တရံရောအခါ၌

မင်း၏ ပတ္တမြားလက်စွပ် သုံးကြိမ်တိုင် ပြန်လည်ရောက်သည်တွင် မှုခင်းစီရင် တင်လျှောက်သော လျှောက်ထုံး

တရံရောအခါ၌ ပြည့်ရှင်မင်းကြီးသည် မဟာမုနိဘုရားကို အဖူးထွက်တော်မူလေသော် ဝတ်တော်မူသော ပတ္တမြား လက်စွပ်သည် ကျွတ်၍ရေသို့ကျလေရာ ငါးတခုရ၍ မျိုလေသည်နှင့် တလရှိမှ ထိုငါးကို တံငါတယောက် ရလေလျှင် ထိုငါးဝမ်း၌ လက်စွက်ပိကို ရပြန်လတ်သော် တံငါကြောက်လန့်လျက်နှင့် ထိုလက်စွပ်ကို ငါးနှင့်အတူ ဆောင်ယူလာ၍ မင်းထံမှာ ဆက်လှာလျှင် မင်းကြီးက အမတ်မဟာပညာကျော်ကို မေးတော်မူလေသေည် ထိုအမတ်ကြီး လျှောက်ထုံးမူကား -

ဓညဝတီ မင်းတိုင်ပင်အမတ်ကြီး စီရင်ခဲ့တဲ့ မဟာပညာကျော်လျှောက်ထုံး စာအုပ်ထဲက ဖြစ်ပါတယ်။ (တစ်) ရံရောအခါ၌ မဟုတ်။ ငါး (တစ်) ခုရ၍ မဟုတ်။ (တစ်) လရှိမှ မဟုတ်။ တံငါ (တစ်) ယောက် မဟုတ်။

အခုခေတ် မြန်မာစာ မဟာ့မဟာပညာကျော်တွေကတော့ -

ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်