အမတ်များနဲ့ တမတ်သား

စောစောက ဘုန်းဘုန်းတပါးကရေးတယ် မြန်မာ့လူ့အဖွဲ့အစည်းက ကသောင်းကနင်းဖြစ်နေတယ်တဲ့။ ကသိန်းကနင်းလို့ ပြန်ရေးလိုက်တယ်။

ဖဆပလ ခေတ် နိုင်ငံရေးဝေါဟာရတခုက ပြဿနာပေါင်း သောင်းခြောက်ထောင်တဲ့။ ခုခေတ်က သိန်းမပါ စကားမဖြစ်တော့။ သန်းမပါတဲ့ခေတ်ရောက်ရင် သိန်းဂဏန်းကို လွမ်းနေကြဦးမယ်။ ကျွန်တော်က မတ်တရာ ကျပ်အစိတ်ခေတ်မှာ သင်္ချာသင်ခဲ့တာ။ အရေအတွက်ပါ စကားပုံလေးတွေရှိတယ်။

ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်
ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်
စာတလုံး ဘုရားတဆူ
ဆင်တကောင်လုံးတွေ့မှတော့ ဆင်ခြေရာရှာမနေနဲ့
ဆန်တပြီ ငွေတမတ်
ဆန်တအိတ်နဲ့ ဆိတ်တကောင်
တခွန်းဆို တခွန်း
တခါလာလည်း မဲပြာပုဆိုး
တခါသေဖူး ပျဉ်ဖိုးနားလည်
တချက်ခုတ် နှစ်ချက်ပြတ်
တတက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်
တပင်လဲမူ တပင်ထူ
တပူပေါ် နှစ်ပူဆင့်
တဗိုလ်ကျ တဗိုလ်တက်
တခြုံကွယ် တမယ်မေ့
တမိုးလုံး ဖျောက်ဆိပ်
တမိုးအောက် တယောက်ထင်
တမိပေါက် တယောက်ထွန်း
တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား
တခြုံကွယ် တမယ်မေ့
တပြား နှစ်ပြားခွါ
တရွာ တကျီဆောက်
တရွာမပြောင်း သူကောင်းမဖြစ်
တလင် တမယားစံနစ်
တလိမ်နှစ်လိမ် ပွေလိမ်ရှုတ်တယ် လူကြာကြီးပေါ့ကွယ်
တလုတ်စားဖူး သူ့ကျေးဇူး
တဦးကောင်း တယောက်ကောင်း
တကျောင်းတကဂါ တရွာတပုဒ်ဆန်း
တနေ့တလံ ပုဂံဘယ်ရွေ့မလဲ
တယောက် တလက် တအား
တယောက် တပေါက်
တယောက်စကား တယောက်နား
တယောက်ဆို တယောက်
တယောက်တမျိုး မရိုးရအောင်
တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရ
တလှေတည်းစီး တခရီးတည်းသွား
တနွယ်ငင် တစင်ပါ
တနှစ်တခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း
ထမင်းအိုးတလုံးကျက်
ပျားရည်တစက်နဲ့ ဝမ်းချ
ဖန်တရာတေနေပြီ
ကြွက်သေတခု အရင်းပြု
ဗိုလ်တထောင် တပ်သားတယောက်
ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
ဘုရားတဆူ ဂူတလုံး
မ တထောင် တကောင်ဖွါး
မင်းနားတထောင် မင်းမြှောင်တသိန်း
မီးစတဖက် ရေမှုတ်တဖက်
ခြူးတပြား မရှိ
ပြည်ပန်းညိုချိုပါလျက် ဆားတပွင့်ကဖျက်
ရုံးတရုံး ဓါးတစင်း
ရည်းစားတထောင် လင်ကောင်တယောက်
လင့်တမျက်နှာ တရွာထင်
လူတခု ပူမှုရယ်တဲ့ဆယ်ကုဋေ
သံသေ တဆွေဝ ပြဒါးသေ တပြည်ဝ
သစ်တပင်ကောင်း ငှက်တသောင်းခို
သမင်ဆယ်လှမ်း ကျားတလှမ်း
သမီးတကောင် နွားတထောင်
သမုဒ္ဒရာ ဝမ်းတထွာ
ဟန်တခါပြင် ရွှေစင်ဆယ်တင်း
အဆီတထပ် အသားတထပ်
အပလီတသိန်း အပလိမ်းအနန္တ
အဝတ်တထည် ကိုယ်တခု
အသွားမတော် တလှမ်း
အသီးတရာ အညှာတခု
အိမ်တဆောင် မီးတပြောင်
အမေတခု သားတခု
အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ
အမေပြောတော့ တလ မယားပြောတော့ တည
ဥသြတခွန်း ယင်တဇွန်း
ခွေးရူးကောင်းစား တမွန်းတည့်
ခွေးတကောင် ကြောင်တမြီး
ခေါင်းတလုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်
တောင်းတလုံးနဲ့ အလုပ်မဖြစ်
ထောင်မြင် ရာစွန့်
ကြွေတလက် ကြက်တခုန်
ကြောင်တသက် ကြက်တမြုံ
မေးတခွန်း ထူးတခွန်း
ယောကျားကောင်း မောင်းမတထောင်
ခြေနှစ်ချောင်း မကယ်ကောင်း
ရေချမ်းတအိုး မိုးချမ်းတပေါက်
ရေစီးတခါ ရေသာတလှည့်
ရှေ့မှာတမျိုး ကွယ်ရာမှာတမျိုး
ရေအသက် တမနက် ထမင်းအသက် ခုနစ်ရက်
လေးသင်္ချေ တကမ္ဘာတသိန်း
သေတနေ့ မွေးတနေ့
သွေးတစက် အသက်တချောင်း
နှစ်ကိုယ့် တစိတ်
နှမ်းတစေ့နဲ့ ဆီမဖြစ်
နှာတဖျား
နှုတ်တရာ စာတလုံး

ခုခေတ်မှာ အမတ်များနဲ့ တမတ်သားသာသိကြတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး