သင်္ဘောနဲ့ ငှက်ပျော

အနွေးထည် မရှိကြတဲ့ အပင်လေးတွေ အိမ်ထဲဝင်ကြပြီ
ဘုန်းကြီးကျောင်းက ညောင်ပင်လေးတွေလည်း ကျောင်းထဲဝင် သီတင်းသုံးကြရတော့မည်

ငှက်ပျောကိုတော့ အခုမှသာ စမ်းစိုက်တာ
အသီးစားဖို့လည်း မဟုတ်
အရွက် ချစ်တီးထမင်းအတွက် မဟုတ်
အူတိုင်ကို မုံ့ဟင်းခါးချက်ဘို့လည်း မဟုတ်ပါ
ကျွန်တော်မွေးဇာတိ မင်းရွာနဲ့ ဒေါ်မြမြအေးရွာ ညောင်ကန်မှာ ငှက်ပျော ပေါပါသည်

ဒေါက်တာတင့်ဆွေ
၁၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး