မြန်မာပြည်ဟုခေါ်သည်

မနေ့က ၂ ယောက်။ ကနေ့ ၂ ယောက်ကို ဘလော့ရတယ်။ ဆဲတဲ့သူတွေ၊ မပို့ပါရန်ပြောတာကို ထပ်ပို့သူတွေ၊ နိုင်ငံရေး ဘာသာရေးနဲ့ လူမျိုးစုရေး အစွန်းရောက်သူတွေကို ဘလော့ပါတယ်။

ဘလော့လိုက်သူတယောက်က ရေးတယ်။ ဘလော့ပါတဲ့။ အကောင့်သစ်တွေနဲ့ လာရေးဦးမယ်တဲ့။ သူကတော့ ကျွန်တော့် နိုင်ငံရေးအမြင်တွေကို မကြိုက်သူ။ ဘယ်အုပ်စုထဲကနေ ငွေပေးခိုင်းသလဲ စဉ်းစားလို့ရတယ်။ ဘလော့ရတာ မခက်ပါ။ အဲလိုလူကလည်း ပြောမယ်။ အကောင့်သစ်ဖွင်ရတာ မခက်ပါလို့။

ကိုယ့်နေရာမှာ တံမြက်စည်းလှည်းကြောင်းလည်း ထပ်တင်တယ်။ ကိုယ့်နေရမှာရှင်းနေဟာ ကိုယ့်အတွက်သာဖြစ်တယ်။ ဘလော့လိုက်သူတွေရဲ့ အကျင့်ဆိုးတွေ စရိုက်မကောင်းတာတွေ ပျောက်သွားကြမှာမဟုတ်ပါ။ အမှိုက်တွေက ဖေ့စ်ဘွတ် လမ်းမကြီးပေါ်မှာ မြင်မကောင်းပါ။ လူအုပ်စုတွေထဲမှာလည်း မြင်မကောင်းပါ။

မက်ဆေ့တခု တပြိုင်တည်းရတယ်။ အများအကျိုးပြုသောဆရာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင့် တဲ့။

ကျေးဇူး။ သန့်ရှင်းနေတဲ့နေရာလေးတွေကို မြင်ရရင် စိတ်ချမ်းသာတယ်။

အသန့်တွေနဲ့ အမှိုက်သရိုက်တွေ ရောပြွမ်းနေသောအရပ်ကို မြန်မာပြည်ဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး