Ethiopia and Myanmar အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံ

အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed အဘေအာမက်ကို Nobel Peace Prize နိုဗယ်ဆုချီးမြှင့်တဲ့ သတင်း ကနေ့ထွက်ပါတယ်။ သူက အိမ်နီးချင်း Eritrea  အီရီထရီးယားနဲ့ဖြစ်နေတဲ့ နှစ် ၂၀ ကြာစစ်ကို ရပ်စဲအောင် ဆောင်ရွက်နိုင်လို့ဖြစ်ပါတယ်။

အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ရေးထားတာလေးတွေရှိတယ်။

၂၀၁၈ ခုမှာ နိုင်ငံနဲ့ ဒေသပေါင်း ၈၈ မှာ အင်္ဂလိပ်စာကျွမ်းကျင်မှုကို ဆန်းစစ်မှုလုပ်တားပါတယ်။ Low နိမ့်ကျ (၂၁) နိုင်ငံတွေထဲမှာ 54. Ethiopia အီသီယိုးပီးယားပါပြီး၊ Very low အလွန်နိမ့်ကျ (၂၃) နိုင်ငံတွေထဲမှာ 82. Myanmar မြန်မာနိုင်ငံပါတယ်။ အာဏာသိမ်းအစိုးရတွေရဲ့ ကျေးဇူးဖြစ်တယ်။

Least Developed Country (LDC) ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးတိုင်းပြည်ပေါင်း ၄၉ နိုင်ငံရှိတယ်။ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံ အတူတူပါတယ်။

Healthy life expectancy ဆိုတာက ကျန်းကျန်းမာမာနဲ့အသက်ရှင်တာကိုခေါ်တယ်။ ဒုက္ခိတဘဝကြီးနဲ့ အသက် ရှည်နေတာမျိုးမဟုတ်ပါ။ ၂ဝ၁ဝ-၂ဝ၁၅  ခုနှစ် ကုလသမဂ္ဂစာရင်းဇယားအရ နိုင်ငံပေါင်း (၂ဝ၁) ထဲမှာ မြန်မာနိုင်ငံင အဆင့် (၁၅၁) မှာ ပျမ်းမျှ သက်တမ်း ၆၅့၆၄ နှစ်ရှိတယ်။ ယောက်ျား = ၆၃့၅၈ နှစ် နဲ့ မိန်းမ = ၆၇့၆၆ နှစ်ဖြစ်ပါတယ်။
အီသီယိုးပီးယားက ပိုဆိုးတယ်။ 161 Ethiopia 63.13 61.30 65.02 အဆင့်။

၁၃-၁၂-၂၀၁၅ နေ့က ရေးထားတယ်။ List of dictators အာဏာရှင်စာရင်းကို နိုင်ငံရေးလေ့လာသူတွေက ပြုစုပါတယ်။ အာဏာရှင်ဘွဲ့ရဘို့ဆိုတာ တရားသဖြင့် အာဏာရယူတာ မဟုတ်သူ၊ အာဏာကို သက်ဦးဆံပိုင်သုံးစွဲသူ၊ တရားဥပဒေကို ပမာမထားပဲ အုပ်ချုပ်သူ၊ မတရားနည်းသုံးပြီး တက်လာသူ၊ အာဏာသိမ်းယူသူ၊ ပုဂ္ဂိုလ်ရေး တည်ဆောက်သူ၊ ဖိနှိပ်ရက်စက်ပြီးအုပ်စိုးသူ၊ စတာတွေ ဖြစ်တယ်။ ဘုရင်တွေ ဧကရာဇ်တွေမဟုတ်လို့ ခေတ်သစ်အာဏာရှင်လို့လည်း ခေါ်ပါတယ်။ မြန်မာပြည်က ဗိုလ်ချုပ်ကြီးနေဝင်း (၁၄၂) နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၁၄၉) နှစ်ယောက်သာ စာရင်းထဲမှာ ပါတယ်။ သူတို့လိုပဲဆိုးတာ တူပေမယ့် နံပါတ်တစ်နေရာမဟုတ်လို့ စာရင်းထဲမထည့်သူတွေက ဒီစာရင်းထက်များတယ်။ တချို့ ခေါင်းဆောင်တွေက ရွေးကောက်ပွဲနည်းနဲ့ အာဏာရအောင်လုပ်ယူနိုင်ကြလို့ ဆိုးကြပေမယ့် စာရင်းထဲ မပါသူတွေလည်း ရှိသေးတယ်။
20. Mengistu Haile Mariam Ethiopia 1974–1991 အီသီယိုးပီးယား။
142. Ne Win Burma 1962–1988 မြန်မာ။
149. Than Shwe Myanmar 1992–2011 မြန်မာ။

၂၀-၁၀-၂၀၁၅ နေ့က ရေးထားတယ်။ Corruption Perceptions Index အကတိလိုက်စာမှုညွှန်းကိန်း။ ၂ဝ၁၄ ခုနှစ် နိုင်ငံပေါင်း (၁၇၅) နိုင်ငံရဲ့ အကတိလိုက်စာမှုညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နံပါတ် (၁၅၆) မှာရှိပါတယ်။
156 Myanmar 21 မြန်မာနိုင်ငံက ပိုဆိုးတယ်။
110 Ethiopia 33 အီသီယိုးပီးယား။

၂၀-၁၀-၂၀၁၅ နေ့က ရေးထားတယ်။ ၂ဝ၁၄ ခုနှစ် (EPI) ခေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆောင်ရွက်မှု ညွှန်းကိန်း စုစုပေါင်း ၁၇၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၆၄ မှာသာရှိပါတယ်။
164. Myanmar 27.44 မြန်မာနိုင်ငံက ပိုဆိုးတယ်။
131. Ethiopia 39.43 အီသီယိုးပီးယား။

၂၃-၁၀-၂၀၁၅ နေ့က ရေးထားတယ်။ Vote for Health System ကျန်းမာရေးစနစ်ကောင်းဘို့ မဲပေးစို့။ WHO Ranking of the World’s Health Systems ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှသတ်မှတ်ထားသော ကမ္ဘာ့ကျန်းမာရေးစနစ်များ
190 Myanmar မြန်မာနိုင်ငံက ပိုဆိုးတယ်။
180 Ethiopia အီသီယိုးပီးယား။

၂၀-၁၀-၂၀၁၅ နေ့က ရေးထားတယ်။ Vote for Health မွေးကာစကလေးတွေအတွက် မဲပေးပါ။ မွေးကင်းစကလေး သေနှုန်း (အရှင်မွေး ၁ဝဝဝ မှာ သေဆုံးသည့်ကလေးအရေအတွက်) ၂ဝ၁၃ စာရင်းအရ နိုင်ငံပေါင်း (၁၉၂) ထဲတွင် မြန်မာနိုင်သည် အောက်ဆုံးကစတွက်ရင် နံပါတ် (၄၈) မှာရှိသည်။
41. 44 Ethiopia အီသီယိုးပီးယားကသာတယ်။

၂၀-၁၀-၂၀၁၅ နေ့က ရေးထားတယ်။ Vote for Prosperity ဆင်းရဲခြင်းလွတ်ကင်းရေး မဲပေးကြစို့။ မြန်မာနိုင်ငံလူဦးရေ၏ ၃၂့၇% သည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် နိမ့်ကျစွာနေထိုင်နေကြရသည်။ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ နီပေါ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ မလေးရှားတို့ထက် အဆင့်နိမ့်ကျသည်။
56. မြန်မာနိုင်ငံ = ၃၂.၇
41. Ethiopia = ၃၉ အီသီယိုးပီးယားကသာတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး