Escitalopram ဆေး

မင်္ဂလာပါ ဆရာ သမီးလေ လူတွေနဲ့စကားပြောရင် ရင်တုန်ပြီးတော့ မျက်လုံးချင်းဆုံပြီး စကားလည်းမပြောရဲဘူး ဆရာဝန်နဲ့ပြပြီးတော့ escitalopram 10mg ကို တလသောက်ခိုင်းတယ် သောက်ပြီးခါစတော့ နည်းနည်းကောင်းလာပေမဲ့ အချိန်ကြာတော့ ပြန်ဖြစ်လာတယ် ဆေးကို ဆက်သောက်ချင်လို့ ဘေးထွက်ဆိုးကျိုးရှိမလား နယ်မှာ တာဝန်ကျလို့ ဆရာဝန်နဲ့ မပြနိုင်တော့လို့ပါ ကူညီပါဆရာ။

အသက် မသိ။ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေ မသိ။

Escitalopram ဆေးဟာ SSRI ဆေးအမျိုးအစားဖြစ်တယ်။ စိုးရိမ်စိတ်ကဲလွန်တာ၊ စိတ်ကျတာမှာ ပေးတယ်။

ဆေးကြောင့် ပျို့အန်ချင်၊ ဝမ်းချုပ်၊ မောပန်း၊ အိပ်ချင်၊ ခေါင်းမူး၊ ချွေးထွက်များနိုင်တယ်။

Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း https://doctortintswe.blogspot.com/2014/11/anxiety-disorders.html

Stage fright စင်ပေါ်တက်ရမှာ စိတ်ပူပန်နေသလား https://doctortintswe.blogspot.com/2015/11/fear.html

စိတ်နဲ့သက်ဆိုင်တဲ့ဆေးဆိုတာ အချိန်ကြာကြာသောက်ရတယ်။

ဒေါက်တာတင့်ဆွေ
၉-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး