နတ်ကတော်ရေးတဲ့ ကွန်မင့်

အဲ့ဒါမာဒရာနတ်ဖန်းစားတာပါညနေမှောင်ရီပျိုးချိန် ၆ နာရီခွဲလောက်မှာပေါ့ ထမင်းပူပူလေးထဲကို နနွင်းမုန့်နည်းနည်းဖြူးပီး အားလုံးဘီအောင်နယ်လိုက် တညီတည်းဝါဖန့်ဖန့်အရောင်လေးဖြစ်သွားပီဆိုရင် လက်နဲ့ ၇ နှစ်ဆုတ်ပီးရင် ကိုယ်အိမ်ရှေ့ကနေ ကိုနေတဲ့အိမ်ခေါင်ကိုကျော်အောင် တဆုတ်ချင်းဆီပြစ်ပေးပါ မာဒရာနတ်ကြီး ဒီနေ့ကစပီး ခလေးကို စောင့်ရှောက်ပေးပါဆိုပီး ပြောရင်းနဲ့ပြစ်ပေးပါ နောက်နေ့တွေမငိုတော့ပါဘူး ယုံယုံကြည်ကြည်နဲ့ လုပ်ပေးပါ ခလေးအတွက်ပါ အိမ်နောက်ဖေးကိုပြစ်ရတယ် ဒို့လည်းဖြစ်ဘူးလို့ပါ

နတ်ဆိုတာ ယုံသူတွေက ဆရာဝန် ဆေးပညာ တရားအစစ်တွေကို မယုံကြပါ။ ကျွန်တော့စာမျက်နှာက သာလာယံဇရပ်မဟုတ်။ နတ်ကွန်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၀-၁၀-၂၀၁၉

သတ်ပုံမှားဆရာဝန်ကိုသာ မေးပါရန်

ဒီလိုလေးတေပေါ်နေတယ်

အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html

ဟုတ်ကဲ့ ရပါပြီဆရာရှင့် ကျေးဇူးအထူးတင်ပါတယ်

ဆရာရှင့် အခုတလောကျွန်မဆူညံသံတေကြားရင် စိတ်ရှုပ်ထွေးပြီး အော်ဟစ်ပစ်ချင်တဲ့စိတ်တေပေါက်နေပါတယ် ပုံမှန်နဲ့မတူတဲ့ စိတ်တေဖြစ်နေတယ်လို့ ခံစားနေရပါတယ် အဲ့ဒါဘာဖြစ်တာပါလဲဆရာရှင့်

တေ သတ်ပုံလင့် ပို့ထားပြီး။ ထပ်ရေးတယ်။

လူပေလူတေ
ပေပေတေတေ
ဗမာတေဆေး
ဖတ်တရာတေ

တွေ ကို တေ လို့ရေးတာ မှားတယ်။ မပို့ပါရန်လို့ပြောတာတွေ ထပ်ပို့သူတွေကိုတော့ ဘလော့တယ်။ မမှားပါတယ်လို့ ပြောတာနဲ့သာရေး မေးတာကိုတော့ မဖြေလိုပါ။ ဆောရီး။ သတ်ပုံမှားဆရာဝန်ကိုသာ မေးပါရန်။

ဒေါက်တာတင့်ဆွေ
၂၀-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး