Comment ကွန်မင့်ဟူသည် နံရံမှာစာရေးခြင်းမဟုတ်

၁။ နေကောင်းလား

၂။ ဆရာခင်ဗျား ကျွန်တော့်အမျိုးသမီးမှာ ၁၅ ရက်နဲ့ရာသီလာတာ နှစ်ကြိမ်ရှိပါပြီ စက်တင်ဘာ ၄ မှာလာပြီး စက်တင်ဘာ ၁၇ မှာ လာပါတယ်ခင်ဗျား ပြီး ယခု အောက်တိုဘာ ၂ မှာလာပါတယ်ခင်ဗျား ဘာဆေးမှလည်း သုံးစွဲခြင်း မရှိပါဘူးခင်ဗျား ထိုသို့ဖြစ်ခြင်းသည် ကျန်းမာရေးထိခိုက်စေပါသလား မည်သည့်ရောဂါဖြစ်နိုင်သည်ကို သိပါရစေခင်ဗျား

အရင်ကလည်း မကြာခဏ တင်ပြတယ်။ ကွန်မင့်ဆိုတာ တင်ထားတဲ့စာကို အကောင်း အဆိုး ကြိုက် မကြိုက် လိုပ်ခ် ရေးရာဖြစ်တယ်။

လူတယောက်ကို နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ ဒီရောဂါသိချင်ပါတယ် စသဖြင့် ရေးလို မေးလိုရင် မက်ဆေ့ခ်ျ၊ ချတ်၊ အီးမေးလ်ကနေရေးရတယ်။ စာတိုက်ကနေလည်း ပို့နိုင်တယ်။ ဖက်စ်ရှိရင်သုံးနိုင်တယ်။

ကွန်မင့်ဆိုတာ လူတကာဖတ်လို့ရတယ်။ သာလာယံဇရပ် နံရံလိုပဲ။ မျိုးပွါးလမ်း မေးတာ ဖြေတာတွေ မသင့်လျော်ပါ။

တချို့ကလည်း သူများလုပ်ထားတဲ့ ကြော်ငြာတွေ စတစ်ကာတွေ လာကပ်ကြတယ်။ လိုက်ဖျက်နေရတာ အလုပ်တခု။

ဒေါက်တာတင့်ဆွေ
၎-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး