယ်ရှင်။ ယခုရက်များအတွင်း မည်သည့်ဆေးမှ မပေးပါရှင်။ ဆေးရုံများမှ အချိန်ယူခြင်းအား နားမလည်နိုင်ပါရှင်။ ဆေးကုသမှုနောက်ကျခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်မိပါသဖြင့် ဆရာ့အား မေးမြန်းခြင်း ဖြစ်ပါသည်။

Esophageal cancer အစာမြိုပြွန်ကင်ဆာ https://doctortintswe.blogspot.com/…/02/esophageal-cancer.h…

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၈
၁၈-၁၀-၂၀၁၉

Pulse လက်ကောက်ဝတ် သွေးခုန်နှုန်း

မင်္ဂလာပါဆရာ အသက် ၂၄ ယောက်ျားလေးပါခင်ဗျ ကျွန်တော် ရင်တုန်လို့ သွေးဖိအားတိုင်းလိုက်တိုင်းမှာ အပေါ်သွေး ၁၂၀အောက်နှင့် အောက်သွေး ၈၀အောက်တွေရှိပါတယ်။ ဒါပေမယ့် Pulse rate မှာအမြဲတမ်း ၉၀ နှင့် ၈၀ကြား ရှိနေပါတယ်။ Pulse rate နှင့်ရင်တုန်ခြင်းသည် ဆက်စပ်မှုရှိပါသနည်း။

အခုထိတော့ ရောဂါ မဟုတ်သေး။ အထက်ဂဏန်း + အောက်ဂဏန်း + နှလုံးခုန်နှုန်းတွေ ပုံမှန်အတွင်းဝင်တယ်။ စိုးရိမ်စရာမရှိလောက်။ ဒါပေမဲ့ အမြဲလိုလိုပြောင်းနေတယ်။

ဟုတ်ကဲ့ခင်ဗျ ။ကျေးဇူးပါ ဆရာ။

Heart rate နှလုံးခုန်နှုန်း https://doctortintswe.blogspot.com/2018/03/heart-rate.html
Pulse လက်ကောက်ဝတ် သွေးခုန်နှုန်း https://doctortintswe.blogspot.com/2014/12/pulse-deficit.html
Blood Pressure သွေးဖိအားအကြောင်း https://doctortintswe.blogspot.com/2017/08/blood-pressure.html

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

ဝတ္တုကြီးနှင့် ဝတ္တုတို တပုဒ်

ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး စစ်ပွဲကြီး ကာလအတွင်းက တောတောင်ထူထပ်လှသော ပဲခူးရိုးမတွင် အခိုင်အခန့် တပ်စွဲထားသော ဂျပန်ဘုရင့်တပ်မတော်မှ အမှတ် ၅၃ ဒီဝီဇံတပ်မကြီးကို သူရသတ္တိရှိရှိဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြသော သင်တိုးဝတ် ကရင်အမျိုးသား တပ်မှူးကြီး တာကေဒီ နှင့် ကရင်-မြန်မာ ပြောက်ကျား တပ်ဖွဲ့တဖွဲ့အကြောင်းကို မော်ကွန်း ရေးထိုးထားသော ရိုးမတိုက်ပွဲ

ဗန်းမော်တင်အောင်ရေးပါတယ်။ ခုခေတ်စာရေးဆရာတွေ ကဗျာဆရာတွေက (တစ်) ပုဒ်ပေါင်းများစွာ ရေးသား စပ်ဆိုကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

သန်ဘက်ခါ

တင်ထာတာတခု တွေ့တယ်။ သဘက်ခါ တနင်္လာနေ့ သည် သီတင်းကျွတ် လဆုတ် ၈ရက် အဌမီဥပုသ်နေ့ဖြစ်ပါသည် တဲ့။ သန်ဘက်ခါလို့ ရေးရတယ်။

သန်
ကကုသန်ဘုရား၊
ကျွမ်းသန္တာလန်၊
ငသန်ချိတ်ငါး၊
စိတ်သန္တာန်၊
နားသန်သီး၊
ပဋိသန္ဓေ၊
ပိုနသန်ကောင်၊
ရည်သန်၊
လူပြောမသန် လူသန်မပြော။
ဝသန် (မိုး) ရာသီ၊
သံသယ၊
သဏ္ဌာန် (ပုံပန်း၊ လုံးရပ်၊ အသွင်အပြင်)၊
သန်ချဆေး၊
သန်ချဆေး၊
သန်စွမ်း၊
သန်ဘက်ခါ၊
သန်မာ၊
သန်ယံ (သန်ကောင်ယံ)၊
သန်မြန်၊
သန်လျှက်ဓါး (ကဝိဓဇသတ်ပုံကျမ်း)၊
သန်လျက်ခုံ (အစိုးရထုတ်သတ်ပုံကျမ်း)၊
သန်လျက်စွန်း၊
သန်လျက်ဓား၊
သန်လျင်းချိတ်
သန်သန်မြန်မြန်၊
သန်ကောင်၊
သန်ကောင်စာရင်း
သန်ကောင်ရောဂါ၊
သန္ဓေတားဆေး၊
သန္ဓေကောင်း၊
သန္နိဋ္ဌာန်၊
သန္နိပတ်၊
သန္နိပါတ်နာ၊
သန္တာန် (အစဉ်အဆက်)၊
သန္တာကျောက်တန်း၊
အားသန်၊

ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး