ခိုးနည်းတွေပါပဲ

ပုံနဲ့ ပို့လာတယ်။ မူပိုင်ရှင်၏ ခွင့်ပြုချက် အမိန့်မရရှိဘဲ မည်သူမျှ တဆင့်ကူးယူ ဘာသာပြန်ဆို ရေးသားဖော်ပြခွင့်မပြု တဲ့။

ဟုတ်။ ကျွန်တော်တို့ဆီမှာ စာတွေကို အဲလိုခွင်ပြုချက်လိုကြောင်း ရေးလေ့မရှိ။ ရောင်းကုန်တချို့သာ လုပ်ကြတယ်။ ဥပဒေကလည်း မပြည့်စုံသေးပါ။ အမှုဖြစ်တာတွေတော့ရှိတယ်။ စာခိုးယူလို့ တောင်းပန်တာနဲ့လည်း ပြီးတယ်။ ပုံအတွက် ကျေးဇူး။

ကလောင်အမည်သစ်နဲ့ထုတ်တာက တမျိုး။ ခိုးထုတ်တာက တမျိုး၊ သတ်ပုံပြင်ထုတ်တာက တမျိုး၊ ခိုးနည်းတွေပါပဲ။

သခင်ဘသောင်းရဲ့ တထောင့်တည၊ ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းနှင့် အတွေအခေါ်များ၊ ကြည်အောင်ရဲ့ လမင်းတရာ စတာတွေကို စသတ်ကြတာလည်း ခိုးနည်းတမျိုး။

ပုံမှာ မည်သူမျှ တဆင့်လို့ ရေးတယ်။ ခုခေတ်မှာ (တစ်) ဆင့်တဲ့။ လုနည်းတမျိုး။

ဒေါက်တာတင့်ဆွေ
၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး