တိမ်လွှာမို့မိုလွင်

တိမ်လွှာမို့မို့လွင် လား တိမ်လွှာမို့မိုလွင် လားဆရာ
တိမ်လွှာမို့မို့လွင်၊ တိမ်လွှာမို့မို့လွင် နှစ်မျိုးလုံး ရေးနေကြတယ်။ တိမ်လွှာမို့မိုလွင်က မှန်မလား မသိပါ။

မြို့မငြိမ်းရေးတဲ့သီချင်းဖြစ်ပါတယ်။ ဝင်းဦးက အစဆုံးဆိုတယ်။

ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညို့လွင်
ညှင်းလေပြေ သွေးလို့သာ ဖေးမကူညီချင်
တိမ်လွှာကလေးတွေသွေးကာ တရွေ့ရွေ့ယူငင်
ညှိုးလျော်ကာ ငြိုးဝင့်သတော် မိုးပဇ္ဇုန်ရှင်

သဲသဲမဲမဲ ရွာလိုက်မယ်ဘဲ ဟန်တွေဆင်
အဖော်နဲ့ဝေးတဲ့သူမှာ အတွေးသာပိုချင်

လွမ်းစေကျွမ်းစေအောင်ပင်
သဲကာရွှေမိုး ညှိုးတော့တယ်
တင်စားလို့ရယ် ငြိုငြင် ပြောလိုက်ချင်
ဖြေဆီမရွှင် တကိုယ်ထဲ
အားနဲသည်တွင်
မိုးသက်လေလေး ပွေလေအောင်ဖန်ချင်
တမ်းတယောင် မှန်းဆမြင်
နွမ်းလျအောင် လွမ်းရအင်
မြင်လှဲ့ချစ်သူရယ်ခင်
မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင်။

တေးဂီတမှာ ကျွန်တော့်ထက် သိသူတွေက ပိုပြောနိုင်ပါမယ်။ ဆောရီး။

စာသားမူရင်းပို့ပေးသူ Thuta Lynn ကို ကျေးဇူး။ ခုခေတ်တော့ (တစ်) ကိုယ်တည်း တဲ့။ (တစ်) ရွေ့ရွေ့ တဲ့။ ရွာလိုက်မယ်ပဲ တဲ့။

တိမ်လွှာမို့မိုလွင် https://www.youtube.com/watch?v=HDBGN4DVLTg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး