ယောက်ျားလေး အမျိုးသား မိန်းကလေး အမျိုးသမီး

မင်္ဂလာပါဆရာရှင့် ယောက်ျားလေးအသက် ၅၅ နှစ်ပါ အိမ်ထောင်မရှိပါဘူးဆရာ အူကျတာ စိုးရိမ်ရပါသလားရှင် ဆရာဝန်က လောလောဆယ် အလေးမမဘဲ စောင့်ကြည့်မယ် ပိုဆိုးလာမှခွဲရမယ်လို့ ပြောပါတယ်ဆရာ အဲဒါ နောက်ဆက်တွဲ စိုးရိမ်စရာရှိလား သိချင်လို့ ပါဆရာ ဆောင်ရန်ရှောင်ရန်လေးတွေလည်း ဆရာဆီကသိချင်လို့ ပါရှင့်

ဆရာဝန်ပြထားပြီး။ ထူးဖြေရန် မရှိ။ Hernia အူကျခြင်းစာ ဘလော့မှာ ဖတ်နိုင်။ လင့်ပို့ရင် ဖေ့စ်ဘွတ် ကွန်မြူနတီ စတင်းဒက်အရ ဘလော့ခံရဘူးတယ်။

ယောက်ျားလေး ၅၅ နှစ် ဟုတ်ပါသလား။ အသက်ကြီးသူတွေကို ယောက်ျား၊ အမျိုးသားလို့ ရေးရတယ်။ ကလေးတွေကိုသာ ယောက်ျားလေးလို့ရေးရတယ်။

အဲလိုလွဲရေးသူတွေ မနည်းပါ။ အသက် ၂၀ အောက်ကို ယောက်ျားလေး မိန်းကလေးလို့ရေးသင့်။ ၂၀ ကျော်သူတွေကို အမျိုးသား အမျိုးသမီးလို့ရေးသင့်။ တချို့က သွေးဆုံးပြီးလည်း မိန်းကလေးတဲ့။

ကိုယ့်ယောက်ျားကို ခင်ပွန်း၊ ကိုယ့်မိန်းမကို ဇနီးလို့ ရေးသင့်။ ကျား-မ ဆိုတာ လိင်အမျိုးအစားကိုပြောတာဖြစ်။

တွေ့ရာလူကို အဘ မခေါ်သင့်။ အသက်ငယ်ပေမဲ့ ကျောင်းဆရာ ဆရာမတွေကို ဦး ဒေါ် ထည့်ခေါ်ရတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး