Hygieia ဟိုက်ဂျီယာနတ်သမီး

မနေ့က Lady Justice တရားစောင့် နတ်သမီးစာတင်တယ်။ ဂရိသမိုင်းဟာ အလွန်စိတ်ဝင်စားရာကောင်းတယ်။ ဆေးပညာနဲ့ နိုင်ငံရေးမှာ ဂရိသမိုင်းဝင်စာလုံးတွေ အမည်တွေကို သုံးထားတာအများကြီး။ ဂြိုဟ်အမည်၊ ပြက္ခဒိန်လ အမည်တွေကလည်း ဂရိဒဏ္ဍာရီထဲကနေယူထားတယ်။ ရှိတ်စပီးယား စာတွေထဲမှာလည်း ပါတယ်။

ဆေးကျောင်းမှာ Hygiene ဟိုက်ဂျင်းဘာသာရပ်သင်ရတယ်။ အဲတာက Hygieia ဟိုက်ဂျီယာ ဂရိနတ်သမီးကနေ လာတာ။ သူက ကျန်းမာရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ နတ်သမီး။ ရောမဒဏ္ဍာရီထဲမှာလည်းပါတယ်။ Valetudo ခေါ် တကိုယ်ရေ ကျန်းမာရေး နတ်သမီး။ Salus ဆယ်လိယပ်စ် ခေါ် အီတလီ နတ်သမီးနဲ့ အလားတူတယ်။

ဟိုက်ဂျီယာမှာ ညီမလေးယောက်ရှိသတဲ့။ Panacea ပင်နာစီယာ ခေါ် ၉၆ ပါးဆေးနည်းနတ်သမီး၊ Iaso အိုင်ဆို ခေါ် ရောဂါနလန်ထ နတ်သမီး၊ Aceso အဆက်ဆို ခေါ် အနာရောဂါပျောက် နတ်သမီးနဲ့ Aglaïa အက်ဂျလီယာ ခေါ် အလှအပ နတ်သမီး။

Hygiene သန့်ရှင်းရေး https://doctortintswe.blogspot.com/2018/04/hygiene.html

Hand Washing လက်ဆေးပါ https://doctortintswe.blogspot.com/2019/06/hand-washing.html

Hygiene တကိုယ်ရေသန့်ရှင်းမှု https://doctortintswe.blogspot.com/2018/10/hygiene.html

Oral hygiene kids ကလေးခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2016/08/oral-hygiene.html

Oral hygiene ခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2017/08/oral-hygiene.html

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html

Bathing and Health ရေချိုးခြင်းနဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2015/02/bathing-and-health.html

ခုခေတ်မှာ (တစ်) ကိုယ်ရေ၊ (တစ်) ကိုယ်ရည် သန့်ရှင်းရေးလို့ ရေးနေကြတယ်။ မမှန်ပါ။

ကိုယ်တွင်းကိုယ်ပ၊ အမည်လှ၍၊ အနုပညာ စာပေမှာပါ သန့်ရှင်းကြပါစေသည်း။

ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး